What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ ကုန်ကြမ်းပြတ်လပ်မှုအခက်အခဲများကြုံတွေ့နေ

တရုတ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ ကုန်ကြမ်းပြတ်လပ်မှုအခက်အခဲများကြုံတွေ့နေ Google

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေဦးစီးပြီး အထည်ချုပ်လုပ်ငန်းများ၏

 

လက်ရှိအခြေအနေများကို အသိပေးရှင်းလင်းခြင်း သတင်းစာရှင်းလင်းပွဲကို UMFCCI

 

(မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


ပြည်တွင်း အထည်ချုပ်လုပ်ငန်းများ ကုန်ကြမ်းပြတ်တောက်သွားမှု နှင့် ပြည်တွင်းအထည်ချုပ်စက်ရုံများ၏

 

ကုန်ထုတ်လုပ်လုပ်မှု အခြေအနေ ၊ တင်ပို့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသွားပါတယ်။


သတင်းစာရှင်းလင်းပွဲကိုတော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ နှင့် အတွင်းရေးမှူး ၊


မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်လျှက်ရှိသော ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ နှင့် အတွင်းရေးမှူး ၊

 

တရုတ်အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် အတွင်းရေးမှူး တို့ကပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

 

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ အဓိက တင်သွင်းနေခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံဟာဆိုရင် တရုတ်နှစ်သစ်ကူးနေ့ မတိုင်မီ ၂၃ ရက်နေ့ကတည်း ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နှင့် မတ်လတို့အတွက်

 

ကုန်ကြမ်းများတင်ပို့ပေးခဲ့ပါတယ်။

 

သို့ပေမယ့်လည်း ယခုဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားခဲ့ပြီ

 

ကုန်ကြမ်းရရှိမှုမှာ ဧပြီလအထိ အခက်အခဲများရှိနိုင်ကြောင်းသိရသည်။

 

အကယ်၍ ကုန်ကြမ်းများမရရှိပါက ပြည်တွင်းအထည်ချုပ်လုပ်ငန်းများမှာ ယာယီရပ်စဲသွားနိုင်ဖွယ်ရှိကြောင်းသိရသည်။

 

“ သူတို့ဘက်ကမှန်းတာကတော့ ကုန်ကြမ်းတွေက ဧပြီလအတွင်းရောက်မယ်လို့ခန့်မှန်းထားပါတယ်။

 

ကိုရီးယားဘက်ကလည်းမှန်းသလို၊ တရုတ်ဘက်ကလည်းခန့်မှန်းထားပါတယ်။ အခုလိုဖြစ်ပွားနေတဲ့ အအခြေအနေနဲ့ ပတ်သက်ပြီ

 

လတ်တလောဖြေရှင်းမှုအနေနဲ့ အလုပ်ချိန်လျှော့ချခြင်း ၊ အလုပ်လုပ်ရက်လျှော့ချခြင်း တို့ပြုလုပ်ခြင်းတို့ဖြင့် အဆင်ပြေလိမ့်လို့

 

အထည်ချုပ်လုပ်ငန်းရှင်များအသင်းကမျှော်လင့်ပါတယ်။

 

အကယ်၍အဆင်မပြေခဲ့ရင် လုပ်သားအင်အားလျှော့ရမှာဖြစ်ပြီး ကုန်ကြမ်းများရောက်မလာခဲ့ရင်တော့ စက်ရုံကို

 

ယာယီပိတ်ထားရမှာပဲဖြစ်ပါတယ်လို့” မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးကပြောကြားခဲ့ပါတယ်။

 

“သင်္ကြန် ဧပြီလကုန်တဲ့အထိကတော့ အခြေအနေတော်တော်လေးမကောင်းဘူး။ တကယ်လို့ မေလလောက်မှာ စနိုင်မယ်ဆိုရင်လဲ

 

ခုနကပြောသလိုပေါ့ တရုတ်နိုင်ငံရဲ့ ကုန်ကြမ်းဝယ်ယူတာက မြန်မာတစ်နိုင်ငံထဲ မဟုတ်ဘူး။

 

ဗီယက်နမ်၊ ကမ္ဘောဒီးယား အကုန်လုံးယူနေတာဆိုတော့ မြန်မာနိုင်ငံအတွက် ကုန်ကြမ်းရရှိအောင်ဆောင်ရွက်တဲ့အခါမှာလည်း

 

ကျွန်မတို့ ယှဉ်ပြိုင်မှုက တော်တော်လေးရှိပါတယ်။ ရင်လေးစရာကောင်းပါတယ်။

 

