What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2018 Met Gala ရဲ့ မြင်ရသူတိုင်း ရင်သပ်အံ့သြစေမယ့် အကောင်းဆုံး ၀တ်စားဆင်ယင်မှုများ

နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမပတ်မှာ ကျင်းပလေ့ရှိတဲ့ နာမည်ကျော် Met Gala ပွဲကြီးကတော့ ကျင်းပလို့ပြီးပါပြီ။

ဖက်ရှင်လောကရဲ့ အစဉ်အလာနဲ့ လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်တဲ့ Met Gala ပွဲရဲ့ ဒီနှစ် Theme ကတော့ “Heavenly Bodies: Fashion and Catholic Imagination” ဖြစ်ပြီးတော့ ပွဲတက်ရောက်လာကြတဲ့ Celebrities တွေဟာဆိုရင် ကတ်သလစ်ဘာသာရေး အငွေ့အသက် လွှမ်းခြုံထားတဲ့ ဖက်ရှင်အမိုက်စားတွေကို ၀တ်ဆင်လာကြတာဖြစ်ပါတယ်။

 amber1

ဘာသာရေးနဲ့ ဖက်ရှင်ကို ခပ်ပြင်းပြင်းလေး ရောနှောပေါင်းစပ်ထားတဲ့ ခံစားမှုမျိုးရသလို ၀တ်စုံတွေဟာ အရမ်းကို Creative ဖြစ်လွန်းတာလည်း မြင်ရမှာပါ။

 cara1

ဘာသာရေးနဲ့ရောနှောနေတဲ့ ဖက်ရှင်ဆိုပေမယ့် Conflict တွေ သိပ်မရှိဘဲ ပရိသတ်တွေကို ဆွဲဆောင်နိုင်အားကောင်းလွန်းနေတော့ ၀တ်စုံတွေကို ကြွေနေရင်း ကျွန်မတို့လို ဘာသာရေးနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ်တဲ့ နိုင်ငံမှာ ဒါမျိုးပွဲသာ လုပ်ရင် ဘယ်လိုများ ပွဲတွေဆူနေမလဲလို့လည်း တွေးမိပါသေးတယ်။

 emma1

မြင်ရသူကို ပါးစပ်အဟောင်းသားဖြစ်စေမယ့် 2018 Met Gala ရဲ့ ဖက်ရှင်တွေကို အမိုက်ဆုံးနဲ့ အကောင်းဆုံး ၀တ်စားဆင်ယင်မှုတွေကို ဝေမျှပေးလိုက်ပါတယ်။

 

Source: Moda

Read 928 times
Rate this item
(1 Vote)
Tagged under