What's new

×

Warning

JUser: :_load: Unable to load user with ID: 845


EU မှ မြန်မာနိုင်ငံတွင်အထည်ချုပ်လုပ်ငန်းများတိုးချဲ့မည်

EU မှ မြန်မာနိုင်ငံတွင်အထည်ချုပ်လုပ်ငန်းများတိုးချဲ့မည် google

မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းတွင်လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်တိုးတက်စေဖို့အတွက် ကုန်အမှတ်တံဆိပ်များ၊ အလုပ်သမားသမဂ္ဂများနှင့် စီးပွားရေးအဖွဲ့အစည်းများနှင့်ဥရောပသမဂ္ဂနိုင်ငံမှ SMART အထည်အလိပ်နှင့်အဝတ်အထည်စီမံကိန်းအသစ်ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းကို ဥရောပသမဂ္ဂမှ ထောက်ပံ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်သောကြာနေ့တွင် တရားဝင်ကြေညာခဲ့ကြောင်းသိရသည်။

SMART Textile & Garment Project ကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်နှင့် အခြားဒေသများမှ ရာနှင့်ချီသောအထည်ချုပ်လုပ်ငန်းများနှင့်အတူ ပူးပေါင်းလုပ်ကိုငမည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် မြန်မာနိုင်ငံမှသာမက ဥရောပနိုင်ငံများမှကျွမ်းကျင်သူများပါဝင်မည်ဖြစ်ပြီး ထိုသူများမှ Human Resource Management System, လုပ်ငန်းတွင်ဆက်ဆံရေး,လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေး၊ ဓာတုပစ္စည်းနှင့်

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်စွမ်းအင်ထိရောက်မှုစသည့်အကြောင်းအရာများကို ကွင်းဆင်းစစ်ဆေးပြီး လေ့ကျင့်သင်ကြားပေးခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။

စီမံကိန်းစတင်စဉ်တွင် ဥရောပသမဂ္ဂ၏ ကတိကဝတ်များနှင့်ထောက်ခံမှုများသည် မြန်မာနိုင်ငံ၏လုပ်ငန်းခွင်အခြေအနေနှင့်စီးပွားရေးလုပ်ထုံးလုပ်နည်းများတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်

သူ့အင်အားဝန်ကြီးဌာနမှ အတွင်းရေးမှူးဦးမျိုးအောင်က ပြောကြားခဲ့သည်။

စီမံကိန်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံရှိ ခိုင်မာသောထုတ်လုပ်မှုအလေ့အထများနှင့် ထောက်ပံ့ရေးကွင်းဆက်များပိုမိုအားကောင်းလာစေရန်ဖြစ်သည်”ဟု SMART Myanmar မှ အဖွဲ့ခေါင်းဆောင် Jacob A. Clere ကပြော

ကြားသည်။

SMART Myanmar စီမံကိန်းသည် ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့်လက်တွဲခဲ့ပြီး Made in Myanmar တံဆိပ်ကပ်ထားသော အထည်အလိပ်များ၏ ရေရှည်ခိုင်မြဲသောထုတ်လုပ်မှုကိုမြှင့်တင်ရန်လုပ်ဆောင်နေသည်။

SMART Myanmar စီမံကိန်းသည် SMART Myanmar အပေါ်အခြေခံပြီးလူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရေမြှင့်တင်ရေးသင်တန်းနှင့် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များကို နိုင်ငံအနှံ့အပြားရှိအထည်ချုပ်လုပ်ငန်းများနှင့်အထည်လိပ်

စက်ရုံများသို့ တိုးချဲ့သွားမည်ဖြစ်သည်။

SMART Myanmar သည် မြန်မာနိုင်ငံ၏အဝတ်အထည်လုပ်ငန်း၏ရေရှည်ခိုင်မြဲသောအလေ့အကျင့်များသို့ပြောင်းလဲခြင်းနှင့်အတူအလွန်သက်ဆိုင်သည့်အစီအစဉ်တစ်ခုအဖြစ်သက်သေပြခဲ့ကြောင်းEU ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု

ပူးပေါင်းဆောင်ရွက်ရေးလက်ထောက်အကြီးအကဲ Pedro Campo Llopis ကပြောကြားသည်။

ဥရောပသည် ကမ္ဘာ့အကြီးဆုံးစားသုံးသူဈေးကွက်များထဲမှတစ်ခုဖြစ်သည့်အတွက် ဝယ်ယူသူများသည် ထုတ်ကုန်များကို ဘယ်လိုထုတ်လဲလည်းဆိုတာကိုအာရုံစိုက်နေကြသည်။ထို့ကြောင့် ခိုင်မာသောထုတ်လုပ်မှုနှင့် နိုင်ငံတကာအလုပ်သမားစံနှုန်း

များကိုလေးစားခြင်းသည် EU နှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးရဲ့အဓိကအကြောင်းအရာဖြစ်သည့်အတွက် SMART Textile and Garment Program မှတစ်ဆင့် ကျွနု်ပ်တို့၏ပူးပေါင်းဆောင်ရွက်မှုသည်အလွန်အရေးကြီးသည် ဟု

Campo Llopis ကထပ်မံပြောကြားသည်။

H&M,Bestseller နှင့် C&A အပါအဝင်နိုင်ငံတကာလက်လီအရောင်းဆိုင်များမှလည်း အစီအစဉ်အသစ်ကိုသဘောတူညီကြသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံထုတ်အဝတ်အထည်များသည် နိုင်ငံ၏အကြီးဆုံးတင်ပို့မှုအမျိုးအစားများအနက်မှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှပြောကြားသည်။

၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းအခန်းကဏ္ဍသည်ပို့ကုန်တင်ပို့မှုအပေါ်အခြေခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

အထည်ချုပ်လုပ်ငန်းသည် ဥရောပဈေးကွက်တွင်အဓိကအနေဖြင့် အမျိုးသမီးများ၏အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနေပါသည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>


 


 
















တစ်ဆင့် ကျွန်ုပ်တို့၏ပူးပေါင်းဆောင်ရွက်မှုသည်အလွန်အရေးကြီးသည် ဟု Campo Llopis ကထပ်မံပြောကြားသည်။





Read 2575 times
Rate this item
(0 votes)