What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တော်ဝင်စတိုင်လ် ခံယူလိုက်တဲ့ Meghan

ဗြိတိန်ရွှေနန်းတော်ရဲ့ အရိပ်အောက်ကို ရောက်သွားပြီဖြစ်တဲ အမေရိကန် ဟောလီဝုဒ် မင်းသမီး Meghan ဟာ သူ့ရဲ့ ဂုဏ်ဆောင် Duchess of Sussex တာဝန်ဝတ္တရားအရ မဖြစ်မနေ တက်ရောက်ရတဲ့ ပထမဆုံးပွဲဦးထွက်အဖြစ် ချားမင်းသားရဲ့ အသက်၇၀ ပြည့်မွေးနေ့ပွဲကို တက်ရောက် ခဲ့ပါတယ်။


ရွှေနန်းတော်ရဲ့ ဖက်ရှင်စည်းမျဉ်းတွေအရ စတိုင်လ်တွေ ပြောင်းလဲလိုက်တာကို တွေ့ရပေမဲ့ အံ့သြမင်သက်မိရတာကိုလည်း တွေ့ကြရတယ်။ အဲဒါကတော့ ခြေထောက်အရေပြား ဖော်မထားရဆိုတဲ့ ရွှေစည်းကမ်းအတွက် Meghan က ခြေအိတ်ရှည် ၀တ်ဆင်လာတာမှာ အဖြူရောင် ခြေအိတ်ပါးပါးကို ၀တ်ဆင်ထားတာ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ အလိုကျ အရောင်က အရေပြားအရောင် nude colour ခြေအိတ် ပါးပါးကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ ခြေအိတ်ဝတ်ထားမှန်း မသိသာအောင် ၀တ်ဆင်ဖို့ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ Meghan ဟာ ဣနြေ္ဒရရ ၀တ်ဆင်လာတာမှာ ဒူးဖုံးထဲအထိ ရှည်တဲ့ ၀တ်စုံကို ဆင်မြန်းလာတယ်။ အဲဒီဝတ်စုံဟာ ဗြိတိသျှ brand တစ်ခုဖြစ်တဲ့ Goat ရဲ့ ၀တ်စုံဖြစ်ပြီး ဈေးနှုန်းက ပေါင် ၅၉၀ လို့ သတင်း တစ်ပုဒ်မှာ ဖော်ပြထားတယ်။ ကျပ်နဲ့ဆိုရင် ၁၀ သိန်းပတ်လည်ဖြစ်ပါတယ်။
အခုလို တော်ဝင်စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ တော်ဝင်စက်ရုပ်တစ်ခုလို ဖြစ်သွားပြီ လို့ ဆိုကြတယ်။

ဆံထုံးနဲ့ ခေါင်းဆောင်း
***************
ဆံပင်ကို ဆံထုံး ထုံးပြီး အခမ်းအနားတက်ရင် ဦးထုပ်ဆောင်းရတယ်။ ညနေ ၆ နာရီကျော်ပြီးဆိုရင်တော့ ဦးထုပ်မဆောင်းရတော့ဘူး။ ရတနာစီခြယ်ထားတဲ့ ဘီးကုပ်ကို သုံးလို့ ရတယ်။
ဆံထုံး ထုံးတာမှာ ဆံချည်မျှင် လွတ်ထွက်နေတာ မရှိအောင် သပ်သပ်ရပ်ရပ် ထုံးရမယ်။ ကပိုကယို စတိုင်လ်မျိုး မရဘူး။

လည်ပင်းပေါက်

*************
လည်ပင်းပေါက် ဖောက်ထားတာ ရင်သား ပေါ်လုပေါ်ခင်အထိ ဣနြေ္ဒ မထိန်းတာ မဖြစ်ရဘူး။ နည်းနည်းလေးတော့ မြှင့်ထားဖို့ လိုမယ်။ လက်မှာကိုင်ထားရမယ့် ပတ္တာလက်ကိုင်အိတ်နဲ့ ရင်သားမပေါ်အောင် ကွယ်တာကာတာမျိုးကို ဒိုင်ယာနာ ကျွမ်းကျင်တယ်။ အထူးသဖြင့် ကားပေါ်က အဆင်းမှာ ခါးကို ကိုင်းပြီး ဆင်းရတဲ့အခါ အသင့်ချောင်းနေတဲ့ ဓာတ်ပုံဆရာတွေ ရဲ့ ရန်မှ ကာကွယ်ဖို့ကို ဒိုင်ယာနာက လက်ကိုင်အိတ်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အသုံးပြုလေ့ ရှိပါတယ်။

