What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၀န်ကြီးဌာနမှ အထည်ချုပ်လုပ်ငန်းနှင့်အထည်အလိပ်ကဏ္ဍအတွက် ငါးနှစ်စီမံကိန်း ထုတ်ပြန်

၀န်ကြီးဌာနမှ အထည်ချုပ်လုပ်ငန်းနှင့်အထည်အလိပ်ကဏ္ဍအတွက် ငါးနှစ်စီမံကိန်း ထုတ်ပြန် Khmer Times

စီးပွားရေးနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန (MEF)ရဲ့ အဆိုအရ ကမ္ဘောဒီးယားအစိုးရက အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ကဏ္ဍရဲ့ ငါးနှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေကို(၂၀၂၀-၂၀၂၅)အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

"မဟာဗျူဟာ မူကြမ်းများနှင့် ပတ်သက်ပြီးဆွေးနွေးချက်အရ နိုင်ငံတော်ရဲ့ အထည်ချုပ်၊ ဖိနပ်နှင့် အိတ်ကဏ္ဍဗျူဟာ‌တွေက စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်သူ၏ ၀င်ငွေတိုးပွားလာခြင်း နှင့် ဆင်းရဲမွဲတေမှုကို လျှော့ချပေးဖို့အတွက် ရည်ရွယ်တယ်"

 

"သို့ရာတွင် ၎င်းရဲ့ ဗျူဟာတွေအရ ၂၀၂၅ ခုနှစ်အကုန်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေရမှာဖြစ်ပြီး လောလောဆယ်မှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပါတယ်"

 

" ဒီမဟာဗျူဟာက အထည်ချုပ်လုပ်ငန်းအတွက် အရေးကြီးတဲ့ လမ်းပြမြေပုံ တစ်ခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘောဒီးယားရဲ့အထည်ချုပ်၊ ဖိနပ်နဲ့ အိတ်လုပ်ငန်းကို တန်ဖိုးမြင့်မားစေခြင်း၊ ထောက်ခံမှု ထောက်ပံ့မှုတွေ ရရှိစေခြင်း နှင့် စက်မှုလုပ်ငန်းမှာ ယှဉ်ပြိုင်မှုတွေ ပိုများလာစေခြင်း စတာတွေကြောင့် အရေးကြီးပါတယ်" လို့ MEF ၀န်ကြီး Aun Pornmonirothက ပြောကြားခဲ့ပါသည်။

 

မဟာဗျူဟာက လူ့စွမ်းအားအရင်းအမြစ်များကိုပိုမိုခိုင်မာစေရန်၊ ကုန်ထုတ်စွမ်းအားတိုးမြှင့်ခြင်းနှင့် အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးခြင်း စတာတွေကို ရည်ရွယ်ပါသည်။

 

ဒါ့အပြင် လုပ်ငန်းအခြေအနေများနှင့် အလုပ်သမားများရဲ့ ကောင်းကျိုးများကို ဆက်လက်တိုးတက်အောင် ပြုလုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်တွင်းနှင့်နိုင်ငံတကာမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိအောင် ဆောင်ရွက်ခြင်း၊ ကဏ္ဍကို အထောက်အကူပြုသော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပို့ကုန်စျေးကွက် အမျိုးမျိုးကို တိုးမြှင့်လုပ်ကိုင်ခြင်းများ ပါဝင်နေမှာ ဖြစ်ပြီး ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။

 

အလုပ်သမားနှင့် အသက်မွေး၀မ်းကျောင်းသင်တန်း ၀န်ကြီးဌာနရဲ့ အချက်အလက်များအရ ၂၀၂၀ ပထမနှစ်ဝက်မှာ ကမ္ဘောဒီးယား၏အထည်အလိပ်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၃.၇၈၄ ဘီလီယံရှိခဲ့ပြီး မနှစ်က ဒီလိုအချိန်မှာ ဒေါ်လာ ၄ ဘီလီယံကျော်ကျော်ရှိခဲ့တဲ့အတွက် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

 

၂၀၁၉ခုနှစ်တွင် ကမ္ဘောဒီးယားမှ ဒေါ်လာ ၉.၃ ဘီလီယံတန်ဖိုးရှိတဲ့ အ၀တ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများကို တင်ပို့ခဲ့ပါတယ်။ စက်မှုလုပ်ငန်း၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှု၀န်ကြီးဌာနရဲ့ အစီရင်ခံစာအရ နှစ်စဉ် တစ်နှစ်လျှင်တိုးတက်မှုက ၁၁ ရာခိုင်နှုန်း ရှိခဲ့သည်။

 

ထုတ်ကုန်အများစုကို (EBA) ကုန်သွယ်ရေးနှင့် အမေရိကန်ပြည်ထောင်စုရဲ့ ယေဘူယျစနစ် (GSP)ရဲ့ ပံ့ပိုးမှုဖြင့် ဥရောပဈေးကွက်သို့ တင်ပို့တယ်လို့ သိရသည်။

 

စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံရဲ့ အဓိက အင်ဂျင်ဖြစ်သော ကမ္ဘောဒီးယားအထည်ချုပ်လုပ်ငန်းသည် သြဂုတ်လ ၁၂ ရက်မှစတင်ကာအီးယူ၏ တစ်စိတ်တစ်ပိုင်း EBA ရုပ်သိမ်းခြင်းမှဆုံးရှုံးမှုနှင့် ရင်ဆိုင်နေကာ ထောင်ပေါင်းများစွာသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

 

Pornmonirothက အစိုးရ အ၀တ်အထည်လုပ်ငန်း အပေါ် မဟာဗျူဟာရေးဆွဲခြင်းက ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွေကို ချမှတ်ရန်၊ လွတ်လပ်ရေးကိုတိုးမြှင့်ပေးရန်၊ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်နှင့်အိတ်ကဏ္ဍရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ပတ်၀န်းကျင်ကို မြှင့်တင် ထိန်းသိမ်းရန် ဖြစ်သည်။

 

By Myanmar Textile & Garment Guide

 

Ref:Khmer Times

Read 727 times
Rate this item
(0 votes)