What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်၏ အထည်အလိပ် ကဏ္ဍတွင် အိန္ဒိယနှင့် ပိုမိုရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည်

ဗီယက်နမ်၏ အထည်အလိပ် ကဏ္ဍတွင် အိန္ဒိယနှင့် ပိုမိုရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည် google

ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်အသင်း ချုပ်(VITAS) ၏ ပြောပြချက်အရ အဝတ်အထည်လုပ်ငန်း


သည် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားနှင့်ဝယ်လိုအား ကွင်း ဆက်ကို ကိုက်ညီစေရန်


အရောင်ဆိုးသည့်အပိုင်းနှင့် ပိတ်စ အပိုင်းများဖြစ်သော မဖွံ့ဖြိုးသေးသည့် အထည်အလိပ် လုပ်ငန်းတွင်


ရင်းနှီးမြှုပ်နှံမှုကို လိုအပ်နေကြောင်း သိရှိရသည်။ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော အိန္ဒိယနှင့် ဗီယက်နမ်


နိုင်ငံတို့၏ အထည် အလိပ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် စီးပွားရေးအပြန် အလှန်


အကျိုးပြုစေသည့် လှုပ်ရှားမှု တွင် ဗီယက်နမ်နိုင်ငံက လက်မှတ်ရေးထိုးထားသော လွတ်လပ်သော


ကုန်သွယ်မှုသဘောတူ စာချုပ်များအရ ဈေး ကွက်ဝင် အခွင့်အလမ်းများရရှိစေရန် ချည်ခင်၊ ရက်ကန်း


ယက်ခြင်း၊ ဆေးဆိုးခြင်း၊ ပန်းရိုက်ခြင်းအပိုင်း များတွင် ရင်းနှီး မြှုပ်နှံရန်အတွက် အိန္ဒိယကုမ္ပဏီများကို


ဖိတ်ခေါ်ခဲ့ကြောင်း နှင့် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှုသည် နှစ်နိုင်ငံစလုံးကို


အကျိုးအမြတ်ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း VITAS ၏ ဥက္ကဋ္ဌက ထုတ်ဖော် ပြော ကြားခဲ့သည်။


အိန္ဒိယနိုင်ငံမှ Consul General က အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့အကြား


အထည်အလိပ်လုပ်ငန်းများတွင် နှစ်နိုင်ငံကုန် သွယ်မှုသည်လွန်ခဲ့သော နှစ်နှစ်တ

ာကာလအတွင်း အထင်ကြီး


လောက်သည့် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ် ကြောင်း၊ လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ၄၈


ရာခိုင်နှုန်း တိုး တက်မှုဖြင့် အိန္ဒိယအထည်အလိပ်နှင့် အဝတ်အထည်များကို ဗီယက်နမ်နိုင်ငံသို့


တင်ပို့ခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ဝါဂွမ်း၊ ချည်နှင့်ပိတ်စကဲ့သို့သေ

ာ အဝတ် 
အထည် လုပ်ငန်းအတွက် ကုန်ကြမ်းများကို အခြား နိုင်ငံများအပေါ်တွင် မှီခိုနေရသည်။ အိန္ဒိယနိုင်ငံ၏


တင်သွင်းမှုများသည် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃၁ ဘီလီယံ ရှိခဲ့ပြီး ၎င်းတို့အနက် ဗီယက်နမ် နိုင်ငံ မှ


တင်သွင်းမှုမှာအမေရိကန်ဒေါ်လာ ၃၀ဝ သန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယ-အာဆီယံ

လွတ်လပ်သောကုန်သွယ်မှု သဘော တူစာချုပ်အရ ချည်မျိုးစုံ၊ ရက်လုပ်ထားသောပိတ်စနှင့် ဇာထိုး


ထားသောအစများကို အိန္ဒိယနိုင်ငံမှ အကောက်ခွန်နှုန်း သုည ဖြင့် တင်သွင်းနိုင်ကြောင်း၊ ယှဉ်ပြိုင်နိုင်သော


ဈေးနှုန်းများ ဖြင့် ချည်၊ ပိတ်စနှင့် စက်ယန္တရားများတင်သွင်းရာတွင် အိန္ဒိယ နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏


ယုံကြည်အားထားရသော ကုန်သွယ်ဖက် နိုင်ငံဖြစ်လာနိုင်ကြောင်း Consul General က ပြောကြားခဲ့ပါသည်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

ဗီယက္နမ္အထည္အလိပ္ႏွင့္ အဝတ္အထည္အသင္း ခ်ဳပ္(VITAS) ၏ ေျပာျပခ်က္အရ အဝတ္အထည္လုပ္ငန္း သည္ ကမာၻလုံးဆိုင္ရာ ေရာင္းလိုအားႏွင့္ဝယ္လိုအား ကြင္း ဆက္ကို ကိုက္ညီေစရန္

 

အေရာင္ဆိုးသည့္အပိုင္းႏွင့္ ပိတ္စ အပိုင္းမ်ားျဖစ္ေသာ မဖြံ႕ၿဖိဳးေသးသည့္ အထည္အလိပ္ လုပ္ငန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈကို လိုအပ္ေနေၾကာင္း သိရွိရသည္။

