What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထရန္စ္႐ုိစီယုိထရန်စ်ရိုစီယို

(Zaw+Uni) ဖက္ရွင္ေလာကမွာ စူပါေမာ္ဒယ္ေတြက ေခတ္ကုိ သ႐ုပ္ထင္ေစခဲ့တယ္။

မ်က္ႏွာ၊ ကုိယ္လုံးကုိယ္ထည္ေတြမွာ အပုိအလုိမရွိ ေမာ္ဒယ္ခႏၶာအခ်ဳိးအစား ရွိေနလုိ႔ သူတုိ႔ ကုိယ္ေပၚတင္လုိက္တဲ့ ဖက္ရွင္ဟာ ဖက္ရွင္ ျဖစ္သြားရတယ္။ အမ်ဳိးသားေမာ္ဒယ္ေတြ ရွိေပမဲ့ အမ်ဳိးသမီးေတြကသာ ႀကီးစုိးထားတယ္။
အခုေတာ့ ဖက္ရွင္လုပ္ငန္းဟာ အေကြ႕အခ်ဳိး ေျပာင္းလဲမႈကုိ ျဖတ္သန္းေနတယ္။ အမ်ဳိးသမီးေမာ္ဒယ္ အသုိင္းအဝုိင္းအျပင္ ေနာက္ထပ္ေမာ္ဒယ္အသုိင္းအဝုိင္းတစ္ခု ေပၚထြက္လာေနတယ္။ သူတုိ႔က ရဲရင့္တယ္။ သူတုိ႔က ကြဲျပားျခားနားေနတယ္။ သူတုိ႔က အဝတ္အစားေတြ ေရာင္းေကာင္းေအာင္ ဘယ္လုိ ဝတ္ဆင္ျပရမလဲဆုိတာကုိလည္း စူပါေမာ္ဒယ္ေတြနည္းတူ အထာနပ္ၾကတယ္။ သူတုိ႔က ထရန္စ္ဂ်န္းဒါ transgender ေတြ ျဖစ္ပါတယ္။
သူတုိ႔က ဖက္ရွင္လုပ္ငန္းနယ္ပယ္ရဲ႕ အမ်ဳိးသမီးေတြအေပၚ ႐ႈျမင္ပုံေတြကုိ ေျပာင္းလဲေအာင္ ျပဳေပးေနတယ္။ ၿပီးေတာ့ ေမာ္ဒယ္ဆုိတာ ဘယ္လုိ ျဖစ္သင့္သလဲဆုိတာကုိလည္း ေျပာင္းလဲေအာင္ ျပဳေပးေနတယ္။ တစ္နည္းေျပာရရင္ ဖက္ရွင္ေမာ္ဒယ္ေလာကမွာ ေျပာင္းလဲတုိးတက္ၿပီး အျမင္က်ယ္တဲ့ ႐ႈျမင္ပုံေတြ ေမြးဖြားႀကီးထြားေအာင္ ျပဳေပးေနၾကတယ္။

philippine

 

သူတုိ႔တေတြထဲမွ တခ်ဳိ႕ကုိ ေရြးခ်ယ္တင္ျပသြားဖုိ႔ ရွိတာမွာ ဒီတစ္ပတ္မွာ ဖိလစ္ပုိင္မွ ဂ်ီနာ ႐ုိစီယုိနဲ႔ စတင္လုိက္ခ်င္ပါတယ္။
ဖိလစ္ပုိင္မွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ ႐ုိစီယုိ ငယ္စဥ္ကေလးဘဝက တီရွပ္ကုိ ေခါင္းမွာပတ္ၿပီး ေပါင္းထုပ္လုပ္ကာ အလွဆင္တယ္။ အေမ့ကုိ သူက ေျပာတယ္။ သူဟာ မိန္းကေလးတစ္ေယာက္ပါတဲ့။
ဖက္ရွင္ေလာကမွာ လိင္အမ်ဳိးအစားက ကံၾကမၼာပဲ။ မိန္းကေလးဆုိရင္ စူပါေမာ္ဒယ္အထိ ျမင့္တက္သြားႏုိင္တယ္။ ေယာက္်ားေလးဆုိရင္လည္း စူပါေမာ္ဒယ္အထိ ျမင့္တက္ႏုိင္တယ္။ ဒါေပမဲ့ မိန္းကေလး စူပါေမာ္ဒယ္ေတြေလာက္ေတာ့ သတင္းေတြထဲ လႈိင္လႈိင္ပါမွာ မဟုတ္ဘူး။ ႐ုိစီယုိလုိ မိန္းမစိတ္ ဝင္ေနတဲ့ ေယာက္်ားေလးတစ္ေယာက္အဖုိ႔ေတာ့ ေနရာ မရွိဘူး။

