What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာပေါ်ရှိ ဝင်ငွေအမြင့်မားဆုံး ဖက်ရှင်မော်ဒယ်လ်အမျိုးသမီး (၁၀)ဦး

ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဖက်ရှင်မော်ဒယ်များမှာ ဘယ်သူတွေဖြစ်မလဲ?

 

Kendall Jenner သည် ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံးဖြစ်ပြီး အချမ်းသာဆုံး ဖက်ရှင်စူပါမော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

 

ကမ္ဘာပေါ်ရှိ ထိပ်တန်းအမြင့်ဆုံးဝင်ငွေရှိတဲ့ ဖက်ရှင်မော်ဒယ် ၁၀ ယောက်ရဲ့နာမည်များကတော့...

1. Kendall Jenner
2. Karlie Kloss
3. Chrissy Teigen
4. Rosie Huntington Whiteley
5. Cara Delevingne
6. Gisele Bundchen
7 Gigi Hadid
8 Bella Hadid
9. Joan Smalls
10. Doutzen Kroes တို့ ဖြစ်ပြီး သူတို့ရရှိသောဝင်ငွေနှင့်မွေးသက္ကရာဇ်၊ အသက်၊ အရပ်အမြင့်၊ ဆံပင်အရောင်နဲ့ မျက်လုံးအရောင်များကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

 

1. Kendall Jenner

Photos from Stars Who Speak Out on Mental Health - E! Online - AP

ဝင်ငွေ - ကန်ဒေါ်လာ ၂၂.၅ သန်း
မွေးသက္ကရာဇ် - ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၃ရက်
အရပ်အမြင့် - ၁.၇၉ မီတာ
ဆံပင်အရောင် - Brown
မျက်လုံးအရောင် - Brown
၂၀၂၀ မှာ Kendall Jenner ရဲ့အသားတင်ဝင်ငွေ - ဒေါ်လာ - သန်း ၃၀

Instagram : @kendalljenner
Twitter : @KendallJenner
Facebook : @KendallJenner

၂၃ နှစ်အရွယ် အမေရိကန်စူပါမော်ဒယ် Kendall Jenner ကို ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles တွင်မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မော်ဒယ်အဖြစ် သရဖူ ဆောင်းခဲ့ပါတယ်။

 

2. Karlie Kloss

Karlie Kloss

ဝင်ငွေ - ဒေါ်လာ ၁၃ သန်း
မွေးသက္ကရာဇ် - ၁၉၉၂ခုနှစ်၊ သြဂုတ်လ ၃ ရက်
အရပ်အမြင့် - ၁.၈၈ မီတာ
ဆံပင်အရောင် - Blonde
မျက်လုံးအရောင် - Hazel

၂၀၂၀ ခုနှစ်တွင် Kendall Jenner ရဲ့အသားတင်အမြတ်ဝင်ငွေ ဒေါ်လာ ၂၅ သန်း
Instagram : @Karliekloss
Twitter : @karliekloss
Facebook : @karliekloss

၂၇ နှစ်အရွယ်အမေရိကန်စူပါမော်ဒယ်တစ်ဦးဖြစ်သူ Karlie Elizabeth Kloss ကို အီလီနွိုက်ပြည်နယ်၊ ချီကာဂိုတွင် မွေးဖွားခဲ့ပြီး စွန့်ဦးတီထွင်ခြင်းနဲ့ ပရဟိတလုပ်ငန်းတွင်လည်း ပါဝင်ခဲ့ပါတယ်။ သူမ အသက် ၁၇ နှစ်မှာ Vogue Paris ကနေ သူမကို “ ၂၀၀၀ ပြည့်နှစ်များရဲ့ထိပ်တန်းမော်ဒယ် ၃၀” ထဲတွင် ပါဝင်ကြေညာခဲ့ပါတယ်။ လျှောက်လမ်းပေါ်တွင် သူမရဲ့ “ Panther” ပုံစံ ကြောင့် လူသိများခဲ့ပါတယ်။

 