 

ဟိုခ်ီမင္းၿမိဳ႕တြင္ က်င္းပခဲ့ေသာ အိႏၵိယႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔၏ အထည္ အလိပ္လုပ္ငန္း ပူးေပါင္းေဆာင္႐ြက္မႈ ေခါင္းစဥ္ျဖင့္ စီးပြားေရးအျပန္ အလွန္ အက်ိဳးျပဳေစသည့္ လႈပ္ရွားမႈ တြင္ ဗီယက္နမ္ႏိုင္ငံက လက္မွတ္ေရးထိုးထားေသာ လြတ္လပ္ေသာ ကုန္သြယ္မႈသေဘာတူ စာခ်ဳပ္မ်ားအရ

 

ေဈး ကြက္ဝင္ အခြင့္အလမ္းမ်ားရရွိေစရန္ ခ်ည္ခင္၊ ရက္ကန္းယက္ျခင္း၊ ေဆးဆိုးျခင္း၊ ပန္း႐ိုက္ျခင္းအပိုင္း မ်ားတြင္ ရင္းႏွီး ျမႇဳပ္ႏွံရန္အတြက္ အိႏၵိယကုမၸဏီမ်ားကို ဖိတ္ေခၚခဲ့ေၾကာင္း ႏွင့္ အိႏၵိယႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔အၾကား ပူးေပါင္းေဆာင္ ႐ြက္မႈသည္ ႏွစ္ႏိုင္ငံစလုံးကို

 

အက်ိဳးအျမတ္ရရွိလိမ့္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း VITAS ၏ ဥကၠ႒က ထုတ္ေဖာ္ ေျပာ ၾကားခဲ့သည္။ အိႏၵိယႏိုင္ငံမွ Consul General က အိႏၵိယႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔အၾကား အထည္အလိပ္လုပ္ငန္းမ်ားတြင္ ႏွစ္ႏိုင္ငံကုန္ သြယ္မႈသည္လြန္ခဲ့ေသာ ႏွစ္ႏွစ္တာကာလအတြင္း အထင္ႀကီး

 

 

ေလာက္သည့္ တိုးတက္မႈကို မွတ္တမ္းတင္ခဲ့ၿပီး ျဖစ္ ေၾကာင္း၊ လြန္ခဲ့ေသာ ႏွစ္ႏွစ္တာကာလအတြင္း ၄၈ ရာခိုင္ႏႈန္း တိုး တက္မႈျဖင့္ အိႏၵိယအထည္အလိပ္ႏွင့္ အဝတ္အထည္မ်ားကို ဗီယက္နမ္ႏိုင္ငံသို႔တင္ပို႔ခဲ့ပါေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။ 

 

ဗီယက္နမ္ႏိုင္ငံသည္ ဝါဂြမ္း၊ ခ်ည္ႏွင့္ပိတ္စကဲ့သို႔ေသာ အဝတ္ အထည္ လုပ္ငန္းအတြက္ ကုန္ၾကမ္းမ်ားကို အျခား ႏိုင္ငံမ်ားအေပၚတြင္ မွီခိုေနရသည္။

 

အိႏၵိယႏိုင္ငံ၏ တင္သြင္းမႈမ်ားသည္ အေမရိကန္ေဒၚလာ ၇ ဒႆမ ၃၁ ဘီလီယံ ရွိခဲ့ၿပီး ၎တို႔အနက္ ဗီယက္နမ္ ႏိုင္ငံ မွ တင္သြင္းမႈမွာအေမရိကန္ေဒၚလာ ၃၀ဝ သန္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

 

အိႏၵိယ-အာဆီယံ  လြတ္လပ္ေသာကုန္သြယ္မႈ သေဘာ တူစာခ်ဳပ္အရ ခ်ည္မ်ိဳးစုံ၊ ရက္လုပ္ထားေသာပိတ္စႏွင့္ ဇာထိုး ထားေသာအစမ်ားကို အိႏၵိယႏိုင္ငံမွ အေကာက္ခြန္ႏႈန္း သုည ျဖင့္ တင္သြင္းႏိုင္ေၾကာင္း၊ ယွဥ္ၿပိဳင္ႏိုင္ေသာ ေဈးႏႈန္းမ်ား ျဖင့္ ခ်ည္၊ ပိတ္စႏွင့္ စက္ယႏၲရားမ်ားတင္သြင္းရာတြင္ အိႏၵိ

 

ယ ႏိုင္ငံသည္ ဗီယက္နမ္ႏိုင္ငံ၏ ယုံၾကည္အားထားရေသာ ကုန္သြယ္ဖက္ ႏိုင္ငံျဖစ္လာႏိုင္ေၾကာင္း Consul General က ေျပာၾကားခဲ့ပါသည္။

 

Source; MINISTRY OF COMMERCE

 

Myanmar Textile and Garment Directory

Read 888 times
Rate this item
(0 votes)
Tagged under