What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အီးယူ က ကုန်သွယ်မှု အထူးအခွင့်အရေး ( GSP ) ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေ သောကြောင့် ဈေးကွက်အသစ်တွေ ရှာဖွေရန် ပြင်ဆင်သွားမည်ဟု ကုန်သွယ် နှင့် စက်မှုအသင်းချုပ် ဥက္ကဌ ပြောကြား
အီးယူ က ကုန်သွယ်မှု အထူးအခွင့်အရေး ( GSP ) ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေ သောကြောင့် ဈေးကွက်အသစ်တွေ ရှာဖွေရန် ပြင်ဆင်သွားမည်ဟု ကုန်သွယ် နှင့် စက်မှုအသင်းချုပ် ဥက္ကဌ ပြောကြား facebook
အီးယူ က ကုန်သွယ်မှု အထူးအခွင့်အရေး ( GSP ) ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေ သောကြောင့်
ဈေးကွက်အသစ်တွေ ရှာဖွေရန် ပြင်ဆင်သွားမည်ဟု ကုန်သွယ် နှင့် စက်မှုအသင်းချုပ် ဥက္ကဌ ပြောကြား
ဥရောပသမဂ္ဂ ကမြန်မာနိုင်ငံကိုပေးအပ်ထားတဲ့ ကုန်သွယ်မှုအထူူးအခွင့်ရေး (GSP )ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေပါတယ်။
ထိုကြောင့် ဈေးကွက်အသစ်တွေရှာဖွေရန် သွားမည်ဖြစ်ကြောင်း ကုန်သွယ်နှင့် စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းကပြောကြားလိုက်ပါတယ်။
ကုန်သွယ်နှင့်စက်မှုအသင်းချုပ်မှာ ဒီဇင်ဘာလ (၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုသမ္မတ (၁) နှင့်
စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဥက္ကဌ ဦးဇော်ဝင်း က အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
အထူူးသဖြင့်ကျွန်တော်တို့ကိုလာရောက်ပြီးပြောနေတာ သူတို့ဘက်ကလည်းပြင်ဆင်နေတာတွေရှိတယ်။
အဲ့ဒါကို အီးယူ သံအမတ်ကြီး နဲ့ ယူကေ သံအမတ်ကြီးတို့ကပြောနေတာ။ ဟိုဘက်မှာ ဘယ်လောက်ထိ ဖိအား
လာမလည်းဆိုတာ သူတို့မသိဘူး။ သူတို့ကဒီနိုင်ငံမှာနေတဲ့ အတွက် သူတို့လည်း ဒီမှာဖြစ်နေတဲ့ အနေအထားကိုသိပါတယ်တဲ့ လို့ပြောပါတယ်။
အီးယူက မြန်မာနိုင်ငံအပေါ် လက်နက်ခဲယမ်းတွေကလွဲလို့ကျန်တဲ့ ကုန်စည်တွေကို ကုန်သွယ်မှုအထူးအခွင့်ရေး (GSP ) ကို 2013 ခုနှစ်ကပေးပို့ခဲ့ပြီး ပုံမှန်တင်ပို့ နေကျကုန်တွေအပေါ် (၁၇ ) ရာခိုင်နှုန်းကနေ ( ၂၄ ) ရာခိုင်နှုန်းအထိကောက်ခံမှုက
နေ ကုန်သွယ်မှုအခွင့်အရေးကြောင့် ( ၅ ) ရာခိုင်နှုန်း အောက်ပဲ အီးယူ ကကောက်ခံနေတယ်လို့သိရပါတယ်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ဥရောပသမဂ္ဂ ကမြန်မာနိုင်ငံကိုပေးအပ်ထားတဲ့ ကုန်သွယ်မှုအထူးအခွင့်ရေး (GSP )ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေပါတယ်။
Myanmar Textile and Garment Directory
Read 944 times
Rate this item
(1 Vote)