What's new

×

Warning

JUser: :_load: Unable to load user with ID: 845


TOP 10 WORLD TEXTILE AND APPAREL EXPORTS

zaw+uni ကမၻာ့ကုန္သြယ္ေရးအဖြဲ႕အစည္း World Trade Organization (WTO) အသစ္ထုတ္ေ၀လုိက္တဲ့ ၂၀၁၇ ခုႏွစ္ ကမၻာ့ကုန္သြယ္ေရး စာရင္းအင္း World Trade Statistical Review 2017 မွာ

လက္ရွိကန္ေဒၚလာတန္ဖုိးျဖင့္ ကမၻာ့ အထည္အလိပ္နဲ႔ ခ်ဳပ္ထည္(အ၀တ္အစား) ျပည္ပတင္ပုိ႔မႈ ထိပ္တန္း ၁၀ ႏုိင္ငံကုိ စာရင္းျပဳစုေပးထားပါတယ္။

ကမၻာ့ အထည္အလိပ္ ျပည္ပတင္ပုိ႔မႈ ကန္ေဒၚလာ ၂၄၆ ဘီလ်ံရွိၿပီး
ကမၻာ့ အထည္အလိပ္နဲ႔ ခ်ဳပ္ထည္(အ၀တ္အစား) ျပည္ပတင္ပုိ႔မႈ ကန္ေဒၚလာ ၃၈၄ ဘီလ်ံ ရွိပါတယ္။ ၂၀၁၆ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ အထည္အလိပ္တင္ပုိ႔မႈမွာ ကန္ေဒၚလာ ၂၂ ဘီလ်ံ ေလ်ာ့သြားတယ္။ ခ်ဳပ္ထည္အ၀တ္အစားမွာ ကန္ေဒၚလာ ၃ ဘီလ်ံ ေလ်ာ့က်သြားတယ္။

● အထည္အလိပ္ ျပည္ပ တင္ပုိ႔မႈ ထိပ္တန္း ၁၀ ႏုိင္ငံတုိ႔ရဲ႕ တင္ပုိ႔မႈပမာဏကုိ
လက္ရွိကန္ေဒၚလာတန္ဖုိး ဘီလ်ံအရ ေဖာ္ျပအပ္ပါတယ္။

၁။ တ႐ုတ္ ၁၀၆
၂။ အီးယူ ၆၅
၃။ အိႏိၵယ ၁၆
၄။ အေမရိက ၁၃
၅။ တူရကီ ၁၁
၆။ ေတာင္ကုိရီးယား ၁၀
၇။ ပါကစၥတန္ ၉
၈။ တုိင္၀မ္ ၉
၉။ ေဟာင္ေကာင္ ၈
၁၀။ ဗီယက္နမ္ ၇

ExportersTextile

 

●တ႐ုတ္ႏုိင္ငံဟာ အထည္အလိပ္မ်ား ထိပ္တန္းတင္ပို႔သူ ျဖစ္ေနၿပီး ကမၻာ့အထည္အလိပ္တင္ပုိ႔မႈရဲ႕ ၃၇% ကုိ ေ၀စု ရရွိခဲ့ပါတယ္။
ဒုတိယေနရာမွာ အီးယူႏုိင္ငံမ်ား ရွိေနၿပီး ေ၀စု ၂၃% ရရွိခဲ့ပါတယ္။
တတိယေနရာမွာ ရွိေနတဲ့ အိႏိၵယႏုိင္ငံကေတာ့ ေ၀စု ၆% ရရွိခဲ့ပါတယ္။

● ဒီထိပ္တန္း ၁၀ ႏုိင္ငံစာရင္းမွာ ပါကစၥတန္က နံပါတ္(၉)ေနရာမွ (၇)ေနရာကုိ တက္လာတာ ျဖစ္ပါတယ္။ ဗီယက္နမ္ႏုိင္ငံက ယခုမွ ထိပ္တန္း ၁၀ ႏုိင္ငံစာရင္းထဲ ၀င္လာသူ ျဖစ္ပါတယ္။ ကမၻာ့အထည္အလိပ္တင္ပုိ႔မႈရဲ႕ ၂% ကုိ ေ၀စု ရရွိခဲ့ပါတယ္။
ထိပ္တန္းအထည္အလိပ္ တင္ပုိ႔တဲ့ ႏုိင္ငံေတြမွာ ထက္၀က္ေက်ာ္ဟာ တင္ပုိ႔မႈ ပမာဏတန္ဖုိး က်ဆင္းခဲ့ၾကတယ္။ တ႐ုတ္က ၃% ေလ်ာ့က်တယ္။ အိႏိၵယက ၆% နဲ႔ အေမရိကန္က ၅% ေလ်ာ့က်ခဲ့တယ္။