ဧပြီအကုန်အထိကတော့ ဒီအတိုင်း ဆက်သွားနေရင်သေချာတယ် မေနဲ့ဇွန်လ မှာက ပြိုင်ဆိုင်မှုတွေနဲ့ လာတဲ့အခါမှာ

 

ပိုပြိုင်နိုင်တဲ့နိုင်ငံအတွက် ကုန်ကြမ်းတွေ မြန်မြန်ရမယ်လို့”ဟုမြန်မာနိုင်ငံလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး

 

ဒေါ်ခိုင်ခိုင်နွယ်ကပြောကြားခဲ့ပါတယ်။

 

ထို့ကြောင့်လာမည့် ဧပြီလအထိ နှစ်လအတွင်း ကုန်ကြမ်းများမရရှိသေးနိုင်ဘဲ မေလနှင့် ဇွန်လများတွင်လည်း ကုန်ကြမ်းရရှိနိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေကြောင်းသိရသည်။

 

အထည်ချုပ်လုပ်ငန်းပေါင်း ၃၇၃ ခုကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းကေနဦးစီးၿပီး အထည္ခ်ဳပ္လုပ္ငန္မ်ား၏

 

လက္ရွိအေျခအေနမ်ားကို အသိေပးရွင္းလင္းျခင္း သတင္းစာရွင္းလင္းပြဲကိုUMFCCI

 

(ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အစည္းအေဝးခန္းမ)မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဆိုပါသတင္းရွင္းလင္းပြဲမွာ ေတာ့ လက္ရွိျဖစ္ပြားလွ်က္ရွိေသာ တ႐ုတ္ႏိုင္ငံ ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားမႈေၾကာင့္

 

ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းမ်ား ကုန္ၾကမ္းျပတ္ေတာက္သြားမႈ ႏွင့္ ျပည္တြင္းအထည္ခ်ဳပ္စက္ရံုမ်ား၏

 

ကုန္ထုတ္လုပ္လုပ္မႈ အေျခအေန ၊ တင္ပို႔မႈအေျခအေနတို႔ကို ရွင္းလင္းေျပာၾကားသြားပါတယ္။

 

သတင္းစာရွင္းလင္းပြဲကိုေတာ့ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠဌ ႏွင့္ အတြင္းေရးမွဴး ၊

 

ျမန္မာႏိုင္ငံတြင္လာေရာက္ရင္းႏွီးႁမွဳပ္ႏွံကာ လုပ္ကိုင္လ်က္ရွိေသာ ကိုရီးယာအထည္ခ်ဳလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠဌ ႏွင့္ အတြင္းေရးမွဴး ၊

 

တ႐ုတ္အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းႏွင့္ အတြင္းေရးမွဴး တို႔ကပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းမ်ား အတြက္ ကုန္ၾကမ္းမ်ားကို တ႐ုတ္ႏိုင္ငံမွ အဓိက တင္သြင္းေနရျခင္းျဖစ္သည္။

 

တ႐ုတ္ႏိ္ုင္ငံဟာဆိုရင္ တ႐ုတ္ႏွစ္သစ္ကူးေန႔ မတိုင္မီ ၂၃ ရက္ေန႔ကတည္း ဇန္နဝါရီ ၊ ေဖေဖာ္ဝါရီ ႏွင့္ မတ္လတို႔အတြက္

 

ကုန္ၾကမ္းမ်ားတင္ပို႔ေပးခဲ့ပါတယ္။

 

သို႔ေပမယ့္လည္း ယခုျဖစ္ပြားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ျဖစ္ပြားမႈအေျခအေနေၾကာင့္ နယ္စပ္ကုန္သြယ္ေရးေတြ

 

ရပ္တန္႕သြားခဲ့ၿပီး ကုန္ၾကမ္းရရွိမႈမွာ ဧၿပီလအထိ အခက္အခဲမ်ား မ်ားရွိႏိုင္ေၾကာင္းသိရသည္။

ထိုကဲ့သို႔ ကုန္ၾကမ္းမ်ားမရရွိပါက ျပည္တြင္းအထည္ခ်ဳပ္လုပ္ငန္းမ်ားမွာ ယာယီရပ္စဲသြားႏိုင္ဖြယ္ရွိေၾကာင္းသိရသည္။

“ သူတို႔ဘက္ကမွန္းတာကေတာ့ ကုန္ၾကမ္းေတြက ဧၿပီလအတြင္းေရာက္မယ္လို႔ခန္႕မွန္းထားပါတယ္။ ကိုရီးယားဘက္ကလည္းမွန္းသလို၊

