What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လမ်းဘေးဈေးဆိုင်များသို့ ခြေဦးလှည့်သည် တရုတ် အထည်ချုပ်လုပ်ငန်းရှင်

 

ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းအမှာစာမျာ းခန်းခြောက်သွားပြီး အထည်ချုပ် လုပ်ငန်းရှင်များအနေဖြင့်

ချုပ်ပြီးသား ချုပ်ထည်များကို လမ်းဘေးအဝတ်အထည်များ ဈေးကွက်ထဲသို့ဝင်ရောက်ကြသည်။

 

သူ့စက်ရုံ ကုန်ချောလက်ကျန်စာရင်းတွင် သောင်းနှင့်ချီသော မရောင်းရသေးသည့် အဝတ်အစားများနှင့်အတူ Huang Weijie သည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုအား ရင်ဆိုင်နေရပြီး အဖြစ်ဆိုးမှ လွတ်မြောက်ရန် နည်းလမ်းသစ် ရှာဖွေသုံးစွဲဖို့ လိုအပ်ကြောင်း အသိတရား ရရှိသည်။

သူက ကားတစ်စီးပေါ်မှာ ချုပ်ထည်များ တင်က တစ်လမ်းဝင် တစ်လမ်းထွက် ဈေးလှည့်ရောင်းချသည်။

တရုတ်နိုင်ငံရှိ အခြားအသေးစား အထည်ချုပ်လုပ်ငန်းရှင်များသည်လည်း အလားတူ စိတ်ကူးမျိုးရှိကြသည်။

တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် လမ်းဘေးဈေးသည်များကို စည်းမဲ့ကမ်းမဲ့ဈေးရောင်းခြင်းဟု ရှုမြင်ကြသည်။ ခေတ်နှင့် မဆီလျော်တော့ဟု ယူဆခဲ့ကြသည်။ အာဏာပိုင်တို့က လမ်းဘေးဈေးသည်များကို ရှင်းလင်းကြသည်။ ခပ်ကြမ်းကြမ်း ကိုင်တွယ်ကြရာ ခိုက်ရန်ဖြစ်ပွားခြင်းများ ရှိသလို ရောင်းချသည့် ပစ္စည်းများ ဖျက်ဆီးပစ်သည်အထိ အရေးယူဆောင်ရွက်ခြင်းများလည်း ရှိခဲ့သည်။ 

ပြီးခဲ့သည့်လ တွင် အစိုးရ သဘောထား ပြောင်းလဲသွားပုံ ရသည်။ ကိုဗစ်ကပ်ရောဂါကာလတွင် တရုတ်အစိုးရ၌ ဒုတိယနေရာတွင် ရှိသော ဝန်ကြီးချုပ် လီကင်ကျောင်က စူချန်ပြည်နယ်မှ ချန်ဒူမြို့တွင် လမ်းဘေးဆိုင် ၃၆ ၀၀၀ ကို ခွင့်ပြုပေးထားသည့်အတွက် အလုပ်အကိုင် တစ်သိန်း ဖန်တီးပေးထားနိုင်ခြင်းအပေါ် ချီးကျူးစကား မြွက်ဆိုခဲ့သည်။

 

လမ်းဘေးရောင်းဝယ်ဖောက်ကားခြင်းဖြင့် ဝင်ငွေရှာဖွေရန်မှာ အဓိကအားဖြင့် ဝင်ငွေနည်းသောသူများနှင့် အလုပ်လက်မဲ့များအတွက် ဖြစ်ခဲ့သည်။ သို့သော် ကူးစက်ရောဂါသည် ပြည်ပပို့ကုန်အမှာစာနှင့် ပြည်တွင်းရောင်းအားများကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး သန်းနှင့်ချီသောအလုပ်အကိုင်များကို ဆုံးရှုံးစေခဲ့ပြီးသည့်နောက်တွင် Huang ကဲ့သို့သော အသေးစားလုပ်ငန်းရှင်များ ဆက်လက်ရှင်သန်နိုင်ရန် လမ်ဘေးဈေးဆိုင်ကို အားပြုလာကြရသည်။

“ စက်ရုံကို ပိတ်ပစ်ဖို့ ကျွန်တော်စဉ်းစားနေခဲ့ပေမဲ့  လီကင်ကျောင်က လမ်းဘေးရောင်းချသူစီးပွားရေးကို အထောက်အပံ့ပေးခဲ့တာက ကျွန်တော့်ကို ဒီနည်းလမ်းသစ်ကို ကြိုးစားဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်” ဟု Huang ကပြောကြားသည်။

ထို့ကြောင့် Huang သည် ပုလဲမြစ်ဝှမ်းရှိ လမ်းများတွင် လှည့်လည်ပြီး ရောင်စုံ အဝတ်အစားများ အပြည့်ဖြည့်ထားသော ယိုတာအဖြူရောင်ကို ကိုယ်တိုင် မောင်းနှင်ပြီး ကိုယ်တိုင်ဈေးရောင်းသည်။

 