● အ၀တ္အစား ျပည္ပ တင္ပုိ႔မႈ ထိပ္တန္း ၁၀ ႏုိင္ငံတုိ႔ရဲ႕ တင္ပုိ႔မႈပမာဏကုိ
လက္ရွိကန္ေဒၚလာတန္ဖုိး ဘီလ်ံအရ ေဖာ္ျပအပ္ပါတယ္။

၁။ တ႐ုတ္ ၁၆၁
၂။ အီးယူ ၁၁၉
၃။ ဘဂၤလားေဒ့ရွ္ ၂၈
၄။ ဗီယက္နမ္ ၂၅
၅။ အိႏိၵယ ၁၈
၆။ ေဟာင္ေကာင္ ၁၆
၇။ အင္ဒုိနီးရွား ၇
၈။ ကေမၻာဒီးယား ၆
၉။ အေမရိက ၆

Exporters Clothing


● ထိပ္တန္း ၁၀ ႏုိင္ငံစာရင္းမွာ ႏုိင္ငံေတြ အေျပာင္းအလဲ မရွိဘူး။ ၂၀၁၆ ခုႏွစ္တုန္းက အတုိင္းပါပဲ။ ေနရာေတြေတာ့ ေျပာင္းသြားတယ္။ ေဟာင္ေကာင္က နံပါတ္(၅)ေနရာမွ နံပါတ္(၆)ေနရာကုိ ေရာက္သြားတယ္။ အိႏိၵယက နံပါတ္(၆)ေနရာမွ နံပါတ္(၅)ေနရာကုိ တက္သြားတယ္။ ေဟာင္ေကာင္နဲ႔ အိႏိၵယတုိ႔ ေနရာခ်င္း လဲလုိက္တာ ျဖစ္ပါတယ္။
တ႐ုတ္ႏုိင္ငံရဲ႕ အ၀တ္အစား ျပည္ပတင္ပုိ႔မႈ ၇% ေလ်ာ့က်ေပမဲ့ ထိပ္ဆုံးေနရာကုိ ယူထားႏုိင္ဆဲ ျဖစ္ပါတယ္။ ကမၻာ့ အ၀တ္အစားတင္ပုိ႔မႈမွာ တန္ဖုိးအရ ေ၀စု ၃၆% ကုိ ရရွိထားပါတယ္။

● ၂၀၁၆ ခုႏွစ္မွာ အထည္အလိပ္ တင္သြင္းမႈကုိ ၾကည့္ရင္ အီးယူ၊ အေမရိကနဲ႔ တ႐ုတ္တုိ႔ဟာ ထိပ္ဆုံး သုံးႏုိင္ငံ ျဖစ္ၿပီး ကမၻာ့အထည္အလိပ္တင္သြင္းမႈရဲ႕ ၃၇.၉% ရွိပါတယ္။

● ၂၀၁၆ ခုႏွစ္မွာ အ၀တ္အစား တင္သြင္းမႈကုိ ၾကည့္ရင္ ထိပ္တန္းသုံးႏုိင္ငံဟာ အီးယူ၊ အေမရိကနဲ႔ ဂ်ပန္တုိ႔ ျဖစ္ပါၿပီး ကမၻာ့အ၀တ္အစားတင္သြင္းမႈရဲ႕ ၆၃% ရွိပါတယ္။

UNI

TOP 10 WORLD TEXTILE AND APPAREL EXPORTS
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း World Trade Organization (WTO) အသစ်ထုတေ်ဝလိုက်တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး စာရင်းအင်း World Trade Statistical Review 2017 မှာ လက်ရှိကန်ဒေါ်လာတန်ဖိုးဖြင့် ကမ္ဘာ့ အထည်အလိပ်နဲ့ ချုပ်ထည်(အဝတ်အစား) ပြည်ပတင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံကို စာရင်းပြုစုပေးထားပါတယ်။

ကမ္ဘာ့ အထည်အလိပ် ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၂၄၆ ဘီလျံရှိပြီး
ကမ္ဘာ့ အထည်အလိပ်နဲ့ ချုပ်ထည်(အဝတ်အစား) ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၃၈၄ ဘီလျံ ရှိပါတယ်။ ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အထည်အလိပ်တင်ပို့မှုမှာ ကန်ဒေါ်လာ ၂၂ ဘီလျံ လျော့သွားတယ်။ ချုပ်ထည်အဝတ်အစားမှာ ကန်ဒေါ်လာ ၃ ဘီလျံ လျော့ကျသွားတယ်။

● အထည်အလိပ် ပြည်ပ တင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံတို့ရဲ့ တင်ပို့မှုပမာဏကို
လက်ရှိကန်ဒေါ်လာတန်ဖိုး ဘီလျံအရ ဖော်ပြအပ်ပါတယ်။