 

တ႐ုတ္ဘက္ကလည္းခန္႕မွန္းထားပါတယ္။ အခုလိုျဖစ္ပြားေနတဲ့ အအေျခအေနနဲ႕ ပတ္သက္ၿပီး လတ္တေလာေျဖရွင္းမႈအေနနဲ

 

႕ အလုပ္ခ်ိန္ေလွ်ာ့ခ်ျခင္း ၊ အလုပ္လုပ္ရက္ေလွ်ာ့ခ်ျခင္း တို႔ျပဳလုပ္ျခင္းတို႔ျဖင့္ အဆင္ေျပလိမ့္လို႔

 

အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းကေမွ်ာ္လင့္ပါတယ္။

 

အဲ့လို႔မွအဆင္မေျပခဲ့ရင္ လုပ္သားအင္အားေလွ်ာ့ရမွာျဖစ္ၿပီးကုန္ၾကမ္းမ်ားေရာက္မလာခဲ့ရင္ေတာ့ စက္ရံုကို

 

ယာယီပိတ္ထားရမွာပဲျဖစ္ပါတယ္လို႔” ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးျမင့္စိုးကေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွကုန္ၾကမ္းမ်ားကို ဧၿပီလတြင္ မွာယူႏိုင္ခဲ့သည္ရွိေသာ္လည္း ျမန္မာႏိုင္ငံအေနျဖင့္ ကုန္ၾကမ္းရရွိရန္

 

တ႐ုတ္ႏိုင္ငံမွ ကုန္ၾကမ္းတင္သြင္းေနသာ အျခားႏိုင္ငံမ်ားႏွင့္ ယွဥ္ၿပိဳင္သြားရမည့္ႏွင့္ အခက္အခဲမ်ား ရွိေနေၾကာင္းသိရသည္။

“သၾကၤန္ ဧၿပီလကုန္တဲ့အထိကေတာ့ အေျခအေနေတာ္ေတာ္ေလးမေကာင္းဘူး။ တကယ္လို႔ ေမလေလာက္မွာ စႏိုင္မယ္ဆိုရင္လဲ

 

ခုနကေျပာသလိုေပါ့ တ႐ုတ္ႏိုင္ငံရဲ႕ ကုန္ၾကမ္းဝယ္ယူတာက ျမန္မာတစ္ႏိုင္ငံထဲ မဟုတ္ဘူး။ ဗီယက္နမ္၊ ကေမာၻဒီးယား

 

အကုန္လုံးယူေနတာဆိုေတာ့ ျမန္မာႏိုင္ငံအတြက္ကုန္ၾကမ္းရရွိေအာင္ေဆာင္ရြက္တဲ့အခါမွာလည္း ကြၽန္မတို႔ ယွဥ္ၿပိဳင္မႈက ေတာ္ေတာ္ေလးရွိပါတယ္

 

ရင္ေလးစရာေကာင္းပါတယ္။  ဧၿပီအကုန္အထိကေတာ့ဒီအတိုင္း ဆက္သြားေနရင္ ေသခ်ာတယ္ ေမနဲ႔ဇြန္လ မွာက

 

ၿပိဳင္ဆိုင္မႈေတြနဲ႔ လာတဲ့အခါမွာ ပိုၿပိဳင္ႏိုင္တဲ့ႏိုင္ငံအတြက္ကုန္ၾကမ္းေတြ ျမန္ျမန္ရမယ္လို႔” ဟုျမန္မာႏိုင္ငံလုပ္ငန္းရွင္မ်ားအသင္းအတြင္းေရးမွဴး

 

ေဒၚခိုင္ခိုင္ႏြယ္ကေျပာၾကားခဲ့ပါတယ္။

ထို႔ေၾကာင့္လာမည့္ ဧၿပီလအထိ ႏွစ္လအတြင္း ကုန္ၾကမ္းမ်ားမရရွိေသးႏိုင္ဘဲ ေမလႏွင့္ ဇြန္လမ်ားတြင္လည္း

 

ကုန္ၾကမ္းရရွိႏိုင္ရန္အတြက္ စိန္ေခၚမႈမ်ားရွိေနေၾကာင္းသိရသည္။

 

အထည္ခ်ဳပ္လုပ္ငန္းေပါင္း ၃၇၃ ခုကိုရွာရန္နွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 1609 times
Rate this item
(0 votes)
Tagged under