What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MGMA Online Import Licence သိကောင်းစရာများ

●IMPORT LICENCE လျှောက်ထားရမည့် Web Portal
http://mgmaonlineportal.com/factory/login

webportal


●၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စမ်းသပ်သုံးစွဲစေခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုတော့မည် ဖြစ်သည်။
●နှစ်စဉ်ကြေး မပျက်မကွက် ပေးသွင်းထားသော အသင်းဝင်များ Active Member များသာ သုံးခွင့် ရှိသည်။
●Microsoft Office သုံးတတ်သော ကွန်ပျူတာ အခြေခံ ရှိရုံဖြင့် သုံးနိုင်အောင် လွယ်ကူရှင်းလင်းသည်။
●လိုအပ်ချက်များမှာ –
●●အင်တာနက် ဆက်သွယ်ရေး ရှိရမည်။ (အွန်လိုင်း ကွန်နက်ရှင် ကောင်းနေချိန်တွင် သုံးစွဲရန် အကြံပြုပါသည်။ ဒေါင်းလုဒ် ယူပြီးပါက 0ff line ဖြင့် ဒေတာဖြည့်သွင်း၍ ရသည်။ ပြီးမှ အွန်လိုင်းပြန်ချိတ်ပြီး ဆက်လက်လုပ်ကိုင်နိုင်သည်။

●●MoC (Ministry of commerce) မှ Trade Token (OTP) (e-Tokenဟု ခေါ်ဝေါ်ကြသည်။ ၎င်းဖြင့် password ကို ရယူပြီး အွန်လိုင်းကို လော့အင် ၀င်နိုင်မည်ဖြစ်သည်။ ထုတ်ကုန်သွင်းကုန် လိုင်စင်ရှိလျှင် MoC မှ အီးတိုကင်ကို ထုတ်ပေးသဖြင့် MoC တွင် လျှောက်ထားရယူနိုင်ပါသည်)
e-token သုံးစွဲသည့်အခါ ပေါ်လာသည့် နံပါတ်ကို ရိုက်ထည့်ရာ၌ တစ်ခါတလေ error တက်တတ်သည်။ invalid ဖြစ်နေမည်။ စိတ်ပူရန်မလိုပါ။ မိမိ၏ e-token သက်တမ်း ရှိနေဆဲ ဟုတ်မဟုတ် စစ်ကြည့်ရမည်။ MoC ကို ဖုန်းဆက်ပြီး အကူအညီတောင်းခံနိုင်သည်။ ကူညီဖြေရှင်းပေးလိမ့်မည်။

●●ငွေပေးသွင်းရန် MPU Account (MOB, UAB, CB အစရှိသည့် အဆင်ပြေရာ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်ပြီး ထားရှိနိုင်ပါသည်) (Payment ကို MPU ဖြင့် လုပ်ကိုင်ရမည်ဖြစ်သည်။ MPU Account ဖြင့် MGMA နှင့် MoC နှစ်ခုစလုံးကို သုံးစွဲ၍ ရသည်)