image 1


ဒီေတာ့ ႐ုိစီယုိရဲ႕ ဖက္ရွင္ေမာ္ဒယ္ျဖစ္လုိတဲ့ အိပ္မက္က ေဝးဝါးေနခဲ့တယ္။ ကံေကာင္းေထာက္မစြာျဖင့္ သူ႔အသက္ ၁၅ ႏွစ္မွာ အလွမယ္ မန္ေနဂ်ာတစ္ဦးနဲ႔ ဆုံခြင့္ ရခဲ့တယ္။ အဲဒီမန္ေနဂ်ာက လိင္ေျပာင္းထားတဲ့သူ ျဖစ္ေနတယ္။ ႐ုိစီယုိ ဆုံးျဖတ္လုိက္တယ္။ သူ ႀကိဳးစားၾကည့္မယ္။ အမ်ဳိးသားေမာ္ဒယ္ လုပ္ကုိင္မယ့္အစား အမ်ဳိးသမီးေမာ္ဒယ္ လုပ္မယ္။ ဒါေပမဲ့ မိန္းကေလး ေယာင္ေဆာင္ထားတာ ေပၚသြားခဲ့ရင္ ဘူးေပၚသလုိ ေပၚတဲ့ေန႔မွာ ေမာ္ဒယ္ဘဝ အဆုံးသတ္ၿပီ။ အဲဒီအျဖစ္ကို ႀကံဳခဲ့ၾကတဲ့ ေမာ္ဒယ္ေတြထဲမွာ Lauren Foster, Crimsona Kaiser, Caroline Cossey စတဲ့သူေတြ ပါဝင္တယ္။ ဒီေတာ့ ႐ုိစီယုိ အရဲစြန္႔ခဲ့ရတယ္။
‘‘က်မ ေမာ္ဒယ္ စလုပ္ေတာ့ အခုအခါလုိ ထရန္႔ဂ်င္းဒါ ဆုိတာကုိ လက္ခံေပးတာ မရွိေသးဘူး။ က်ားကေန မ ေျပာင္းေျပာင္း၊ မ ကေန က်ားေျပာင္းေျပာင္း ဟင့္အင္းပဲ။ ဒီေတာ့ က်မ မိန္းကေလးအျဖစ္ ေျပာင္းလဲၿပီး ေမာ္ဒယ္လုပ္ေနတာကုိ လူသိမခံဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္’’ လုိ႔ ႐ုိစီယုိ က ေျပာျပတယ္။
မထင္မရွား ျဖစ္ေနခဲ့ၿပီး သူ႔ကုိ ဓာတ္ပုံဆရာတစ္ေယာက္က ေတြ႕သြားတယ္။ အဲဒီဓာတ္ပုံဆရာေက်းဇူးနဲ႔ NEXT Model Management မွာ ကန္ထ႐ုိက္စာခ်ဳပ္ လက္မွတ္ထုိးခြင့္ ရသြားတယ္။ ေနာပ္ထက္ ဆယ္ႏွစ္ဝန္းက်င္ အဲဒီေမာ္ဒယ္ေအဂ်င္စီမွာပဲ ႐ုိစီယုိ ဆက္လက္လုပ္ကုိင္ခဲ့တယ္။ ‘‘က်မ ရင္တထိတ္ထိတ္ ဖုိရတဲ့ အခ်ိန္အခါေတြ ရွိတယ္။ အၿမဲေၾကာင့္ၾကေနခဲ့ရတယ္။ သိသြားၾကရင္ ဘယ္လုိလုပ္မလဲ။ ဘဝတစ္ခုအတြက္ ရင္းရတာ တကယ္ကုိ လုံေလာက္ပါတယ္။ တကယ့္ေမတၱာစစ္ကုိ က်မ သိခဲ့တယ္။ က်မကုိ နားလည္လက္ခံေပးတာကုိလည္း သိခဲ့တယ္။ က်မရဲ႕ ရွက္ရြံ႕မိရျခင္း ေဝဒနာေတြကုိ အနာက်က္ေစခဲ့တယ္’’