နေက်တစ်ဆင့်တွင် သူက နယ်လှည့် ဈေးရောင်းသည်။ ဂွမ်ဒေါင်း၏ မြို့တော်ကွမ်ကျိုး၏ရပ်ကွက်အသီးသီးတွင် ဆိုင်ခန်းငှားရမ်းပြီး ဆိုင်ဖွင့်၍ အဝ်အထည်များကို ရောင်းချသည်။နောက်တစ်ပတ်အကြာတွင်အနီးရှိဖိုရှန်သို့ ပြောင်းရွှေ့ခဲ့သည်။  Dongguan နှင့် Zhongshan ကဲ့သို့သောအခြားမြို့ကြီးများသို့ပြောင်းရွှေ့ခဲ့သည်။

သို့သော် ဂွမ်ဒေါင်း၏မြို့ကြီးများဖြစ်သောကွမ်ကျိုး၊ Dongguan နှင့်ရှန်ကျန်းမြို့များတွင် အချက်အချာကျသော နေရာ၌ လမ်းပေါ်ဆိုင်များ ထူထောင်ရန် ခက်ခဲကြောင်း သူသိရသည်။ လမ်းဘေးဆိုင်များကို စက်မှုဇုန်များနှင့် စက်ရုံများအနီးအနားတစ်ဝိုက်တွင် တွေ့ရသည်။ ထို့်ပြင် 

မြို့နယ်များတွင် တွေ့ရသည်။

Huang သည် သူ၏စက်ရုံကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လည်ပတ်နေခဲ့ပြီး စီးပွားတက်ခဲ့ပြီးနောက် လက်ရှိစီးပွားရေးအခြေအနေများအရ မရောင်းရသည့် အဝတ်အထည်များ တစ်ပုံတစ်ပင် လက်ထဲကျန်နေသည်။

"သိုလှောင်ရုံထဲမှာ အဝတ်အစားတွေ ထောင်ချီပြီး ကျန်ရှိနေတယ်" ဟု သူက ပြောသည်။

 

ဟွမ်သည် ကွမ်ကျိုးရှိ လက်ကားရောင်းဝယ်ရေးများနှင့် လက်လီအရောင်းဆိုင်များတွင် ရောင်းချရန် ဦးဆုံးကြိုးစားခဲ့သော်လည်း အကြောင်းမထူးခဲ့ချေ။ 

 လီကင်ကျောင်က လမ်းဘေးဈေးဆိုင်များကို ထောက်ခံပြောဆိုပြီးချိန်တွင် သူ စိတ်ကူးရသည်။ 

Huang သည် လမ်းပေါ်ရှိစျေးဆိုင်များက သူ၏ ကုန်ပစ္စည်းသိုလှောင်ရုံမှ အဝ်အထည်များကို ရောင်းချရန် ကူညီနိုင်လမ့်မည်။  တည်ငြိမ်သော ငွေသားစီးဆင်းမှုအတွက် လမ်းကြောင်းဖြစ်လာနိုင်သည်။ သူ၏ စက်ရုံသည် အပြီးအပိုင် ပိတ်သိမ်းခြင်းထက် အနည်းငယ်မျှဖြင့် လည်ပတ်နိုင်မည်လားဆိုသည်ကို စတင်စမ်းသပ်ခဲ့သည်။

မေလတွင် Huang သည် သူ၏ကုန်စည်များကို ကွမ်ကျိုး၏ လူအသွားအလာ အများဆုံးလူကူးလမ်းရှိ Shangxiajiu တွင် ရောင်းချသည်။ မအောင်မြင်ခဲ့ပါ။

“ မေလ ၂ ရက်ကစပြီး ဈေးဆိုင်သေးသေးလေးတစ်ခုကို တစ်လ ယွမ် ၃၅၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) နဲ့ ငှားရမ်းပြီး ဆိုင်ဖွင့် ရောင်းချခဲ့တယ်။ အခုဆိုရင် အဲလိုဆိုင်မျိုးဆိုရင်  တစ်လကို ယွမ် ၆၀၀၀ လောက် ပေးပြီးငှားမှ ရနိုင်လိမ့်မယ်"

Shangxiajiu သည် ဥရောပနှင့် တရုတ် ရှေးခေတ်ဗိသုကာလက်ရာများကြောင့် ထင်ရှားသည်။ကုန်တိုက်ကြီးများအပါအ၀င် ဆိုင်ရာပေါင်းများစွာ ရှိနေသောနေရာဖြစ်သည်။ ဂွမ်ဒေါင်းရှိ စားသုံးသူများ၏ အသုံးစရိတ်ကို လေ့လာရန် အကောင်းဆုံးနေရာဖြစ်သည်။

ကူးစက်ရောဂါမဖြစ်ပွားမီက ဂွမ်ဒေါင်းသည် နိုင်ငံတစ်ဝှမ်းမှ လူဦးရေသန်းပေါင်း ၄၀ ကျော်ရွှေ့ပြောင်းနေထိုင်ခဲ့ရာ Huang က Shangxiajiu ရေခံမြေခံကောင်းသောရောင်းဝယ်မှုနယ်မြေဖြစ်မည်ဟုမျှော်လင့်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်ပါ။

