What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်နှင့်ပတ်သက် ၍ ထုတ်ပြန်ကြေညာ

တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်နှင့်ပတ်သက် ၍ ထုတ်ပြန်ကြေညာ Google

တောင်ကိုရီးယားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် ခုနှစ်နှစ်ခွဲမျှအချိန်ယူကာ ဆောင်ရွက်ခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေး

 

သဘောတူညီချက်များကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ထိုသဘောတူညီချက်တွင် သံထည်ပစ္စည်းများ ၊အထည်အလိပ်နှင့်အော်တိုမော်တော်ယာဉ်များအပေါ် အကောင်ခွန်ဖယ်ရှားပေးရန်စသည်တို့ပါဝင်ခဲ့သည်။

 

နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင်တောင်ကိုရီးယား-အင်ဒိုနီးရှား ဘက်စုံစီးပွားရေး ပူးပေါင်းရေးဆောင်ရွက်မှုဆိုင်ရာ

 

သဘောတူညီချက် (CEPA)ပြီးဆုံးပြီဖြစ်ကြောင်းတရားဝင် ကြေညာကာ နှစ်နိုင်ငံ ယာယီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

နှစ်နိုင်ငံလုံးမှ သဘောတူညီချက်များကို ယခုနှစ်အစောပိုင်းတွင် ပြန်လည်သုံးသပ်ပြီးနောက် နှစ်ဘက်စလုံးမှ ပါလီမန်များ၏

 

အတည်ပြုချက်များကိုရကာ တရားဝင် သဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

တောင်ကိုရီးယား-အင်ဒိုနီးရှား CEPA ကို စတင်ကျင့်သုံးလျှင် အင်ဒိုနီးရှားဈေးကွက်၏ ၉၃ ရာခိုင်နှုန်းသည်


တောင်ကိုရီးယားအတွက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိထက် ၈၀.၁ ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်သည်။

 

အင်ဒိုနီးရှားသည် တောင်ကိုရီးယားနိုင်ငံ၏ အထည်အလိပ် ၊ သံမဏိ ၊ မော်တော်ယာဉ် ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့်

 

စက်ပစ္စည်းအစိတ်အပိုင်းများအပေါ် အကောက်ခွန်များ လျော့ချရန်သဘောတူညီခဲ့သည်။

 

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Agus Suparmanto က အင်ဒိုနီးရှားသည် တောင်ကိုရီးယားဈေးကွက်သို့

 

အာဆီယံ- တောင်ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် မှရရှိသော အချက်များနှင့်


နှိုင်းယှဉ်လျှင် ပိုမိုကျယ်ပြန့်သော ဝင်ရောက်မှုများကို ပေးစွမ်းနိုင်သည် ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကျောက်မီးသွေး ၊ ရေနံ ကဲ့သို့သော ကုန်ကြမ်းများကို


တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ပြီး စက်ပစ္စည်းများနှင့် သတ္တုများကိုတင်သွင်းသည် ။

 

တောင်ကိုရီးယားသည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည် ။


ကျွန်းစုရှစ်ခု တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံ သောနိုင်ငံဖြစ်ပြီး ဒေါ်လာ ၆၃၈သန်းရရှိခဲ့သည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 

 







ကြောင်း ကြေညာခဲ့သည်။


 











 


 

Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 886 times
Rate this item
(0 votes)
Tagged under