What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့အကြီးဆုံး အထည်အလိပ်ထုတ်လုပ်သည့်နိုင်ငံ ၁၀နိုင်ငံနှင့် တင်ပို့မှု အများဆုံး နိုင်ငံ (၁၀) နိုင်ငံ

ကမ္ဘာ့အကြီးဆုံး အထည်အလိပ်ထုတ်လုပ်သည့်နိုင်ငံ ၁၀နိုင်ငံနှင့် တင်ပို့မှု အများဆုံး နိုင်ငံ (၁၀) နိုင်ငံ BizVibe

ကမ္ဘာလုံးဆိုင်ရာအထည်အလိပ်လုပ်ငန်းတိုးတက်မှုက ကမ္ဘာ့အကြီးဆုံးအထည်အလိပ်ထုတ်လုပ်သည့်နိုင်ငံများနှင့် အထည်အလိပ် အများဆုံးတင်ပို့သူတွေရဲ့ အဓိကမောင်းနှင်အားကြောင့်ဖြစ်သည်။

 

၎င်းနိုင်ငံတွေက ချည်၊ အမျှင်နှင့် အခြားအချောထုတ်ကုန်များ သို့မဟုတ် အ၀တ်အထည် ပစ္စည်းများကို အဓိက ထုတ်လုပ် ရောင်းချကြပါတယ်။

 

တရုတ်သည် ကမ္ဘာ့အကြီးဆုံး အထည်အလိပ်ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သော်လည်း အထည်အလိပ်စျေးကွက်မှာ အီးယူ၊ အိန္ဒိယနှင့် အမေရိကန် စတဲ့ နိုင်ငံတွေကလည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နှစ်စဉ်တိုးတက်လာပါတယ်။

 

ကမ္ဘာ့အကြီးဆုံး အထည်အလိပ်ထုတ်လုပ်သည့် နိုင်ငံ ၁၀ နိုင်ငံ

 

Annotation_2020-08-21_155417.jpg

 

တရုတ်သည် ကမ္ဘာပေါ်တွင် အထည်အလိပ်အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း အလျင်အမြန်တိုးတက်မှုနှင့်အတူ တရုတ်အထည်အလိပ်လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးရဲ့ အဓိက ကဏ္ဍတစ်ခုဖြစ်လာပါသည်။ ကုန်ကျစရိတ်သက်သာပြီး အလုပ်သမားအများအပြားရရှိနိုင်မှု၊ လုပ်ငန်း အခက်အခဲများလျှော့ချနိုင်ခြင်းနှင့် ခိုင်မာသောပစ္စည်းထောက်ပံ့ခြင်းတို့သည် နိုင်ငံရဲ့ အထည်အလိပ်ထုတ်လုပ်သည့်လုပ်ငန်းအတွက် အားသာချက်များဖြစ်သည်။ ၂၀၁၇ ခုနှစ်တစ်နှစ်တည်း၌ပင် တရုတ်နိုင်ငံမှအထည်ပေါင်း ၇၉ ဘီလီယံခန့်နှင့် ဝါဂွမ်းတန်ချိန် ၅.၉၉ သန်းထုတ်လုပ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရှိအကြီးဆုံးအထည်အလိပ်ထုတ်လုပ်သည့်ကုမ္ပဏီများတွင် Jiangsu Hengli Group၊ Shangtex Holding Co Ltd၊ Lu Thai Textile Co. , Ltd နှင့် Huafu Top Dyed Melange Yarn Co. , Ltdတို့ ပါဝင်ပါတယ်။

 

အိန္ဒိယနိုင်ငံသည် ထုတ်လုပ်မှုပမာဏအရ ကမ္ဘာပေါ်တွင် အထည်အလိပ်အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ IBEF ၏နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယ၏ချည်မျှင်လုပ်ငန်းသည် အိန္ဒိယ၏ထုတ်လုပ်မှုရဲ့ (တန်ဖိုးအတိုင်းအတာဖြင့်) ၇ ရာခိုင်နှုန်းတိုးတက်အောင် ပံ့ပိုးပေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏GDPရဲ့ ၂ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ပြီး ၂၀၁၈-၁၉ တွင်လူပေါင်း ၄၅ သန်းကျော်ကိုအလုပ်ခန့်ထားနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ၂၀၁၈-၁၉တွင် အိန္ဒိယ၏ပို့ကုန်ဝင်ငွေ ၁၅ ရာခိုင်နှုန်းကိုပံ့ပိုးပေးခဲ့ပါသည်။ အိန္ဒိယရှိအကြီးဆုံးအထည်အလိပ်ထုတ်လုပ်သည့်ကုမ္ပဏီများတွင် Arvind Ltd၊ Vardhman Textiles Ltd၊ Welspun India Ltd၊ Raymond Ltd နှင့် Trident Ltd တို့ပါဝင်ပါတယ်။

 

