Knitline Apparels ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ် Riz Onies သည်မကြာသေးမီက
သီရိလင်္ကာ နိုင်ငံ၏ ဘုတ်အဖွဲ့ ဖက်ရှင်အဝတ်အထည်များ ထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာ
အထည်ချုပ်စက်ရုံတစ်ရုံတည်ထောင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်အရ ကုမ္ပဏီအနေဖြင့် pullovers , Dresses , sweaters နှင့် beans စသည့် ဖက်ရှင်အထည်များကိုထုတ်လုပ်မည်။
ကုမ္ပဏီအနေဖြင့် Wattala တွင်တည်ရှိသော စတုရန်းပေ ၁၂၀၀၀ အကျယ်ရှိ စက်ရုံတွင် ဂျပန် ခေတ်မီစက်ယန္တရားများနှင့်
နည်းပညာကိုအသုံးပြုရန်စီစဉ်နေသည်။သီရိလင်္ကာနိုင်ငံ၏ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းစက်ရုံသည်
အစောပိုင်းကာလတွင် လုပ်သား ၈၀ လောက်ကိုစတင်ခေါ် ယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Reference;fibre2fashion.com
Myanmar Textile and Garment Directory