What's new



ဗီယက်နမ် အထည်ချုပ်ကဏ္ဍအတွက် ၂၀၂၃ ခုနှစ်သည် စိန်ခေါ်မှု အများဆုံး ဖြစ်ခဲ့

ဗီယက်နမ် အထည်ချုပ်ကဏ္ဍအတွက် ၂၀၂၃ ခုနှစ်သည် စိန်ခေါ်မှု အများဆုံး ဖြစ်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းကြီးဖြစ်သည့် Vinatex အမှုဆောင်အရာရှိချုပ် Cao Huu Hieu က အမှာစာများ လျော့နည်းခဲ့ခြင်းကြောင့် ကုမ္ပဏီသမိုင်းတွင် ၂၀၂၃ ခုနှစ်သည် အခက်ခဲဆုံးနှစ်ဟု သတ်မှတ်သည်။

 

"Vinatex လုပ်ကိုင်လာခဲ့တဲ့ နှစ်ပေါင်း ၃၀ မှာ ၂၀၂၃ ခုနှစ်လိုမျိုး အခက်အခဲများနှင့် ကျွန်တော်တို့ မကြုံခဲ့ဖူးပါဘူး။ အဆိုးဆုံးအခြေအနေတွေကို  စီးပွားရေးလုပ်ငန်း အများအပြား ကြုံခဲ့ရပါတယ်။ တချို့က စိန်ခေါ်မှုတွေကို အခုထိ မကျော်လွှားနိုင်သေးပါဘူး" ဟု သူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

 

၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဗီယက်နမ် အထည်ချုပ်ကဏ္ဍသည် မတ်စ်များနှင့် ကိုဗစ် ကာကွယ်ရေးဝတ်စုံများ ထုတ်လုပ်ခြင်းဖြင့် ဆက်လက်ရှင်သန်နိုင်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်တွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် အမေရိကန်နှင့် ဥရောပတို့ကဲ့သို့ အဓိကစျေးကွက်များအပါအဝင် နိုင်ငံအများအပြားတွင် လူအများတို့သည် အသုံးစရိတ်များကို ချွေတာခဲ့ကြသည်။

သို့ဖြစ်ရာ ဗီယက်နမ်၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအထိ ၁၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။

Vinatex အမြတ်ငွေ ဒေါင် ၃၇၇ ဘီလီယံ (ကန်ဒေါ်လာ ၁၅.၄၉ သန်း) သို့ ၆၀% ကျဆင်းသွားခဲ့သည်။ အဆိုးဝါးဆုံး အခြေအနေ ဖြစ်ခဲ့သည်။

အခြားနိုင်ငံများမှ ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းသည်လည်း စိန်ခေါ်မှုများကို ပိုများသွားစေသည်။

 

Vinatex ၏ ဘုတ်အဖွဲ့ အကြီးအကဲ ငုယင်ဒွတ်အန်က ဗီယက်နမ် အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတစ်ဦး၏ ပျမ်းမျှဝင်ငွေမှာ တစ်လလျှင် ကန်ဒေါ်လာ ၃၃၀ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ထက် ၃ ဆ များကြောင်း၊ အိန္ဒိယထက် ၂ ဆ များကြောင်း၊ ကမ္ဘောဒီယားထက် ၁.၈ များကြောင်း ပြောကြားသည်။

 

အခြားနိုင်ငံတို့၏ ငွေကြေးများသည် အမေရိကန် ဒေါ်လာနှင့် ယှဉ်ပါက သိသိသာသာကျဆင်းသွားချိန်တွင် ဗီယက်နမ်ဒေါင်သည် အတော်အတန်တည်ငြိမ်နေသည်။ သို့ဖြစ်ရာ ငွေလဲနှုန်းအရ ဗီယက်နမ်နိုင်ငံသည် ဈေးကြီးနေသည်။ သို့ဖြစ်ရာ ဗီယက်နမ် အထည်ချုပ်ကဏ္ဍ၏ ကုန်ထုတ်စွမ်းအားသည် ပြိုင်ဖက်များထက် ၁၀-၁၅% မြင့်မားသော်လည်း ပြိုင်ဆိုင်မှု နည်းပါးလာကြောင်း Anh က ပြောကြားသည်။

 Vinatex သည် လုပ်အားခပေးရန်အတွက် ငွေအလုံအလောက် ဖြစ်နေစေဖို့ ဝင်ငွေထဲမှ သုံးစွဲရသဖြင့် အမြတ် လျော့ကျခဲ့သည်။

ဗီယက်နမ် အထည်ချုပ်ကဏ္ဍတွင် လုပ်သားများ ပျမ်းမျှ တလဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၄% လျေိာ့ကျခဲ့သည်။ ပျမ်းမျှတလ ဝင်ငွေ ဒေါင် ၉.၅ သန်း ရရှိသည်။ သို့သော်ဗီယက်နမ်နိုင်ငံ ပျမ်းမျှလစာ ဒေါင် ၈.၅ သန်းအထက်မှာ ဆက်ရှိနေဆဲဖြစ်သည်။ 

 

ယခုအခါ အမေရိကန် အပါအဝင် ဈေးကွက်အချို့မှ ဝယ်လိုအား မြင့်တက်လာသည်။ သို့ဖြစ်ရာ Vinatex သည် ယခုနှစ်တွင် ၀င်ငွေနှင့် အမြတ်ငွေ ၁၀% တိုးရန် ရည်မှန်းထားပါသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 246 times
Rate this item
(0 votes)