3. Chrissy Teigen

Christine Diane Teigen Super Model


ဝင်ငွေ - ဒေါ်လာ ၁၁.၅ သန်း
မွေးသက္ကရာဇ် - ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်
အရပ်အမြင့် - ၁.၇၄ မီတာ
ဆံပင်အရောင် - Brown
မျက်လုံးအရောင် - Brown
၂၀၂၀ ခုနှစ်တွင် Brown Chrissy Teigen ရဲ့ခန့်မှန်းခြေအသားတင်ဝင်ငွေ- ဒေါ်လာ၂၆ သန်း

Instagram : @chrissyteigen
Twitter : @chrissyteigen
Facebook : @CravingsbyChrissyTeigen

အသက် ၃၄ နှစ်ရှိ အမေရိကန်မော်ဒယ်၊ စာရေးဆရာမတစ်ဦးလည်းဖြစ်တဲ့ Christine Diane Teigen ကို အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Delta တွင် မွေးဖွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တွင် နှစ်စဉ်အားကစားသရုပ်ဖော်ပုံရေကူးဝတ်စုံဆိုင်ရာပြဇာတ်တွင် ပါဝင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် နှစ် ၅၀ မြောက် cover အတွက် Nina Agdal နှင့် Lily Aldridge တို့နှင့်အတူ ပါဝင်ခဲ့ပါတယ်။

 

4. Rosie Huntington Whiteley

Rosie Huntington Whiteley Modal


ဝင်ငွေ - ဒေါ်လာ ၁၁.၅ သန်း
မွေးသက္ကရာဇ် - ၁၉၈၇ခုနှစ်၊ ဧပြီလ ၁၈ ရက်
အရပ်အမြင့် - 1.75 m
ဆံပင်အရောင် - Blonde
မျက်လုံးအရောင် - အပြာရောင်
၂၀၂၀ ခုနှစ်တွင် Rosie Huntington Whiteley ရဲ့ အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၄၀

Instagram : @rosiehw
Twitter :@rosiehw
Facebook :@ Rosie.HW

အသက် ၃၃ နှစ်ရှိ အင်္ဂလိပ်မော်ဒယ်၊ မင်းသမီး၊ ဒီဇိုင်နာနဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်သူ Rosie Huntington Whiteley ကို ဗြိတိန်နိုင်ငံ၊ Plymouth တွင် မွေးဖွားခဲ့ပါတယ်။ သူမသည် ၂၀၀၆ ခုနှစ်တွင် Victoria's Secret ရဲ့ အတွင်းခံအဝတ်ကြော်ငြာတွင် အမျိုးသမီးမော်ဒယ်လ်အဖြစ် ထင်ရှားခဲ့ပါတယ်။ သူမသည် Hourglass beauty brand ရဲ့ ပထမဆုံး ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။

 

5. Cara Delevingne

Cara Delevingne


ဝင်ငွေ - ဒေါ်လာ ၁၀.၅ သန်း
မွေးသက္ကရာဇ် - ၁၉၉၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်
အရပ်အမြင့် - ၁.၇၃ မီတာ
ဆံပင်အရောင် - Blonde
မျက်လုံးအရောင် - Blue
၂၀၂၀ ခုနှစ်တွင် Cara Delevingne ရဲ့ အသားတင်ဝင်ငွေတန်ဖိုးဒေါ်လာ ၃၅ သန်း

Instagram : @caradelevingne
Twitter : @Caradelevingne
Facebook : @CaraDelevingneOfficialPage

၂၇ နှစ်အရွယ် အင်္ဂလိပ်မော်ဒယ်မင်းသမီး၊ အဆိုတော်တစ်ဦးဖြစ်သူ Cara Jocelyn Delevingne ကို United Kingdom ၊ London၊ Hammersmith တွင် မွေးဖွားခဲ့ပါတယ်။ Delevingne သည် ၂၀၁၂ နှင့် ၂၀၁၄ တွင် British Fashion Awards ၌ Model of the Year ဆုကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Cara Delevingne ရဲ့ဝါသနာများမှာ သီချင်းဆိုခြင်း၊ ဗုံတီးခြင်းနဲ့ ဂစ်တာတီးခြင်းတို့ ဖြစ်ပါတယ်။ Delevingne သည် ၂၀၁၂ ခုနှစ် Anna Karenina ရုပ်ရှင်တွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

