What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့၏ ပိုမိုကောင်းမွန်သည့် နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များကို လက်တွေ့အကောင်ထည်ဖော်ရန် နီးကပ်လာ

အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့၏ ပိုမိုကောင်းမွန်သည့် နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များကို လက်တွေ့အကောင်ထည်ဖော်ရန် နီးကပ်လာ Google

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံလုံးအတွက်ဈေးကွက်များပို ကောင်းမွန်လာစေမည့် ကုန်သွယ်ရေးသဘောတူညီချက် များကို လက်တွေ့အကောင်အထည်ဖော်ရန်နီးကပ်လာပြီဟု

 

အမေရိကန်၏ အိန္ဒိယသံအမတ် Harsh Vardhan Shringla ကပြောကြားခဲ့သည်။

သို့သော် ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ကိုတော့ မည်သည့်နေ့တွင်ရေးထိုးမည်ကို အသေးစိတ်မထုတ်ပြန်ထားပါဘူး။

 

ကုန်သွယ်ရေးသဘောတူညီချက်များကိုလက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံအတွက် ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးလမ်းကြောင်းကို ခင်းကျင်းလိုက်တာဖြစ်ကြောင်း အိန္ဒိယသံအမတ် Shringla ကပြောကြားခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံမှာတော့ ကုန်သွယ်ရေးသဘောတူညီချက်ကို သမ္မတ Trump သည် ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂညီလာခံအတွင်း နယူးယောက် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ်က တရားဝင်ကြေညာခဲ့ပါတယ်။

 

စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ Trump က မိမိနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားရှိ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံရေးများကိုတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

 

အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်ရေးသည် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း သိသိသာသာတိုးတက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၁၆၀ ဘီလီယံရှိခဲ့သည်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အေမရိကန္ျပည္ေထာင္စုႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံလံုးအတြက္ေစ်းကြက္မ်ားပို ေကာင္းမြန္လာေစမည့္ကုန္သြယ္ေရးသေဘာတူညီခ်က္ မ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္ရန္နီးကပ္လာၿပီဟု

အေမရိကန္၏ အိႏၵိယသံအမတ္ Harsh Vardhan Shringla ကေျပာၾကားခဲ့သည္။

 

သို႔ေသာ္ ကုန္သြယ္ေရးသေဘာတူညီခ်က္လက္မွတ္ကိုေတာ့ မည္သည့္ေန႔တြင္ေရးထိုးမည္ကို အေသးစိတ္မထုတ္ျပန္ထားပါဘူး။

ကုန္သြယ္ေရးသေဘာတူညီခ်က္မ်ားကိုလက္မွတ္ေရးထိုးျခင္းသည္ ႏွစ္ႏိိုင္ငံအတြက္ ပိုမိုေကာင္းမြန္ေသာ ကုန္သြယ္ေရးလမ္းေၾကာင္းကို ခင္းက်င္းလိုက္တာျဖစ္ေၾကာင္း အိႏၵိယသံအမတ္ Shringla ကေျပာၾကားခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို သမၼတ Trump သည္ ၿပီးခဲ့တဲ့စက္တင္ဘာလက ကုလသမဂၢညီလာခံအတြင္း နယူးေယာက္ ဝန္ႀကီးခ်ဳပ္နဲ႕ ေတြ႕ဆံုခဲ့စဥ္က တရားဝင္ေၾကညာခဲ့ပါတယ္။

စက္တင္ဘာလ ၂၄ ရက္ေန႔မွာေတာ့ Trump က မိမိႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔ၾကားရွိ ႏွစ္ႏိုင္ငံကုန္သြယ္ေရးႏွင့္ စီးပြားေရးဆက္ဆံေရးမ်ားကိုတိုးႁမွင့္သြားမည္ဟု ေျပာၾကားခဲ့ပါတယ္။

အိႏၵိယႏွင့္ အေမရိကန္ႏိုင္ငံတို႔၏ ကုန္သြယ္ေရးသည္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း သိသိသာသာတိုးတက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၁၆၀ ဘီလီယံရွိခဲ့သည္။

  

Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 897 times
Rate this item
(0 votes)
Tagged under