TED TALK


သူမရဲ႕ သက္ေမြးအလုပ္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ တစ္ပုိင္းတစ္စ ေရာက္ရွိေနခ်ိန္မွာပဲ သူမဟာ မိန္းကေလးအစစ္ မဟုတ္ဘူးဆုိတာကုိ ဆက္လက္ဖုံးကြယ္ျခင္း မျပဳဖုိ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။
‘‘က်မရဲ႕ ခရီးရွည္အသစ္တစ္ခုကုိ အသိေပးေဝမွ်ဖုိ႔ ဆုံးျဖတ္ခ်က္ကုိ မခ်ခင္မွာ က်မ ရင္ဆုိင္လာရမယ့္ဟာေတြအတြက္ အသင့္ျဖစ္ေနဖုိ႔ လုိတယ္’’ လုိ႔ သူမက ေျပာျပတယ္။ အင္တာနက္မွ ထုတ္လႊင့္တဲ့ နာမည္ႀကီး TED Talk ရဲ႕ ၂ဝ၁၄ ခုႏွစ္မွာ တင္ဆက္တဲ့ International Transgender Day of Visibility အစီအစဥ္မွာ သူမက ထရန္စ္ဂ်န္းဒါ အျဖစ္ ပြဲထြက္လုိက္တာ အဲဒီမွတ္တမ္းဗီဒီယုိ တမုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားတယ္။
အဲဒီမွာ သူမက ဘာေတြ ေျပာခဲ့သလဲ။
သူမရဲ႕ ဘဝဇာတ္ေၾကာင္းကုိ ႐ုိစီယုိက ေျပာျပခဲ့တယ္။ မိဘေတြရဲ႕ ကူညီေဖးမတာကုိ သူမ ရရွိခဲ့တယ္။ အဲဒါဟာ ထူးျခားတယ္။ သားတစ္ေယာက္ ကေလးသာသာ အရြယ္မွာ မိန္းမလ်ာ ျဖစ္ေနတာကုိ နားလည္ေပးၿပီး ေဖးမကူညီေပးခဲ့ၾကတယ္။ တကယ့္ေမတၱာစစ္ကုိ သိေစခဲ့တယ္။ အဲဒီလုိ မကန္႔ကြက္ဘဲ စာနာနားလည္ေပးခဲ့တာေၾကာင့္လည္း သူမရဲ႕ ဘဝ ေျပာင္းလဲသြားခဲ့တယ္လုိ႔ ႐ုိစီယုိက ေျပာျပခဲ့တယ္။
‘‘က်မ အခုလုိ ေျပာျပတာကုိ ျပန္တင္ျပၾကတဲ့အခါ ဖက္ရွင္လုပ္ငန္းနယ္ပယ္နဲ႔ မီဒီယာ နယ္ပယ္တုိ႔က ထရန္စ္ဂ်န္းဒါး ေမာ္ဒယ္‘transgender model’လုိ႔ သုံးႏႈန္းခဲ့ၾကတယ္။ တရန္စ္ ျဖစ္ေနတာေတြ ရွိတယ္ဆုိတဲ့ အရွိကုိအရွိအတုိင္း ေျပာဆုိ္ၾကတဲ့ အခုိက္အတန္႔တစ္ခု အေမရိကန္မွာ သမုိင္းတြင္သြားတယ္’’ လုိ႔ သူမက ေျပာျပတယ္။

Rocero Burberry top


‘‘အရွည္ၾကာဆုံး ကာလတစ္ေလွ်ာက္ ထရန္စ္ေမာ္ဒယ္ေတြ ပုန္းလွ်ဳိးကြယ္လွ်ဳိး ျဖစ္ခဲ့ၾကတယ္။ ေနာက္ေတာ့ ႐ုတ္ခ်ည္း ေျပာင္းလဲသြားတယ္။ ထရန္စ္ေတြအတြက္ ေနရာတစ္ေနရာ ရသြားတယ္။ က်မတုိ႔ဟာ ထရန္စ္ေတြ။ က်မတုိ႔ကုိ တျခားဘာမွ မဟုတ္ဘူး။ ထရန္စ္ေတြလုိ႔ ျမင္ၾကတဲ့အျဖစ္ကုိ ေရာက္သြားတယ္။ က်မ အမွန္အတုိင္း က်မဟာဘာလဲဆုိတာ ေျပာျပလုိ႔ ရသြားခဲ့တယ္။ ဘာမွ ပုန္းလွ်ဳိးကြယ္လွ်ိး ျဖစ္ေနဖုိ႔ မလုိေတာ့ဘူး။ လူေတြ သိသြားမလားလုိ႔ ေၾကာင့္ၾကေနဖုိ႔ မလုိေတာ့ဘူး’’ လုိ႔ ႐ုိစီယုိက ေျပာျပခဲ့ပါတယ္။