6. Gisele Bundchen

Gisele Bundchen


ဝင်ငွေ - ဒေါ်လာ ၁၀.၅ သန်း
မွေးသက္ကရာဇ် - ၁၉၈၀ခုနှစ်၊ ဇူလိုင် ၂၀ရက်
အရပ်အမြင့် - ၁.၈၀ မီတာ
ဆံပင်အရောင် - အညိုရောင်
မျက်လုံးအရောင် - Blue

၂၀၂၀ ခုနှစ်တွင် Gisele Bundchen ရဲ့ ခန့်မှန်းခြေဝင်ငွေတန်ဖိုး - ဒေါ်လာသန်း ၄၀၀

Instagram : @gisele
Twitter :@giseleofficial
Facebook :@Gisele

အသက် ၃၉ နှစ်ရှိ Gisele Bundchen သည် Brazilian model တစ်ဦးလည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ၊ စာရေးသူ၊ ရုပ်ရှင်မင်းသမီးနှင့်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒိုဆူပြည်နယ်၊ Horizontina တွင် မွေးဖွားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှစ၍ Gisele Bundchen သည် ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံးပေးရသော မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တွင် သူမသည် ဖျော်ဖြေရေးလုပ်ငန်းတွင် ၁၆ ယောက်မြောက် အချမ်းသာဆုံး အမျိုးသမီးတစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Forbes ၏ထိပ်တန်းဝင်ငွေရရှိမှုမော်ဒယ်များစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပါတယ်။

 

7. Gigi Hadid

Gigi Hadid


ဝင်ငွေ - ဒေါ်လာ ၉.၅ သန်း
မွေးသက္ကရာဇ် - ၁၉၉၅ခုနှစ်၊ ဧပြီ ၂၃ ရက်
အရပ်အမြင့် - ၁.၇၉ မီတာ
ဆံပင်အရောင် - Blonde
မျက်လုံးအရောင် - Blue-green
၂၀၂၀ခုနှစ်တွင် Gigi Hadid ရဲ့ ခန့်မှန်းဝင်ငွေတန်ဖိုး ဒေါ်လာ ၂၉ သန်း

Instagram : @gigihadid
Twitter : @GiGiHadid
Facebook : @officialgigihihadid

အသက် ၂၅ နှစ်အရွယ် Jelena Noura “ Gigi” Hadid သည် အမေရိကန်ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်ပြီး သူမကို အမေရိကန်ပြည်ထောင်စု၊ California၊ Los Angeles တွင် မွေးဖွားခဲ့ပါတယ်။

Gigi Hadid သည် ၂၀၁၃ ခုနှစ်တွင် IMG Models အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် Hadid သည် Models.com တွင်ထိပ်ဆုံးအဆင့် ၅၀ တွင် ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် သူမအား British Fashion Council ရဲ့ International Model of the Year အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

 

၈ ။ Bella Hadid

Bella Hadid


ဝင်ငွေ - ဒေါ်လာ ၈.၅ သန်း
မွေးသက္ကရာဇ် - ၁၉၉၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်
အရပ်အမြင့် - ၁.၇၅ မီတာ
ဆံပင်အရောင် - Brown, Blonde (natural)
မျက်လုံးအရောင် - Blue-green
၂၀၂၀ ခုနှစ်တွင် Bella Hadid ရဲ့အသားတင်ဝင်ငွေတန်ဖိုး ဒေါ်လာ ၂၅ သန်း

Instagram : @bellahadid
Twitter : @bellahadid
Facebook : @bellahadidworld

အသက် ၂၃ နှစ်အရွယ် အမေရိကန်မော်ဒယ် Isabella Khair Hadid ကို အမေရိကန်နိုင်ငံ ၊ ၀ ါရှင်တန်ဒီစီတွင် မွေးဖွားခဲ့ပါတယ်။ Hadid သည် အသက် ၁၆ နှစ်တွင် Flynn Skye စီးပွားဖြစ်စီမံကိန်းတွင် မော်ဒယ်လ်အဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ Isabella Khair Hadid သည် အမေရိကန်မော်ဒယ်လ်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သူမအား Model.com ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုအတွက် ပညာရှင်များက Model of the Year အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

