ဗီယက်နမ်အထည်အလိပ် လုပ်ငန်းသည် ဝယ်သူများမှ မှာယူစာများကို ရပ်ဆိုင်းခြင်း ၊ အပြီးဖျက်သိမ်းခြင်း စသည့် ထုတ်လုပ်မှု
အပိုင်းပြဿနာများကြောင့် VND ၁၁ ထရီလီယံအထိ အရှုံးပေါ်နိုင်သည် ဟု တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။
နာမည်ကြီး အထည်အလိပ်လုပ်ငန်းများသည်လည်း အမှတ်တံဆိပ်ကြီးလေလေ ကုန်ကျစရိတ်အချိုးကျမှု ပိုများလေလေဖြစ်တာကြောင့်
ရေရှည်ရပ်တည်နိုင်အောင် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်းသိရပါတယ်။
သို့သော် ပြည်တွင်းအထည်အလိပ်လုပ်ငန်းများအနေဖြင့် ဧပြီလကုန်လောက်တွင် အခက်အခဲများပြန်လည်ပြေလည်လာနိုင်မှာ ဖြစ်တယ်လို့
မျှော်လင့်ရပြီး လုပ်ငန်းရှင်များ၏ငွေကြေးပြတ် လပ်မှုလည်း လျော့ချသွားနိုင်တယ်လို့သိရပါတယ်။
လုပ်သားဦးရေ အလုပ်လက်မဲ့နှုန်းကတော့ မတ်လနှင့် ဧပြီလအတွင်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားရှိနိုင်သည် ဟု Vinatex ကပြောကြားခဲ့ပါတယ်။
အကယ်၍ ဧပြီလကုန်အထိ အထည်အလိပ်ကဏ္ဍတွင် မတည်မငြိမ်ဖြစ်နေမှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အလုပ်လက်မဲ့နှုန်းမှာ
(၃၀-၅၀) ရာခိုင်နှုန်းထက်ပိုများလာနိုင်ပြီး အထည်အလိပ်လုပ်ငန်း၏ ဆုံးရှုံးမှုမှာလည်း VND ၅ ထရီလီယံဆုံးရှုံးလာနိုင်ပါတယ်။
မတည်မငြိမ်မှုများ ကာလကြာလာလေ အထည်အလိပ်လုပ်ငန်းမှာ ဆုံးရှုံးမှုပိုများလာနိုင်လေပဲဖြစ်တယ်လို့ ဗီယက်နမ် သတင်းမီဒီယာများက
ဖော်ပြခဲ့ကြပါတယ်။
အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
ဗီယက္နမ္အထည္အလိပ္ လုပ္ငန္းသည္ ဝယ္သူမ်ားမွ မွာယူစာမ်ားကို ရပ္ဆိုင္းျခင္း ၊ အျပီးဖ်က္သိမ္းျခင္း စသည့္ထုတ္လုပ္မႈအပိုင္းျပႆနာမ်ားေၾကာင့္ VND ၁၁ ထရီလီယံအထိ အရႈံုးေပၚနိုင္သည္ ဟု တာဝန္ရွိသူမ်ားက ခန္႔မွန္းထားၾကပါတယ္။
နာမည္ၾကီး အထည္အလိပ္လုပ္ငန္းမ်ားသည္လည္း အမွတ္တံဆိပ္ၾကီးေလေလ ကုန္က်စရိတ္အခ်ိဳးက်မႈ ပိုမ်ားေလေလျဖစ္တာေၾကာင့္ ေရရွည္ရပ္တည္နိုင္ေအာင္ ခက္ခက္ခဲခဲ ရုန္းကန္ေနရေၾကာင္းသိရပါတယ္။
သို႔ေသာ္ ျပည္တြင္းအထည္အလိပ္လုပ္ငန္းမ်ားအေနျဖင့္ ဧျပီလကုန္ေလာက္တြင္ အခက္အခဲမ်ားျပန္လည္ေျပလည္လာနိုင္မွာ ျဖစ္တယ္လို႔ ေမွ်ာ္လင့္ရျပီး လုပ္ငန္းရွင္မ်ား၏ေငြေၾကးျပတ္ လပ္မႈလည္း ေလ်ာ့ခ်သြားနုိင္တယ္လို႔သိရပါတယ္။
လုပ္သားဦးေရ အလုပ္လက္မဲ့နႈန္းကေတာ့ မတ္လနွင့္ ဧျပီလအတြင္း ၃၀ ရာခိုင္နႈန္းမွ ၅၀ ရာခိုင္နႈန္းၾကားရွိနိုင္သည္ ဟု Vinatex ကေျပာၾကားခဲ့ပါတယ္။
အကယ္၍ ဧျပီလကုန္အထိ အထည္အလိပ္က႑တြင္ မတည္မျငိမ္ျဖစ္ေနမႈမ်ား ဆက္လက္ျဖစ္ပြားေနမည္ဆိုပါက အလုပ္လက္မဲ့နႈန္းမွာ (၃၀-၅၀) ရာခိုင္နႈန္းထက္ပိုမ်ားလာနိုင္ျပီး အထည္အလိပ္လုပ္ငန္း၏ ဆံုးရႈံးမႈမွာလည္း VND ၅ ထရီလီယံဆံုးရႈံးလာနိုင္ပါတယ္။
မတည္မျငိမ္မႈမ်ား ကာလၾကာလာေလ အထည္အလိပ္လုပ္ငန္းမွာ ဆံုးရႈံးမႈပိုမ်ားလာနိုင္ေလပဲျဖစ္တယ္လို႔ ဗီယက္နမ္ သတင္းမီဒီယာမ်ားကေဖာ္ျပခဲ့ၾကပါတယ္။
အိပ္ခန္းသုံးပစၥည္းဆုိင္ ၅၃၆ ဆုိင္ကိုရွာရန္ႏွိပ္ပါ။
Myanmar Textile and Garment Directory