What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘင်္ဂလားဒေ့ရှ်ရှိ Maksons Group မှ အထည်အလိပ်စက်မှုဇုန်များအတွက် ဒေါ်လာ ၁၁၁ သန်း ရင်းနှီးမြှုပ်နှံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်အလိပ်စက်ရုံကုမ္ပဏီ Maksons Group မှ Mirsarai ရှိ Bangabandhu Sheikh Mujib Shilpa Nagar (BSMSN) တွင် စက်မှုဇုန်သုံးခုကို ဒေါ်လာ ၁၁၁ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

၎င်း၏မန်နေးဂျင်းဒါရိုက်တာ Mohammad Ali Khokon သည် ၂၀၂၂ ခုနှစ်တွင် ယူနစ်တည်ထောင်ရန် ဘင်္ဂလားဒေ့ရ်ှစီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (BEZA) နှင့်မြေငှားစာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဆိုတယ်။

 

Metro Spinning Ltd သည် ဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး လူပေါင်း ၁,၂၀၀ အတွက် အလုပ်အကိုင်များဖန်တီးပေးမှာ ဖြစ်ပါတယ်။ Maksons Spinning Mills Ltd. သည် အလုပ်ပေါင်း ၈၀၀ ကို ဖန်တီးရန်အတွက် ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး စက်ရုံ၏ဒုတိယယူနစ်သည် ဒေါ်လာ ၄၁ သန်း ရင်းနှီးမြှုပ်နှံမည်ဟု Khokon က လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရ်ှမီဒီယာများအဆိုအရ အဆိုပါ စက်မှုဇုန်များသည် အဆိုပြုထားသည့်စက်မှုလုပ်ငန်းများ၌ အထည်အလိပ်နှင့်ပြည်ပသို့ တင်ပို့သည့်အဝတ်အထည်များ ထုတ်လုပ်မှာ ဖြစ်တယ်။ ၎င်းတို့သည် ၂၀၂၂ ခုနှစ်တွင် ယူနစ်များ စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး အပြည်ပြည်ဆိုင်ရာလက်လီရောင်းချသူများနှင့် ကုန်အမှတ်တံဆိပ်များမှပို့ကုန်အမှာစာများစွာ ရရှိတယ်လို့ ဆိုတယ်။

 

လာမည့်နှစ်တွင် ထိုစက်မှုဇုန်များမှာ ကူးစက်ရောဂါ၏သက်ရောက်မှုရှိသော်ငြားလည်း ဒေါ်လာသန်း ၁၀၀ တန်သော ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်လိမ့်မည်ဖြစ်ပြီး အထူးသဖြင့် အထည်ချုပ်ပစ္စည်းများအတွက် ၎င်း၏စက်ရုံများတွင် ပို့ကုန်အမှာစာများ၏ပမာဏလည်း တိုးပွားလာမှာပါ။

 

ပထမအဆင့်တွင် အဆိုပြုထားသောယူနစ်များမှ တင်ပို့မှုအတွက် ဒေါ်လာသန်း ၂၀၀ ရရှိရန် စီစဉ်ထားပြီး ဒုတိယအဆင့်တွင် နောက်ထပ် ဒေါ်လာသန်း ၃၀၀ ထပ်မံထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

 

By Myanmar Textile & Garment Guide

Ref: fibre2fashion.com

Read 838 times
Rate this item
(0 votes)