●လုပ်ငန်းစဉ် အဆင့်ဆင့်မှာ အွန်လိုင်းတွင် စက်ရုံမှ MGMA သို့ လျှောက်ထားသောအခါ MGMA မှ စိစစ်ပေးပြီး MOC သို့ ထောက်ခံချက်နှင့်တကွ ပေးပို့မည်။ MOC မှ သွင်းကုန်လိုင်စင်ကို အတည်ပြုပေးသည်ကို စက်ရုံမှ အွန်လိုင်းတွင် လက်ခံရရှိမည်။
●MGMA မှ စိစစ်ထောက်ခံပေးခြင်းကို အလုပ်ဖွင့်ရက်တွင် ၄၈ နာရီအတွင်း အပြီးအစီး ဆောင်ရွက်ပေးမည်။ ထိုသို့ဆောင်ရွက်ပေးနိုင်ရန် အွန်လိုင်းတွင် အချက်အလက်များ စာရိုက်သွင်းသည့်အခါ တိကျမှန်ကန်အောင် စက်ရုံမှ အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်သည်။ အမှားအယွင်း ပါဝင်နေပါက reject ထိမည် ဖြစ်သဖြင့် ကြန့်ကြာမှု ရှိသွားမည် ဖြစ်သည်။
ထို့အတွက် တစ်ရက်သင်တန်းကို အသင်းဝင်များအား အလှည့်ကျ သင်ပြပေးမည်ဖြစ်ပြီး စုစုပေါင်း Batches ၆ ခု ခွဲခြားသတ်မှတ်ပေးထားပါသည်။ စက်ရုံ ၅၀ ခု ၀န်းကျင်ကို တစ်စုစီဖြင့် Batch ခွဲပေးထားသည်။
မိမိစက်ရုံ မည်သည့် batch တွင် ပါဝင်သည်ကို ကြည့်ရှုနိုင်ရန်အတွက်Batches ၆ ခုမှ ကုမ္ပဏီစာရင်း၊ သင်တန်းပေးမည့်ရက်စွဲနှင့် စတင်အသုံးပြုရက်စွဲစာရင်းကို အောက်ပါလင့်ခ်တွင် ဖော်ပြပေးထားပါသည်။

MGMA Online Import Licence Batches

http://www.textiledirectory.com.mm/articles/item/763-mgma-online-import-licence-btaches.html

 

အကျိုးကျေးဇူးမှာ အချိန်ကုန်သက်သာသည်။ လူသက်သာသည်။ အင်တာနက် ချိတ်ဆက်၍ ရပြီး လိုင်းကောင်းသည့် နေရာတိုင်းမှ မိမိအဆင်ပြေသည့် အချိန်တွင် အွန်လိုင်းလျှောက်ထားနိုင်သည်။ ရုံးဖွင့်ချိန်အတွင်းသာ လုပ်ကိုင်နိုင်ခြင်း မဟုတ်သည့်အပြင် အလုပ်ပိတ်ရက်များတွင်လည်း လျွှောက်ထားနိုင်သည်။
သွားရလာရသည့်အတွက် အချိန်ကုန် ငွေကုန် လူပန်း ရခြင်းမှ သက်သာသည်။
အထည်ချုပ်စက်ရုံတစ်ခုသည် သွင်းကုန်လိုင်စင်ကိစ္စရပ်အတွက် စက်ရုံတည်ရှိရာ စက်မှုဇုန်(အများစုမှာ လှိုင်သာယာစက်မှုဇုန်)မှ MGMA ရုံးဌာန ရှိရာ လသာမြို့နယ် မင်းရဲကျော်စွာလမ်းသို့ လာရောက်ပြီး စာရွက်စာတမ်းများဖြင့် ဆောင်ရွက်ရခြင်းနှင့် MoC တွင် လိုအပ်သည်များကို ဆောင်ရွက်ရခြင်းတို့အတွက် အသွားအပြန် ခရီးခေါက်ရေသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ကြိမ်ရေ တစ်ထောင် ၀န်းကျင်ရှိသည်MGMA Online Import Licence အကြောင်း ရှင်းလင်းတင်ပြသူ အသင်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဦးစိုင်းမောင်က ပြောပြပါသည်။
တစ်ခေါက်ကို ခရီးစရိတ်နှင့် လူအား စိုက်ထုတ်ရခြင်းတို့အတွက် ကျပ် ၅၀၀၀ ဖြင့် လျော့လျော့ပေါ့ပေါ့ တွက်လျှင် တစ်နှစ်စာ အသွားအပြန် ခရီး ခေါက်ရေ တစ်သောင်းအတွက် ကျပ် သိန်း ၅၀ ကုန်ကျလျက် ရှိသည်။ ယခု အွန်လိုင်းဖြင့် လုပ်ကိုင်ရသည့်အတွက် ထိုစရိတ်စကများ လုံးဝသက်သာသွားသည်။
ကျွဲကူးရေပါ ဘေးထွက်ကောင်းကျိုးမှာ စက်ရုံ ၄၀၀ ကျော်တို့မှ တစ်ရုံလျှင် တစ်နှစ် ခေါက်ရေ တစ်ထောင် သွားလာနေခြင်းအတွက် ယာဉ်သွားလာမှုများ လျော့နည်းသွားမည်ဖြစ်ပေရာ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်ရပ်နားရန်နေရာ မလောက်ငခြင်းများ အနည်းနှင့်အများ သက်သာသွားမည်ဖြစ်ပေရာ မြို့နေလူထုအတွက်လည်း အကျိုးထူးပေသည်။
အခကြေးငွေမှာ လိုင်စင်တစ်ခုလျှင် ကျပ်တစ်သောင်းတိတိ ဖြစ်သည်။ ယခင်က လူကိုယ်တိုင် စာရွက်စာတမ်းများဖြင့် အသင်းရုံးသို့ လာရောက်ပြီး အတည်ပြုထောက်ခံချက် ရယူလျှင် ၀န်ဆောင်ခ ကျပ် ၅,၀၀၀ ပေးရပြီး ယခုအွန်လိုင်းတွင် ကျပ်တစ်သောင်း ပေးရမည်ဖြစ်ပေရာ ၂ ဆ တိုးပြီး ပေးရခြင်းဖြစ်သော်လည်း ပေးပျော်နေပေသည်။

