What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နယူးယောက်မှာ ဖက်ရှင်ရှိုးပွဲမှာမြင်တွေ့ခဲရတဲ့ မင်းသမီး ဆောင်းဟေဂို

နယူးယောက်မှာ ဖက်ရှင်ရှိုးပွဲမှာမြင်တွေ့ခဲရတဲ့ မင်းသမီး ဆောင်းဟေဂို google

မင်းသမီး ဆောင်းဟေဂိုဟာ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ရှိုးတစ်ခုကို တက်ရောက်ဖို့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

 အဲ့ဒီလိုရောက်ရှိနေစဉ်မှာပဲ ကျနော်တို့ရဲ့ ဒရာမာဘုရင်မ ဆောင်းဟေဂိုဟာ အနုပညာဘာသာရပ်ကို လေ့လာဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 စက်တင်ဘာ ၁၆ ရက်နေ့တုန်းက မင်းသမီးဆောင်းဟေဂိုဟာ အနုပညာကျောင်းတစ်ခုကို တက်ရောက်မယ်လို့ ဟောင်ကောင်မီဒီယာတော်တော်များများက ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့တုန်းက Front Row at Ralph Lauren ဖက်ရှင်ရှိုးတစ်ခုကို တက်ရောက်ဖို့ နယူးယောက်မြို့ကို လာရောက်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီနောက်မှာ မင်းသမီးဟာ ကိုရီးယားကို ပြန်သွားခဲ့ခြင်းမရှိခဲ့ပါဘူး။ မင်းသမီး ဆောင်းဟေဂိုဟာ အနုပညာ ကျောင်းတစ်ခုမှာ သင်တန်းတစ်ခုကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မီဒီယာတွေကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးဖို့ သတင်းအသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

မင်းသမီးဆောင်းဟေဂိုဟာ သူ့ရဲ့ဘဝမှာ ပိုမိုပျော်ရွှင်စေဖို့အတွက် ခြေလှမ်းအသစ်တွေနဲ့ ကိစ္စရပ်အသစ်တွေကို လုပ်ဆောင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

မင်းသမီးဟာ ဒါရိုက်တာ လီဂျူယောင်း ရိုက်ကူးမယ့် “Anna” ဆိုတဲ့ ရုပ်ရှင်တစ်ခုမှာ ပါဝင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

 

songheyko

 

Custom Clearing Agents အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ၁၃၆ ဦးကိုရှာရန်နှိပ်ပါ။

 

Source : The Kpop Times

Read 2323 times
Rate this item
(0 votes)
Tagged under