What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့မှုဆက်လက် ကျဆင်းနေသည့် ဗီယက်နမ်နိုင်ငံ

အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့မှုဆက်လက် ကျဆင်းနေသည့် ဗီယက်နမ်နိုင်ငံ VietnamPlus

ဗီယက်နမ် အထည်အလိပ်လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း ( Vinatex )၏ ခန့်မှန်းချက်အရ တိုင်းပြည်ရဲ့ အထည်အလိပ်နှင့်ချည်မျှင်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် ၁၄ရာခိုင်နှုန်းနှင့် ၁၈ရာခိုင်နှုန်းကြား လစဉ်ကျဆင်းသွားမည်လို့ ခန့်မှန်းထားကြသည်။

 

ယခုနှစ်အတွက် အထည်အလိပ်နှင့် ချည်မျှင်တင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၃၂.၇၅ ဘီလီယံခန့်ရှိလိမ့်မယ်လို့ ခန့်မှန်းထားသည်။

 

Vinatex အထွေထွေညွှန်ကြားရေးမှူး Le Tien Truong က အထည်အလိပ်နှင့် အထည်ကဏ္ဍာက ပထမနှစ်ဝက်ကထက် ပိုကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မည်လို့ ပြောကြားခဲ့ပါသည်။

 

“လက်ရှိအချိန် စတုတ္ထသုံးလပတ်မှာထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက်အော်ဒါကမရှိသလောက် ရှားနေပါတယ်။ ၎င်းသည် အထည်လုပ်ငန်းအုပ်စု၏ စီးပွားရေးအစီအစဉ်အတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။ ၎င်းထုတ်ကုန်တွေ၏စျေးနှုန်းသည် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အတူ ကျဆင်းနေတယ်"လို့ Truong မှ Voice of Vietnam ( VOV )သို့ ပြောကြားခဲ့ပါသည်။

 

ဗီယက်နမ် အထည်အလိပ်နှင့် အ၀တ်အထည်အသင်း (VITAS) ၏အဆိုအရ ဒုတိယသုံးလပတ်သည် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းအတွက် အခက်ခဲဆုံးကာလတစ်ခုဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နှင့်အီးယူလို အဓိကပို့ကုန်စျေးကွက်နိုင်ငံများမှ ဖောက်သည်တွေက အမှာစာ(order)တွေရဲ့ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကို ဖျက်သိမ်းလိုက်တာကြောင့်ဖြစ်ပါသည်။

 

အမှာစာများ အလွန်တရာလျှော့ချခြင်းကြောင့် သိုလှောင်ရုံများ လစ်ဟာမှု ပိုမိုမြင့်မားလာခြင်းနှင့် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်လာခြင်းတို့ကြောင့် အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲများ ပိုမိုများပြားလာစေပါသည်။

 

တစ်ချိန်တည်းမှာပင် အထည်ချုပ်လုပ်ငန်းများအတွက် အဓိကထုတ်ကုန်များအဖြစ်သတ်မှတ်ထားသော မျက်နှာဖုံးများ(Mask)နှင့် ကိုယ်ပိုင်အကာအကွယ်ပစ္စည်းကိရိယာများသည် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုများကြောင့် ဝယ်ယူမှုသိသိသာသာကျဆင်းသွားသည်။

 

ကူးစက်ရောဂါက ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာကို ဘယ်သူမှ မသိရှိသေးကြောင်းနှင့် ယခုနှစ်ကုန်တွင် အထည်ချုပ်လုပ်ငန်းများနှင့် အဝတ်အထည်လုပ်ငန်းများသည် ပို့ကုန်အမှာစာ အနိမ့်အမြင့်များကြောင့် ပြည်တွင်းဈေးကွက်မှာ ၀ယ်လိုအားကို ပိုအာရုံစိုက်ရန်လိုအပ်ပါသည်။ သို့သော်လည်း ၀င်ငွေကျဆင်းမှုကိုလျှော့ချရန် ထုတ်လုပ်မှုကုန်ကျစရိတ်များကို စီမံပြီး ကုန်ပစ္စည်းအရည်အသွေးကို ထိန်းသိမ်းသင့်ကြောင်း ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