အသင်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဦးစိုင်းမောင်က fully online import licence system အတွက် digital platform ဖြစ်ပေါ်လာပုံကို အကျဉ်းရုံး၍ ပြောပြသည်။ သွင်းကုန်လိုင်စင်အတွက် လူကိုယ်တိုင် လာရောက်လုပ်ကိုင်ရသည့်အခါ ကြုံတွေ့ရသည့် အခက်အခဲများကို MGMA သည်မှ သိရှိနေသည်။ ‘‘ဘယ်လိုလုပ်လို့ ရမလဲဆိုပြီး အကောင်အထည်ဖော်ချင်တဲ့ dream လေး ဖြစ်လာခဲ့ပါတယ်။ ဒီအခက်အခဲတွေကို မြန်ဆန်အောင် ဘယ်လိုလုပ်လို့ရမလဲ။ ဘယ်လို ကျော်လွှားလို့ရမလဲဆိုတဲ့ စိတ်ကူးလေးနဲ့ ဒီဟာကို စပြီးတော့ အကောင်အထည် ဖော်ခဲ့ပါတယ်’’
ကံကောင်းထောက်မစွာဖြင့် finicial support လုပ်ပေးမည့် IGC (International Growth Center) ရှိလာခဲ့သည်။ online system ဖြစ်လာစေရန် စီးပွားကူးသန်းကို ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ၌လည်း အဆင်ပြေပြေ ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ၃ နှစ်ကျော် ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် testing အဆင့် စတင်နိုင်ခဲ့သည်။ စစချင်းမှာ စက်ရုံ ၁၀ ရုံဖြင့် စတင်ခဲ့သည်။ တဖြည်းဖြည်း တိုးလာခဲ့ရာ ယခု ၄၆ ရုံ ရှိလာခဲ့သည်။ ထို ၄၆ ရုံတွင် တစ်ရုံက ယခုကိစ္စ အဆင်မပြေ၍ မဟုတ်ဘဲ အခြားအကြောင်းကြောင့် နုတ်ထွက်ခဲ့သည်။ သို့ဖြစ်ရာ ၄၅ ရုံဖြင့် ဆက်လက် စမ်းသပ်ခဲ့ကြသည်။ ထိုစက်ရုံများကို MGMA မှ ကျေးဇူးတင်ဂုဏ်ပြုလွှာ အသီးသီးပေးအပ်ခဲ့ပါသည်။

 

05 gone pyu

 

စက်ရုံ ၄၅ ရုံသည် ယခုအထိ အဆင်ပြေပြေဖြင့် သုံးစွဲ၍ ရနေသဖြင့် အောင်မြင်သည့်ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ ယခု စတင်သုံးစွဲစေတော့မည် ဖြစ်သည်။
လာမည့်အနာဂတ်တွင် အကောက်ခွန်ဌာနအထိ လုပ်ကိုင်နိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။

Read 3151 times
Rate this item
(0 votes)