What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငါးနှစ်အတွင်းမြန်မာနိုင်ငံ၏အထည်ချုပ်နှင့်ဖိနပ်စက်မှုလုပ်ငန်းများမှပို့ကုန်သုံးဆခန့်မြင့်တက်လာ

မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် ဖိနပ်စက်မှုလုပ်ငန်းများမှ ငါးနှစ်အတွင်း ပို့ကုန်သုံးဆခန့်အထိမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးက

ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင်ကျင်းပသည့်Myanmar Buyer’s Forum-Stakeholders Conference တွင်ပြောကြားသည်။

အထည်ချုပ်ကဏ္ဍ တိုးတက်လာသည်နှင့်အမျှစက်ရုံများတွင် တာဝန်ယူမှု၊ လုံခြုံမှုနှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့်အလေ့အကျင့်များနှင့်အညီ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ လွန်ခဲ့သော ငါးနှစ်အတွင်းအထည်ချုပ်နှင့်ဖိနပ်စက်ရုံများ ၂၅ဝခန့်တည်ဆောက်နိုင်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊

၂ဝ၁၂ခုနှစ်တွင်တင်ပို့ကုန်မှာ ဒေါ်လာ တစ်သန်းခန့်

 သာရှိခဲ့ရာမှ ၂ဝ၁၇ခုနှစ်ပို့ကုန်စာရင်းများအရ အထည်ချုပ်နှင့်ဖိနပ်စက်မှုလုပ်ငန်းမှ ဒေါ်လာသုံးသိန်းကျော်တန်ဖိုးရှိထုတ်ကုန်များ တင်ပို့နိုင်ခဲ့ရာ ငါးနှစ်အတွင်း ပို့ကုန်သည်သုံးဆခန့် တိုးတက်မြင့်မားလာသည်ကို တွေ့ရကြောင်း၎င်းကပြော

ကြားသည်။

မြန်မာနိုင်ငံ၏ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများကိုပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှုမြင့်တက်နေပြီး အီးယူနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်လာနေတယ်။စက်ရုံအလုပ်ရုံတွေမှာ အော်ဒါအပ်တဲ့သူတွေကလည်းရှိနေပါတယ်။အော်ဒါမှာယူမှုအနေနဲ့ဆိုရင် ၂ဝ၁၇မှာ ဂျပန်ကို အီးယူကအများကြီး ကျော်တက်သွားတယ်။ဒါပေမဲ့ ဂျပန်ကလည်း လျော့မသွားဘူးဂျပန်ကလည်းတက်နေတယ်။

အီးယူကတော့ ထိပ်ဆုံးက အော်ဒါမှာနေတယ် ဟုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

၂ဝ၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံမှပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ဒသမ ၇သန်းနီးပါး ရရှိခဲ့ကြောင်း၊သို့သော်လည်းမြန်မာနိုင်ငံသည်လက်ခစား CMP စနစ်ဖြင့်အထည်ချုပ်တင်ပို့ခြင်းဖြစ်သဖြင့် ယင်းပမာဏ၏ ၁ဝရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ချုပ်ခအနေဖြင့် ၁ဝရာခိုင်နှုန်းသာရရှိခြင်းအပေါ် အဲဒါကမြန်မာနိုင်ငံကချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။

ဒါကပျမ်းမျှအနေနဲ့ပြောတာပါ။တချို့ဆိုရှစ်ရာခိုင်နှုန်းလောက်ပဲရတဲ့သူတွေရှိတယ်။ တချို့ဆို၁၂အထိ ရတဲ့သူတွေရှိတယ်။

High Value Price ဆိုနည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ရာခိုင်နှုန်း လောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့သိန်းနဲ့ချီပြီးအပ်ပြီးချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။

ဒါကြောင့်မို့ပျမ်းမျှကို ၁ဝရာခိုင်နှုန်းလို့ပြောတာဟု ဒေါ်ခိုင်ခိုင်နွယ်က ရှင်းပြခဲ့သည်။

 

Source:DailyEleven

Read 1098 times
Rate this item
(1 Vote)