 

"တစ်လလုံးလုံး Shangxiajiu ဆိုင်မှာ ရတာ ယွမ် ၄၀၀၀ တောင်မပြည့်ဘူး" ဟု Huang ကပြောသည်။ “ ဂွမ်ဒေါင်းမှာနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့အသုံးစရိတ်ဟာ အရင်ကထက်အများကြီး ပိုဆိုးသွားပြီ၊ စက်ရုံတွေ ပိတ်ကုန်တာကြောင့် ရွှေ့ပြောင်းလုပ်သား တော်တော်များများက ထွက်ခွာသွားပြီ” ဟု သူက ထင်မြင်ယူဆချက်ကို ပြောပြသည်။

 

Huang ကပြောကြားရာတွင် ထိုဒေသရှိဈေးဆိုင်များသည် သူတို့၏ လက်ကျန်အဝတ်အထည်များကို ရောင်းရန် အလွန်တရာကြိုးပမ်းမှုကြောင့် ဈေးနှုန်းချိုသာစွာဖြင့် စစ်ပွဲများဆင်နွှဲနေကြသည်။ “ လူတိုင်းက ဈေးနှုန်းကို လျှော့ချပြီး ဈေးနှုန်းကိုလျှော့ချဖို့ ပြိုင်နေကြတယ်။ နွေရာသီ အဝတ်အစားအတွက် ကုမ္ပဏီတခုက ၄၀ ယွမ် (အမေရိကန်ဒေါ်လာ ၅.၇၂) ကို စတင်လျှော့ချလိုက်တဲ့အခါ နောက်တစ်ဆိုင်က ၃၅ ယွမ်ကို လျှော့ချလိုက်တယ်၊ ပြီးတော့ တခြားသူတွေက ယွမ် ၃၀ နဲ့ ၂၀ အထိတောင် ရောင်းချင်နေကြပြီ။ ဒါပေမဲ့ ပြင်းထန်တဲ့စျေးနှုန်းစစ်ပွဲတွေ ရှိနေတာမှာတောင် လူတိုင်းရဲ့ရောင်းအားက နည်းနေသေးတယ်"

 

ဟွမ်သည် Zhongshan မြို့ရှိ Xiaolan ရပ်ကွက်အတွင်းတွင် ပရိဘောဂဟူ၍ သံကုတင်တစ်လုံးသာ ပါသည့် စတူဒီယိုခန်းမတစ်ခုကို ယွမ် ၃၅၀ သုံးစွဲပြီး ငှားရန်းခဲ့သည်။ ထို့နောက် အနီးတစ်ဝိုက်ရှိ လမ်းဘေးဈေးဆိုင်များတွင် သူ၏ အဝတ်အထည် လက်ကျန်များကို ရောင််းချဖို့ ကြိုးပမ်းသည်။

 

“ လမ်းဘေးဆိုင် အများစုဟာ အများအားဖြင့် ၃ မီတာ (၁၀ ပေ) ၂ မီတာ (၆.၅ ပေ) ရှိပြီး ငှားရမ်းခမှာ တစ်လယွမ် ၄၀၀ မှ ၆၀၀ အကြား ရှိတယ်။ တချို့နေရာတွေမှာ တစ်ညကို ယွမ် ၅၀၀ လောက် ကျွန်တော်ရတယ်၊ တချို့က ယွမ် ၂၀၀ ပဲရတယ်။ အနီးအနားမှာ စက်ရုံ ဘယ်နှရုံ လုပ်ကိုင်လည်ပတ်နေသေးလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်နယ်တကျေးမှ လာရောက်လုပ်ကိုင်သူတွေ များရင် အလုပ်ဖြစ်တယ်"

 

"စျေးဆိုင်ခန်း ၂၀ ဒါမှမဟုတ် ဒီထက်ပိုပြီး ဖွင့်မယ်။ လူအငှားထားပြီး ရောင်းမယ်။ ရောင်းအား ပိုကောင်းသွားမယ်"

 

သိုံသော် သူထင်သလို အပိုင်တွက်၍ မရ။ "ပြီးခဲ့တဲ့ နှစ်လမှာ ကျွန်တော် လမ်းဘေးဆိုင်တွေ ဖွင့်တယ်။ စက်မှုဇုန် အများအပြားကို ကျွန်တော် သွားတယ်။ ညဘက် ဆို လူခြေတိတ်ဆိတ်နေတယ်။ အရင်လို ညဆိုင်းဆင်းတာ၊ အချိန်ပို ဆင်းကြတာတွေ မရှိတော့ဘူး"

 

အခြေအနေက ထုတ်လုပ်သူ အသေးစားများအတွက် အကောင်းဘက်သို့ ရောက်မလာခင် ပိုဆိုးဝါးသည်ကို ကြုံရဖွယ်ရှိသည်ဟု သူက မှတ်ချက်ပြုသည်။

 

SCMP

 

Read 1447 times
Rate this item
(0 votes)