Unicode

Transgender Model

===========
ဖက်ရှင်လောကမှာ စူပါမော်ဒယ်တွေက ခေတ်ကို သရုပ်ထင်စေခဲ့တယ်။ မျက်နှာ၊ ကိုယ်လုံးကိုယ်ထည်တွေမှာ အပိုအလိုမရှိ မော်ဒယ်ခန္ဓာအချိုးအစား ရှိနေလို့ သူတို့ ကိုယ်ပေါ်တင်လိုက်တဲ့ ဖက်ရှင်ဟာ ဖက်ရှင် ဖြစ်သွားရတယ်။ အမျိုးသားမော်ဒယ်တွေ ရှိပေမဲ့ အမျိုးသမီးတွေကသာ ကြီးစိုးထားတယ်။
အခုတော့ ဖက်ရှင်လုပ်ငန်းဟာ အကွေ့အချိုး ပြောင်းလဲမှုကို ဖြတ်သန်းနေတယ်။ အမျိုးသမီးမော်ဒယ် အသိုင်းအဝိုင်းအပြင် နောက်ထပ်မော်ဒယ်အသိုင်းအဝိုင်းတစ်ခု ပေါ်ထွက်လာနေတယ်။ သူတို့က ရဲရင့်တယ်။ သူတို့က ကွဲပြားခြားနားနေတယ်။ သူတို့က အဝတ်အစားတွေ ရောင်းကောင်းအောင် ဘယ်လို ဝတ်ဆင်ပြရမလဲဆိုတာကိုလည်း စူပါမော်ဒယ်တွေနည်းတူ အထာနပ်ကြတယ်။ သူတို့က ထရန်စ်ဂျန်းဒါ transgender တွေ ဖြစ်ပါတယ်။
သူတို့က ဖက်ရှင်လုပ်ငန်းနယ်ပယ်ရဲ့ အမျိုးသမီးတွေအပေါ် ရှုမြင်ပုံတွေကို ပြောင်းလဲအောင် ပြုပေးနေတယ်။ ပြီးတော့ မော်ဒယ်ဆိုတာ ဘယ်လို ဖြစ်သင့်သလဲဆိုတာကိုလည်း ပြောင်းလဲအောင် ပြုပေးနေတယ်။ တစ်နည်းပြောရရင် ဖက်ရှင်မော်ဒယ်လောကမှာ ပြောင်းလဲတိုးတက်ပြီး အမြင်ကျယ်တဲ့ ရှုမြင်ပုံတွေ မွေးဖွားကြီးထွားအောင် ပြုပေးနကြေတယ်။