diana purse

diana purse3

diana purse 1

diana purse 2

လက်သည်းဆိုးဆေးအရောင်
************
လက်သည်း ဆေးဆိုးမယ်ဆိုရင်လည်း သဘာဝလက်သည်းရောင်ကိုသာ ဆိုးရမယ်။ အထင်းသားဖြစ်နေစေမယ့် အရောင်ကို မဆိုးရဘူး။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ အရောင်ကိုက်အောင် လက်သည်းအရောင်ဆိုးတာ မလုပ်ရဘူး။
ကြုံလို့ ပြောရဦးမယ်။ ဘုရင်မကြီး အဲလစ်ဇဘက်က Ballet Slippers ပန်းနုရောင်ဖျော့ လက်သည်းဆိုးဆေးကို စွဲစွဲမြဲမြဲ သုံးတာ ၂၈ နှစ် ရှိပြီ။ ဈေးနှုန်းက တစ်ပုလင်းကို ၈ ပေါင်  လောက် ရှိတယ်။ ကျပ်နဲ့ဆိုရင် တစ်သောင်းခွဲ ၀န်းကျင် ဖြစ်ပါတယ်။

black nail


အနက်ရောင်ကို ရှောင်
***************
နေ့ခင်းဘက် အခမ်းအနားတက်ရင် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ရတယ်။ အဲဒါအပြင် အနက်ရောင် ဆင်မြန်းခြင်းကို ဖြစ်နိုင်သရွေ့ ရှောင်ကြရတယ်။ ၀မ်းနည်းကြေကွဲနေကြောင်း၊ ကွယ်လွန်သူကို လွမ်းဆွတ်သတိရကြောင်း ပြသရတဲ့နေ့မျိုးတွေမှသာ အနက်ရောင်ကို တမင် ၀တ်ဆင်ကြရတယ်။

black day

ပိုက်ဆံအိတ်
*******
စလွယ် ပိုက်ဆံအိတ်၊ ပခုံးချိတ် ပိုက်ဆံအိတ်တွေ မသုံးရဘူး။ လက်ထဲ ကိုင်ထားရတဲ လက်ကိုင်ပိုက်ဆံအိတ်မျိုးကိုပဲ သုံးရတယ်။ လက်ကိုင်ပိုက်ဆံအိတ်က အမျိုးမျိုး သုံးလို့ရတယ်။ ရင်သားမပေါ်အောင် ကာဖို့လည်း သုံးလို့ရတယ်။ လက်ဆွဲမနှုတ်ဆက်ချင်တဲ့သူနဲ့ တွေ့ရတဲ့အခါ လက်နှစ်ဖက်နဲ့ အိတ်ကို ကိုင်ထားပြီး လက်မအားလို့ လက်ဆွဲမနှုတ်ဆက်တာလို့ ဟန်ဆောင်လို့ရတယ်။ အဲဒီလိုမျိုး လုပ်လေ့ရှိတာ Kate ဖြစ်ပါတယ်။
တခြား သယ်စရာရှိရင် အကူတစ်ယောက်ကို ခေါ်သွားပြီး သူ့ကို သယ်ခိုင်းရမယ်။ ကိုယ်တိုင် မသယ်ရဘူး။

kate purse

ခြေမချိတ်ရ
*************
ထိုင်တဲ့အခါ ခြေချိတ်ပြီး မထိုင်ရဘူး။ ဣနြေ္ဒမဲ့တယ် သရုပ်ပျက်တယ်လို့ သတ်မှတ်တယ်။
ဒီတော့ တော်ဝင်အမျိုးသမီးတွေ ထိုင်ရင် ဒူးခေါင်းချင်း ထိနေအောင် စေ့ထားပြီး ထိုင်ရတယ်။

 

cross leg

စကပ်အနား လေးလေး
*************
အောက်စ လေတိုက်လို့ မလန်အောင် စကပ်အောက်နားကို ချုပ်တဲ့အခါ လေးလေးပင်ပင် ဖြစ်နေအောင် စီမံပြီး ချုပ်ပေးရတယ်။ အဲဒါက နောက်တိုး စည်းကမ်းအသစ်။
အမေရိကန် မင်းသမီး မာရီလင်မွန်ရိုး လေတိုက်လို့ စကပ်လန်တဲ့ပုံဟာ ကမ္ဘာကျော်တယ်။ အဲဒီလို လေအထန်မှာ လန်တာကို ၂၀၁၁ ခုနှစ်တုန်းက Kate Middleton ဖြစ်ကြုံခဲ့တယ်။ မပေါ့မပါး ကိုယ်လေးလက်ဝန် Kate Middleton စကပ်လန်တာကို မီဒီယာအချို့က ဓာတ်ပုံ ဖော်ပြခဲ့ကြပါတယ်။

KATE MIDDLETON lift wind


အဲဒီနောက်ပိုင်းမှာ အခု စည်းကမ်းကို အသစ် ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ တော်ရုံတန်ရုံ လေထန်တာကြောင့်နဲ့တော့ စကပ် မလန်စေရဘူး။
စကပ်ဖြစ်ဖြစ် ဂါဝန်ဖြစ်ဖြစ် အောက်အနားက ဒူးဖုံးရမယ်။ ရွှေနန်းတော်မှာ ဒူးမပေါ် ပေါ်လစီကို ကျင့်သုံးတယ်။ ဒူးပေါ်တာကို ၀တ်မယ်ဆိုရင် တစ်လက်မ နှစ်လက်မထက် မပိုရဘူးတဲ့။


ချက္က၀ါ

Read 45868 times
Rate this item
(2 votes)