What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စီးပွားရေးကျဆင်းနေသည့် သြစတြေးလျအခြေစိုက် Mosaic Brands

စီးပွားရေးကျဆင်းနေသည့် သြစတြေးလျအခြေစိုက် Mosaic Brands Fibre2Fashion

အဝတ်အထည် အမှတ်တံဆိပ် Rivers၊ Millers၊ Katies နှင့် Noni Bတို့၏ နောက်ကွယ်ရှိ သြစတြေးလျအခြေစိုက် Mosaic Brandsဟာ တောမီးလောင်ကျွမ်းရာမှ သက်ရောက်မှုများနှင့် COVID-19ကာလအတွင်း ဆိုင်ခန်းတွေရဲ့ပိုင်ရှင်နှင့် အငြင်းပွားမှုတွေကြောင့် ၎င်းတို့ရဲ့ စတိုးဆိုင် ၅၀၀ကို ပိတ်ပစ်ဖို့ စီစဉ်ထားပါသည်။


Mosaic Brandsကစတိုးဆိုင်ပေါင်း ၁၃၃၃ဆိုင်ဖွင့်လှစ်ထားပြီး ၈၇ရာခိုင်နှုန်းသော ထိုဆိုင်ခန်းတွေရဲ့ ဆိုင်ခန်းငှားရမ်းခြင်းသည် လာမည့်နှစ်နှစ်အတွင်း ကုန်ဆုံးတော့မှာဖြစ်ပြီး ထိုအချိန်ကာလအတွင်း စတိုးဆိုင်ပေါင်း ၃၀၀ မှ ၅၀၀ အထိပိတ်မယ်လို့ ခန့်မှန်းထားပါသည်။

 

Westfieldစျေးဝယ်စင်တာများရှိ ၎င်းတို့ရဲ့ စတိုးဆိုင် ၁၂၉ခုကို ဆိုင်ခန်းပိုင်ရှင်Scentre Groupက ပိတ်လိုက်ပြီးနောက် Mosaic Brandsရဲ့ ရာနှင့်ချီသော အလုပ်သမားများကို နေရာပြန်ချထားပေးရန် သြစတြေးလျမီဒီယာများက တွန်းအားပေးပြောကြားကြခြင်းကြောင့် ၎င်းရဲ့ စတိုးဆိုင်ကွန်ယက်မှ သုံးပုံတစ်ပုံကျော်ကို အပြီးတိုင်ပိတ်ပစ်ရန် စီစဉ်လိုက်တာပဲဖြစ်သည်။

 

StayHomeကြောင့် ဈေးဝယ်စင်တာတွေမှာ အသွားအလာကျဆင်းသွားပြီး ရောင်းအားကျဆင်းနေသော်လည်း ဆိုင်ခန်း ငှားရမ်းခက ဆက်လက်ပေးနေရခြင်းက စီးပွားရေးကို တစ်နည်းနည်းနဲ့ထိခိုက်စေပါတယ်။

 

၎င်းကြေညာချက်ထွက်ပေါ်လာရခြင်းက Mosaicသည် 2019-20ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁၇၀မီလီယံ အသားတင် အရှုံးပေါ်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားနေခြင်းက အမြတ်ပြန်လည်ရရှိဖို့ မသေချာတော့တာကြောင့် ဖြစ်ပါသည်။

 

By Myanmar Textile & Garment Guide

 

Ref:Fibre2Fashion

Read 675 times
Rate this item
(0 votes)
Tagged under