 

ထို့အပြင် ခက်ခဲသောကာလအတွင်း စီးပွားရေးလုပ်ငန်းများနှင့် အတူလုပ်ဆောင်လျက်ရှိတဲ့ အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် ၀င်ငွေများကို ပုံမှန်ပေးရန်လိုအပ်ကြောင်းနှင့် လက်ရှိအချိန်မှာ ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများမှလုပ်ငန်း ၈၀ ရာခိုင်နှုန်းက လုပ်သားအင်အားလျှော့ချပြီး စီးပွားရေးလုပ်ငန်းအများစုက လုပ်ငန်းလည်ပတ်မှုစွမ်းရည်ကို ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့ အသင်းအဖွဲ့က ပြောကြားခဲ့ပါသည်။

 

စက်မှုနှင့်ကုန်သွယ်ရေး ၀န်ကြီးဌာန၏အဆိုအရ ဗီယက်နမ်နိုင်ငံ၏အထည်အလိပ်နှင့်အဝတ်အထည်တင်ပို့မှုတန်ဖိုးမှာ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃.၄၃ ဘီလီယံရှိကြောင်း၊ ဇွန်လနှင့်နှိုင်းယှဉ်လျှင် ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း တစ်နှစ်နဲ့တစ်နှစ် နှိုင်းယှဉ်လျှင် ၁၁.၈ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါသည်။

 

ယခုနှစ်၂၀၂၀ရဲ့ ပထမခုနစ်လမှာ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုတန်ဖိုးက ကန်ဒေါ်လာ ၁၉.၂၁ ဘီလီယံရှိပြီး နှစ်စဉ် ၁၃.၈ ရာခိုင်နှုန်း ကျဆင်းလျက်ရှိပါသည်။

 

ပထမအကြိမ်ခုနစ်လအတွင်း ဖိုင်ဘာတင်ပို့မှုမှာတန်ချိန် ၈၇၆၀၀၀ ရှိပြီး အမေရိကန်ဒေါ်လာ ၁.၈၉ ဘီလီယံရရှိခဲ့သော်လည်း ပို့ကုန်ပမာဏ ၇.၉ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

 

ပထမခုနစ်လအတွင်း အထည်အလိပ်တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၆.၁၈ ဘီလီယံရှိလိမ့်မယ်လို့ ခန့်မှန်းထားပါသည်။ သို့သော် မနှစ်ကထက် ၁၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုစုစုပေါင်းရဲ့ ၈၄.၂၂ ရာခိုင်နှုန်းရှိသည်။

 

ဇူလိုင်လတွင် ပြည်ပတင်ပို့မှုတန်ဖိုးသည် တစ်လထက် ၁၅.၃ ရာခိုင်နှုန်းမြင့်တက်ကာ ၃.၃ ဘီလီယံသို့ရောက်ရှိခဲ့သော်လည်း တစ်နှစ်လျှင် ၈.၉ ရာခိုင်နှုန်းကျဆင်းနေပါသည်။

 

၀န်ကြီးဌာနက ဒီနှစ်ဗီယက်နမ်နိုင်ငံရဲ့ အထည်အလိပ်တင်ပို့မှုတန်ဖိုးဟာ ယခုနှစ်မှာ ၁၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းကြား ကျဆင်းနေပြီးဒေါ်လာ ၃၃.၆ မှ ၃၆ ဘီလီယံအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၎င်းတန်ဖိုးသည် Vinatexရဲ့ခန့်မှန်းချက်ထက် ပိုများတဲ့ ခန့်မှန်းချက်ဖြစ်ပါသည်။

 

By Myanmar Textile & Garment Guide

 

Ref:VietnamPlus

Read 1052 times
Rate this item
(0 votes)