PAPARAZZIဖက်ရှင်ဆိုင်မှာထက်ထက်ထွန်းရဲ့စိတ်ကြိုက်ဖက်ရှင်ဒီဇိုင်းကိုရွေးချယ်ခဲ့ပါတယ်။
ခုတလောခေတ်စားနေတဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကိုပျိုမေတို့လေ့လာသိရှိပြီးဖက်ရှင်အမြင်လေးတွေရရှိစေရန်ရည်ရွယ်ပါတယ်။
ပျိုမေတို့လည်းမိမိနဲ့လိုက်ဖက်တဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကိုရွေးချယ်နိုင်ပါစေနော်။
သူမရွေးချယ်ခဲ့တဲ့ဖက်ရှင်ဒီဇိုင်းအပေါ်မှာသူမရဲ့အတွေးအမြင်လေးတွေကိုလည်းမေးမြန်းထားပါတယ်။
1.မေး-ဒီဘောင်းဘီတိုအပြာလေးကျတော့ဘယ်လိုနေရာဘယ်လိုအချိန်မျိုးတွေမှာဝတ်ချင်သလဲ။
ဒါလည်းအရမ်းပေါ့ပေါ့ပါးပါးဘဲပေါ့နော်cultural မှာမှသူက smart casual ဆိုတော့နည်းနည်းဒီ ဇိုင်းတင်မကဘူးသူ့အစ ကြောင့်လည်းပါတယ်သူကကျတော့ dinnerတွေ bar တွေသွားလည်းနည်း နည်းစမတ်ကျတယ်ဝတ်စုံလေးကပွဲတိုးတယ်ပေါ့နော်။
2.မေး-ဒီဝတ်စုံလေးကို Item လေးဘာပေါင်းချင်သေးလဲ။
အခုဆိုရင်အိတ်လေးလွယ်ထားတယ်ဖိနပ်ကလေးစီးထားတယ်နားကပ်လေးဝတ်ထားတယ်နေကာမျက်မှန်လေးတပ်လိုက်ရင်ပိုလှမယ်လို့ထင်ပါတယ်။
3.မေး-ဒီဝတ်စုံလေးဝတ်ပြီးဘယ်လိုမျိုးခံစားရလဲ။
ဘယ်လိုခံစားရလဲဆိုတော့အရမ်းကိုတက်ကြွတဲ့active ဖြစ်တဲ့လူငယ်တစ်ယောက်လိုခံစားရပါတယ်။
4.မေး-ဒီအင်္ကျီပတ်သက်ပြီး comment လေးပေးခဲ့ပေးပါဦး။
Comment လေးပေးပါဆိုလို့ရှိရင်တော့ကြိုက်ပါတယ်ဒီလိုပုံစံမျိုးလေးကိုခပ်အေးအေးကောင်မလေး တွေထက်သွက်လပ်တဲ့ကောင်မလေးတွေနဲ့ဆိုပိုပြီးလိုက်ပါတယ်လို့။
1.မေး-ဒီအင်္ကျီလေးကျတော့ဘယ်လိုနေရာဘယ်လိုအချိန်မျိုးတွေမှာဝတ်ချင်သလဲ။
ဒါလေးကျတော့စကပ်ရှည်လေးနဲ့အောက်ကနေခံပြီးဝတ်မယ်ဆိုရင်တော့ Fashion ကျတယ်ဆိုတာ ထက် fashion ပွဲတွေ dinnerပွဲတွေသွားလို့ရတယ်ပေါ့နော်။
ဒါမျိုးကျတော့လည်းအရမ်းလူငယ်ဆန်သွား တယ်။
စကပ်မပါဘဲနဲ့အလွတ်ဆိုရင်လူငယ်ဆန်သွားတယ်။
Show ပွဲတွေသွားတယ်ဆိုရင်တော့မိုက်တယ် ပေါ့နော်။
2.မေး-ဒီဝတ်စုံလေးကို Item လေးဘာပေါင်းချင်သေးလဲ။
ပေါင်းမယ်ဆိုရင်တော့နေပူထဲသွားရင်တော့နေကာမျက်မှန်လေးတပ်ထားမယ်ဆိုပိုအဆင်ပြေပါတယ်။
ဒီမှာနားကပ်လေးတွေပါတယ်အစုံဝတ်ထားတယ်ပေါ့နော်။
3.မေး-ဒီဝတ်စုံလေးဝတ်ပြီးဘယ်လိုမျိုးခံစားရလဲ။
ဘယ်လိုခံစားရလဲဆိုတော့အရမ်းလွတ်လပ်တယ်ပေါ့ပါးတယ်ပေါ့ fashion ကျတယ်ခေတ်ရေစီး ကြောင်းလိုက်တယ်။
ပေါ့ဒါကနည်းနည်းသက်လတ်ပိုင်းလောက်ဝတ်မယ်ဆိုလည်းလိုက်ပါတယ်။
4.မေး-ဒီအင်္ကျီပတ်သက်ပြီး comment လေးပေးခဲ့ပေးပါဦး။
Fashion ရေစီးကြောင်းပေါ်မှာလက်ရှိပြေးနေတဲ့ဒီဇိုင်းလေးပါ။
1.မေး-ဒီနောက်ဆုံးဝတ်စုံလေးကျတော့ဘယ်လိုနေရာဘယ်လိုအချိန်မျိုးတွေမှာဝတ်ချင်သလဲ။
ဒါကကျတော့ dinner ပွဲတွေသွားလည်းရတယ်၊အငြိမ်နဲ့သွားရမဲ့ပွဲလေးတွေသွားလို့ရတယ်၊ရုံးတက်လို့ရ တယ်ကျက်သရေရှိရှိနဲ့သွားရမဲ့ပွဲလေးတွေမှာဝတ်လို့ရပါတယ်။
2.မေး-ဒီဝတ်စုံလေးကို Item လေးဘာပေါင်းချင်သေးလဲ။
ဒီဝတ်စုံလေးကျတော့အများကြီးမပေါင်းချင်တော့ဘူးနားကပ်လေးရယ်ဒေါက်မြင့်ဖိနပ်လေးရယ်ပဲပေါင်းချင်ပါတယ်။
3.မေး-ဒီဝတ်စုံလေးဝတ်ပြီးဘယ်လိုမျိုးခံစားရလဲ။
ဘယ်လိုခံစားရလဲဆိုတော့ကိုယ့်ကိုယ်ကိုဈေးကြီးသွားတယ်လို့ခံစားရတယ်။
4.မေး-ဒီအင်္ကျီပတ်သက်ပြီး comment လေးပေးခဲ့ပေးပါဦး။
ဒီဝတ်စုံကကျတော့ဒါ sexy ဘက်မသွားဘူးပေါ့နော်လုံးဝ elegant ပုံစံမျိုးလေးနဲ့အရောင်လေးကစ တည်တည်ငြိမ်ငြိမ်လေးမိန်းမဆန်တဲ့ဘက်ကိုသွားတယ်။
ဒါပေမဲ့အရမ်းကြီးရိုးရှင်းမနေဘဲနဲ့ခါးနားမှာ ဖောက်ထားတာကျတော့အရမ်းလည်းမရိုင်းဘဲနဲ့ Fashion ကျတာပေါ့။
source: First Class more lovely more beautiful