What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Louis Vuittonသည် တရုတ်နိုင်ငံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အဖြစ် စံချိန်တင်ရောင်းအားကို ရရှိခဲ့

Louis Vuittonသည် တရုတ်နိုင်ငံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အဖြစ် စံချိန်တင်ရောင်းအားကို ရရှိခဲ့ jingdaily

ပြင်သစ်ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuittonဟာ COVID-19ကူးစက်ရောဂါအခြေအနေတွေကနေ ရုန်းထွက်လာပြီးနောက် တရုတ်ပြည်မှာ အံ့ဩလောက်တဲ့ ရောင်းအားတွေ ရရှိခဲ့ပါသည်။

 

ရှန်ဟိုင်းပလာဇာ ၆၆(Shanghai Plaza 66)သည် တရုတ်နိုင်ငံတွင် ၎င်းကုန်အမှတ်တံဆိပ်၏ အကြီးဆုံးအထင်ကရ စတိုးဆိုင်နေရာ ဖြစ်သည်။

 

ဒေသဆိုင်ရာဘဏ္ဍာရေးသတင်းအချက်အလက် ပလက်ဖောင်းဖြစ်တဲ့ Xueqiuရဲ့ အဆိုအရ ထိုစတိုးဆိုင်သည် သြဂုတ်လတွင် ဒေါ်လာ ၂၁.၇ သန်း (RMB သန်း ၁၅၀)ရောင်းအားရှိခဲ့ပြီး ၎င်းသည် စတိုးဆိုင်၏ လစဉ်ပုံမှန်ရောင်းအားထက် နှစ်ဆရှိတဲ့ ရောင်းအားဖြစ်သည်။

 

၎င်းရောင်းအားပမာဏကို Louis Vuittonက အတည်ပြုဝင်ခံရန် ငြင်းဆိုခဲ့သော်လည်း ၎င်းသည် တရုတ်စျေးကွက်ရဲ့ လစဉ်ရောင်းအားအရ စံချိန်တင်လောက်တဲ့ ရောင်းအားတစ်ခုဖြစ်နေပါသည်။

 

Louis Vuittonရောင်းအားစံချိန်တင်စေတဲ့ အကြောင်းအရင်းက အဓိက အချက်သုံးချက်ကြောင့်ဖြစ်သည်။

 

ပထမအချက်က အမှတ်တံဆိပ်အနေနဲ့ men’s spring 2021 showကို သြဂုတ်လအစောပိုင်းက တရုတ်ပြည်ရှိ ရွေ့လျားကုန်တင်ကွန်တိန်နာအတွင်းlive touringပြေးလမ်းပြပွဲတစ်ခုကို ပြသခဲ့သည်။ ၎င်း၏အွန်လိုင်း / အော့ဖ်လိုင်း runway conceptကြောင့် အမျိုးမျိုးသောပလက်ဖောင်းများမှ ပြပွဲကို ကြည့်ရှုသူပေါင်းသန်း ၁၀၀ ကျော်ရရှိခဲ့ပါသည်။

 

ဒုတိယအချက်မှာ သြဂုတ်လ ၂၅ ရက်က Qixi Festivalဖြစ်ပါသည်။ ၎င်းနေ့သည် တရုတ်နိုင်ငံ၏ Valentine's နေ့နှင့် တစ်နိုင်ငံလုံးက တစ်ဦးကို တစ်ဦးလက်ဆောင်ပေးခြင်း အထိမ်းအမှတ် အားလပ်ရက်တစ်ရက်ဖြစ်သည်။ ထိုနေ့တွင် စျေးဝယ်သူများသည် မိမိတို့ချစ်ရသူများအတွက် လက်ဆောင်များ ဝယ်ယူရန် ၎င်းLVစတိုးဆိုင် အပြင်ဘက်မှာတောင် တန်းစီနေကြရပါသည်။

 

နောက်ဆုံးအချက်ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြန်လည်ကောင်းလာနေချိန်မှာ COVID-19ကြောင့် ခရီးသွားလာမှုကို လျော့ချထားခြင်းကြောင့် တရုတ်စားသုံးသူတွေဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပြည်တွင်းသုံးကုန်ပစ္စည်းများကို ပိုမို၀ ယ်ယူ သုံးစွဲခဲ့ကြပါသည်။

 

၎င်း အကြောင်းအရင်း သုံးချက်ကြောင့် Louis Vuittonအမှတ်တံဆိပ်က တရုတ်နိုင်ငံရဲ့ ဈေးကွက်မှာ စံချိန်တင်လောက်တဲ့ ရောင်းအားကို ရရှိခဲ့တာပဲ ဖြစ်ပါသည်။

 

By Myanmar Textile & Garment Guide

 

Ref:jingdaily

Read 863 times
Rate this item
(0 votes)
Tagged under