၁။ တရုတ် ၁၀၆
၂။ အီးယူ ၆၅
၃။ အိနိ္ဒယ ၁၆
၄။ အမေရိက ၁၃
၅။ တူရကီ ၁၁
၆။ တောင်ကိုရီးယား ၁၀
၇။ ပါကစ္စတန် ၉
၈။ တိုင်ဝမ် ၉
၉။ ဟောင်ကောင် ၈
၁၀။ ဗီယက်နမ် ၇

ExportersTextile

●တရုတ်နိုင်ငံဟာ အထည်အလိပ်များ ထိပ်တန်းတင်ပို့သူ ဖြစ်နပြေီး ကမ္ဘာ့အထည်အလိပ်တင်ပို့မှုရဲ့ ၃၇% ကိုေဝစု ရရှိခဲ့ပါတယ်။
ဒုတိယနေရာမှာ အီးယူနိုင်ငံများ ရှိနပြေီးေဝစု ၂၃% ရရှိခဲ့ပါတယ်။
တတိယနေရာမှာ ရှိနေတဲ့ အိနိ္ဒယနိုင်ငံကတော့ေဝစု ၆% ရရှိခဲ့ပါတယ်။

● ဒီထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါကစ္စတန်က နံပါတ်(၉)နေရာမှ (၇)နေရာကို တက်လာတာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ယခုမှ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲ ဝင်လာသူ ဖြစ်ပါတယ်။ ကမ္ဘာ့အထည်အလိပ်တင်ပို့မှုရဲ့ ၂% ကိုေဝစု ရရှိခဲ့ပါတယ်။
ထိပ်တန်းအထည်အလိပ် တင်ပို့တဲ့ နိုင်ငံတွေမှာ ထက်ဝက်ကျော်ဟာ တင်ပို့မှု ပမာဏတန်ဖိုး ကျဆင်းခဲ့ကြတယ်။ တရုတ်က ၃% လျော့ကျတယ်။ အိနိ္ဒယက ၆% နဲ့ အမေရိကန်က ၅% လျော့ကျခဲ့တယ်။

● အဝတ်အစား ပြည်ပ တင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံတို့ရဲ့ တင်ပို့မှုပမာဏကို
လက်ရှိကန်ဒေါ်လာတန်ဖိုး ဘီလျံအရ ဖော်ပြအပ်ပါတယ်။

၁။ တရုတ် ၁၆၁
၂။ အီးယူ ၁၁၉
၃။ ဘင်္ဂလားဒေ့ရှ် ၂၈
၄။ ဗီယက်နမ် ၂၅
၅။ အိနိ္ဒယ ၁၈
၆။ ဟောင်ကောင် ၁၆
၇။ အင်ဒိုနီးရှား ၇
၈။ ကမ္ဘောဒီးယား ၆
၉။ အမေရိက ၆

Exporters Clothing
● ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ နိုင်ငံတွေ အပြောင်းအလဲ မရှိဘူး။ ၂၀၁၆ ခုနှစ်တုန်းက အတိုင်းပါပဲ။ နေရာတွေတော့ ပြောင်းသွားတယ်။ ဟောင်ကောင်က နံပါတ်(၅)နေရာမှ နံပါတ်(၆)နေရာကို ရောက်သွားတယ်။ အိနိ္ဒယက နံပါတ်(၆)နေရာမှ နံပါတ်(၅)နေရာကို တက်သွားတယ်။ ဟောင်ကောင်နဲ့ အိနိ္ဒယတို့ နေရာချင်း လဲလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အဝတ်အစား ပြည်ပတင်ပို့မှု ၇% လျော့ကျပေမဲ့ ထိပ်ဆုံးနေရာကို ယူထားနိုင်ဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ အဝတ်အစားတင်ပို့မှုမှာ တန်ဖိုးအရေဝစု ၃၆% ကို ရရှိထားပါတယ်။

● ၂၀၁၆ ခုနှစ်မှာ အထည်အလိပ် တင်သွင်းမှုကို ကြည့်ရင် အီးယူ၊ အမေရိကနဲ့ တရုတ်တို့ဟာ ထိပ်ဆုံး သုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အထည်အလိပ်တင်သွင်းမှုရဲ့ ၃၇.၉% ရှိပါတယ်။

● ၂၀၁၆ ခုနှစ်မှာ အဝတ်အစား တင်သွင်းမှုကို ကြည့်ရင် ထိပ်တန်းသုံးနိုင်ငံဟာ အီးယူ၊ အမေရိကနဲ့ ဂျပန်တို့ ဖြစ်ပါပြီး ကမ္ဘာ့အဝတ်အစားတင်သွင်းမှုရဲ့ ၆၃% ရှိပါတယ်။

 

Read 1029 times
Rate this item
(0 votes)