အမေရိကန်သည် ကမ္ဘာပေါ်ရှိ အထည်အလိပ် အများဆုံးထုတ်လုပ်သည့်နိုင်ငံများတွင် တတိယနေရာတွင်ရှိသည်။ ယူအက်စ်အမျိုးသားအထည်အလိပ်အဖွဲ့အစည်းများကောင်စီ (NCTO) မှမကြာသေးမီကထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ အမေရိကန်လူလုပ်ဖိုင်ဘာ၊ အမျှင်၊ အထည်အလိပ် နှင့် အဝတ်အထည် တင်ပို့မှုစုစုပေါင်းတန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၇၆.၈ ဘီလီယံခန့်ရှိခဲ့ပြီး ၎င်းသည် ၂၀၁၇ရဲ့ အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် တိုးတက်ခဲ့သည်။ ထုတ်လုပ်မှု၊ ပြောင်းလွယ်ပြင်လွယ်မှုနှင့်ဆန်းသစ်တီထွင်မှုတို့ကြောင့် အမေရိကန်သည် ကမ္ဘာပေါ်တွင် အထည်အလိပ်အများဆုံးထုတ်လုပ်သူများထဲမှတစ်ဦးဖြစ်ပါသည်။ US ရှိအကြီးဆုံးအထည်အလိပ်ထုတ်လုပ်သည့်ကုမ္ပဏီများတွင် TJX ကုမ္ပဏီများ၊ VF ကော်ပိုရေးရှင်း၊ L Brands Inc၊ Abercrombie & Fitch Coတို့ ပါဝင်ပါတယ်။

 

၀န်ဆောင်မှုကို အခြေခံသည့်စီးပွားရေးဆီသို့ ဦးတည်ရွေ့လျားနေပြီး အလုပ်သမားစျေးနှုန်းများလည်း ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံတကာ ၀ယ်လက်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် သူတို့၏စီးပွားရေးအာရုံစူးစိုက်မှုက မကြာမီအနာဂတ်မှာ ပြောင်းလဲသွားလိမ့်မည်လို့ မျှော်လင့်ရပါတယ်။

 

ကမ္ဘာပေါ်ရှိ အထည်အလိပ်တင်ပို့မှု အများဆုံး နိုင်ငံ (၁၀) နိုင်ငံ

 

111111111111.jpg

 

2018ခုနှစ်တွင် တရုတ်၏အထည်အလိပ်တင်ပို့မှုခန့်မှန်းခြေအားဖြင့်အမေရိကန်ဒေါ်လာ 119 ဘီလီယံတန်ဖိုးရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစျေးကွက်ဝေစု၏ 37.6%ကျော်ကိန်းဂဏန်းတွေကြောင့် ကမ္ဘာပေါ်မှာအကြီးဆုံးအထည်အလိပ်တင်ပို့သည့်တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ အ၀တ်အထည်များ၊ အထည်အလိပ်ပစ္စည်းများ၊ ချည်မျှင်နှင့် အထည်အလိပ်များသည် တရုတ်နိုင်ငံတွင်အများဆုံးတင်ပို့သောကုန်ပစ္စည်းများဖြစ်ခဲ့ရာ ဆယ်စုနှစ်များစွာအတွင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာအထောက်အကူပြုခဲ့သည်။

 

အီးယူသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အထည်အလိပ်တင်ပို့သည့် ဒေသဖြစ်ပြီး ပို့ကုန်တန်ဖိုးဒေါ်လာ ၇၄ နှင့်ကမ္ဘာ့စျေးကွက်ဝေစု၏ ၂၃.၅% ရှိသည်။ အီတလီ၊ ဂျာမနီ၊ စပိန်နှင့်ပြင်သစ်တို့သည်အထည်အလိပ်အများဆုံးထုတ်လုပ်သည့်နိုင်ငံများနှင့်ဒေသတွင်းရှိအထည်အလိပ်တင်ပို့သူများဖြစ်သည်။ အီးယူတွင်အထည်အလိပ်နှင့်အ၀တ်အထည်ကုမ္ပဏီပေါင်း ၁၇၀,၀၀၀ ကျော်ရှိသည်။ ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်သည် အ၀တ်အထည်ကုမ္ပဏီများဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် အထည်အလိပ်ကုမ္ပဏီများဖြစ်သည်။

 

အိန္ဒိယသည် ကမ္ဘာပေါ်ရှိအထည်အလိပ် အများဆုံးတင်ပို့သူများတွင်လည်းပါ၀င်သည်။ ၂၀၁၈ ခုနှစ်တွင်ဒေါ်လာ ၁၈ ဘီလီယံကျော်တင်ပို့မှုနှင့်အတူ IBEFကအိန္ဒိယ၏အထည်အလိပ်နှင့်အထည်အလိပ်တင်ပို့မှုသည် ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂.၀၀ ဘီလီယံအထိတိုးလာလိမ့်မယ်လို့ မျှော်လင့်ရထားကြပါတယ်။

 

By Myanmar Textile & Garment Guide

 

Ref:BizVibe

Read 1189 times
Rate this item
(0 votes)