သူတို့တတွေထဲမှ တချို့ကို ရွေးချယ်တင်ပြသွားဖို့ ရှိတာမှာ ဒီတစ်ပတ်မှာ ဖိလစ်ပိုင်မှ ဂျီနာ ရိုစီယိုနဲ့ စတင်လိုက်ချင်ပါတယ်။
ဖိလစ်ပိုင်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရိုစီယို ငယ်စဉ်ကလေးဘဝက တီရှပ်ကို ခေါင်းမှာပတ်ပြီး ပေါင်းထုပ်လုပ်ကာ အလှဆင်တယ်။ အမေ့ကို သူက ပြောတယ်။ သူဟာ မိန်းကလေးတစ်ယောက်ပါတဲ့။
ဖက်ရှင်လောကမှာ လိင်အမျိုးအစားက ကံကြမ္မာပဲ။ မိန်းကလေးဆိုရင် စူပါမော်ဒယ်အထိ မြင့်တက်သွားနိုင်တယ်။ ယောက်ျားလေးဆိုရင်လည်း စူပါမော်ဒယ်အထိ မြင့်တက်နိုင်တယ်။ ဒါပေမဲ့ မိန်းကလေး စူပါမော်ဒယ်တွေလောက်တော့ သတင်းတွေထဲ လှိုင်လှိုင်ပါမှာ မဟုတ်ဘူး။ ရိုစီယိုလို မိန်းမစိတ် ဝင်နေတဲ့ ယောက်ျားလေးတစ်ယောက်အဖို့တော့ နေရာ မရှိဘူး။
ဒီတော့ ရိုစီယိုရဲ့ ဖက်ရှင်မော်ဒယ်ဖြစ်လိုတဲ့ အိပ်မက်က ဝေးဝါးနေခဲ့တယ်။ ကံကောင်းထောက်မစွာဖြင့် သူ့အသက် ၁၅ နှစ်မှာ အလှမယ် မန်နေဂျာတစ်ဦးနဲ့ ဆုံခွင့် ရခဲ့တယ်။ အဲဒီမန်နေဂျာက လိင်ပြောင်းထားတဲ့သူ ဖြစ်နေတယ်။ ရိုစီယို ဆုံးဖြတ်လိုက်တယ်။ သူ ကြိုးစားကြည့်မယ်။ အမျိုးသားမော်ဒယ် လုပ်ကိုင်မယ့်အစား အမျိုးသမီးမော်ဒယ် လုပ်မယ်။ ဒါပေမဲ့ မိန်းကလေး ယောင်ဆောင်ထားတာ ပေါ်သွားခဲ့ရင် ဘူးပေါ်သလို ပေါ်တဲ့နေ့မှာ မော်ဒယ်ဘဝ အဆုံးသတ်ပြီ။ အဲဒီအဖြစ်ကို ကြုံခဲ့ကြတဲ့ မော်ဒယ်တွေထဲမှာ Lauren Foster, Crimsona Kaiser, Caroline Cossey စတဲ့သူတွေ ပါဝင်တယ်။ ဒီတော့ ရိုစီယို အရဲစွန့်ခဲ့ရတယ်။
‘‘ကျမ မော်ဒယ် စလုပ်တော့ အခုအခါလို ထရန့်ဂျင်းဒါ ဆိုတာကို လက်ခံပေးတာ မရှိသေးဘူး။ ကျားကနေ မ ပြောင်းပြောင်း၊ မ ကနေ ကျားပြောင်းပြောင်း ဟင့်အင်းပဲ။ ဒီတော့ ကျမ မိန်းကလေးအဖြစ် ပြောင်းလဲပြီး မော်ဒယ်လုပ်နေတာကို လူသိမခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်’’ လို့ ရိုစီယို က ပြောပြတယ်။
မထင်မရှား ဖြစ်နေခဲ့ပြီး သူ့ကို ဓာတ်ပုံဆရာတစ်ယောက်က တွေ့သွားတယ်။ အဲဒီဓာတ်ပုံဆရာကျေးဇူးနဲ့ NEXT Model Management မှာ ကန်ထရိုက်စာချုပ် လက်မှတ်ထိုးခွင့် ရသွားတယ်။ နောပ်ထက် ဆယ်နှစ်ဝန်းကျင် အဲဒီမော်ဒယ်အေဂျင်စီမှာပဲ ရိုစီယို ဆက်လက်လုပ်ကိုင်ခဲ့တယ်။ ‘‘ကျမ ရင်တထိတ်ထိတ် ဖိုရတဲ့ အချိန်အခါတွေ ရှိတယ်။ အမြဲကြောင့်ကြနေခဲ့ရတယ်။ သိသွားကြရင် ဘယ်လိုလုပ်မလဲ။ ဘဝတစ်ခုအတွက် ရင်းရတာ တကယ်ကို လုံလောက်ပါတယ်။ တကယ့်မေတ္တာစစ်ကို ကျမ သိခဲ့တယ်။ ကျမကို နားလည်လက်ခံပေးတာကိုလည်း သိခဲ့တယ်။ ကျမရဲ့ ရှက်ရွံ့မိရခြင်း ဝေဒနာတွေကို အနာကျက်စေခဲ့တယ်’’