 

9. Joan Smalls

Joan Smalls | Model street style, Street style, Casual couture


ဝင်ငွေ - ဒေါ်လာ ၈.၅ သန်း
မွေးသက္ကရာဇ် - ၁၉၈၈ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်
အရပ်အမြင့် - ၁.၇၉ မီတာ
ဆံပင်အရောင် - Brown
မျက်လုံးအရောင် - Brown (EU) 83-61-87

၂၀၂၀ ပြည့်နှစ်တွင် Joan Smalls ရဲ့ အသားတင်ဝင်ငွေ ဒေါ်လာ ၂၆ သန်း

Instagram : @joansmalls
Twitter : @joansmalls
Facebook : @therealjoansmalls

အသက် ၃၁ နှစ်အရွယ် Joan Smalls Rodriguez သည် Puerto Rican စူပါမော်ဒယ်မင်းသမီးတစ်ဦး ဖြစ်ပြီး သူမကို Puerto Rico ရှိ Hatillo တွင်မွေးဖွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တွင် Joan Smalls သည် Estée Lauder အလှကုန်ကိုယ်စားပြုပထမဆုံး Latina မော်ဒယ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် သူမသည် Models.com မှ ကမ္ဘာပေါ်တွင် နံပါတ် ၁ အဆင့်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်တွင် Joan Smalls သည် Forbes မဂ္ဂဇင်း၏ “ ကမ္ဘာ့အမြင့်ဆုံးဝင်ငွေပေးရသော” စာရင်းတွင် နံပါတ် ၈တွင် ပါဝင်ခဲ့ပြီး ပထမဆုံးအကြိမ် ဝင်ငွေဒေါ်လာ ၃ သန်းကျော် ရရှိခဲ့ပါတယ်။ သူမသည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် American Elle ၏“ Return of the Supermodel” မျက်နှာဖုံးတွင် ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

 

10. Doutzen Kroes

Doutzen Kroes


ဝင်ငွေ - ဒေါ်လာ ၈ သန်း
မွေးသက္ကရာဇ် - ၁၉၈၅ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်
အရပ်အမြင့် - ၁.၇၉ မီတာ
ဆံပင်အရောင် - Blonde
မျက်လုံးအရောင် - Blue
၂၀၂၀ ခုနှစ်တွင် Doutzen Kroes ရဲ့ အသားတင်ဝင်ငွေတန်ဖိုး ဒေါ်လာ ၃၂ သန်း

Instagram : @doutzen
Twitter : @Doutzen
Facebook : @Doutzen

အသက် ၃၅ နှစ်အရွယ်ရှိ Doutzen Kroes သည် Dutch Fashion မော်ဒယ်လ်မင်းသမီးတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းတွင်လည်း တက်ကြွလှုပ်ရှားပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို နယ်သာလန်နိုင်ငံ၊ Gytsjerk တွင် မွေးဖွားခဲ့ပါတယ်။

Doutzen Kroes သည် ၂၀၀၃ ခုနှစ်တွင် နယ်သာလန်၌ မော်ဒယ်လ်အဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမသည် ၂၀၀၈ ခုနှစ်မှစ၍ Victoria's Secret Angel တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တွင် Doutzen Kroes သည် Forbes ရဲ့ ဝင်ငွေအကောင်းဆုံးမော်ဒယ်များစာရင်းဝင် ဒုတိယနေရာတွင်ရှိပြီး တစ်နှစ်အတွင်း ဒေါ်လာ ၈ သန်း ရရှိခဲ့ပါတယ်။

Doutzen Kroes သည် ၂၀၀၆ ခုနှစ်မှစ၍ L'Oreal Paris ရဲ့ brand ambassador တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမသည် ၂၀၀၈ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် ဝင်ငွေဒေါ်လာ ၅ သန်းကျော် ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးမော်ဒယ်များစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။

 

By Myanmar Textile & Garment Guide
Ref: liveplanetnews.com

Read 883 times
Rate this item
(0 votes)