သူမရဲ့ သက်မွေးအလုပ် အောင်မြင်မှုလမ်းကြောင်းပေါ် တစ်ပိုင်းတစ်စ ရောက်ရှိနေချိန်မှာပဲ သူမဟာ မိန်းကလေးအစစ် မဟုတ်ဘူးဆိုတာကို ဆက်လက်ဖုံးကွယ်ခြင်း မပြုဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
‘‘ကျမရဲ့ ခရီးရှည်အသစ်တစ်ခုကို အသိပေးဝေမျှဖို့ ဆုံးဖြတ်ချက်ကို မချခင်မှာ ကျမ ရင်ဆိုင်လာရမယ့်ဟာတွေအတွက် အသင့်ဖြစ်နေဖို့ လိုတယ်’’ လို့ သူမက ပြောပြတယ်။ အင်တာနက်မှ ထုတ်လွှင့်တဲ့ နာမည်ကြီး TED Talk ရဲ့ ၂ဝ၁၄ ခုနှစ်မှာ တင်ဆက်တဲ့ International Transgender Day of Visibility အစီအစဉ်မှာ သူမက ထရန်စ်ဂျန်းဒါ အဖြစ် ပွဲထွက်လိုက်တာ အဲဒီမှတ်တမ်းဗီဒီယို တမုဟုတ်ချင်း ပျံ့နှံ့သွားတယ်။
အဲဒီမှာ သူမက ဘာတွေ ပြောခဲ့သလဲ။
သူမရဲ့ ဘဝဇာတ်ကြောင်းကို ရိုစီယိုက ပြောပြခဲ့တယ်။ မိဘတွေရဲ့ ကူညီဖေးမတာကို သူမ ရရှိခဲ့တယ်။ အဲဒါဟာ ထူးခြားတယ်။ သားတစ်ယောက် ကလေးသာသာ အရွယ်မှာ မိန်းမလျာ ဖြစ်နေတာကို နားလည်ပေးပြီး ဖေးမကူညီပေးခဲ့ကြတယ်။ တကယ့်မေတ္တာစစ်ကို သိစေခဲ့တယ်။ အဲဒီလို မကန့်ကွက်ဘဲ စာနာနားလည်ပေးခဲ့တာကြောင့်လည်း သူမရဲ့ ဘဝ ပြောင်းလဲသွားခဲ့တယ်လို့ ရိုစီယိုက ပြောပြခဲ့တယ်။
‘‘ကျမ အခုလို ပြောပြတာကို ပြန်တင်ပြကြတဲ့အခါ ဖက်ရှင်လုပ်ငန်းနယ်ပယ်နဲ့ မီဒီယာ နယ်ပယ်တို့က ထရန်စ်ဂျန်းဒါး မော်ဒယ်‘transgender model’လို့ သုံးနှုန်းခဲ့ကြတယ်။ တရန်စ် ဖြစ်နေတာတွေ ရှိတယ်ဆိုတဲ့ အရှိကိုအရှိအတိုင်း ပြောဆို်ကြတဲ့ အခိုက်အတန့်တစ်ခု အမေရိကန်မှာ သမိုင်းတွင်သွားတယ်’’ လို့ သူမက ပြောပြတယ်။
‘‘အရှည်ကြာဆုံး ကာလတစ်လျှောက် ထရန်စ်မော်ဒယ်တွေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်ခဲ့ကြတယ်။ နောက်တော့ ရုတ်ချည်း ပြောင်းလဲသွားတယ်။ ထရန်စ်တွေအတွက် နေရာတစ်နေရာ ရသွားတယ်။ ကျမတို့ဟာ ထရန်စ်တွေ။ ကျမတို့ကို တခြားဘာမှ မဟုတ်ဘူး။ ထရန်စ်တွေလို့ မြင်ကြတဲ့အဖြစ်ကို ရောက်သွားတယ်။ ကျမ အမှန်အတိုင်း ကျမဟာဘာလဲဆိုတာ ပြောပြလို့ ရသွားခဲ့တယ်။ ဘာမှ ပုန်းလျှိုးကွယ်လျှိး ဖြစ်နေဖို့ မလိုတော့ဘူး။ လူတွေ သိသွားမလားလို့ ကြောင့်ကြနေဖို့ မလိုတော့ဘူး’’ လို့ ရိုစီယိုက ပြောပြခဲ့ပါတယ်။

Read 1529 times
Rate this item
(0 votes)