What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆာဘီးယားအစိုးရသည် ဒါဗာမြို့တွင် အထည်အလိပ် စက်ရုံသစ် ဖွင့်လှစ်ကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်

ဆာဘီးယားအစိုးရသည် ဒါဗာမြို့တွင် အထည်အလိပ် စက်ရုံသစ် ဖွင့်လှစ်ကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် Google

ဆာဘီးယားနိုင်ငံပိုင်အထည်အလိပ်လုပ်ငန်း Yumco သည် အနောက်ဘော်စနီးယားပြည်နယ် ဒါဗာမြို့တွင် စက်ရုံအသစ်

 

တစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။

 

ဆာဘီးယား အစိုးရသည် လုပ်သား ၈၀ ခန့်ရှိသော် အဆိုပါစက်ရုံသစ်တွင် ဒေါ်လာ ၅၅၁၀၀၀ ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း တရားဝင်

 

ထုတ်ပြန်ခဲ့ပါတယ်။

 

ဆာဘီးယား သမ္မတ Aleksandar Vucic နှင့် ဆာဘီးယား ပြည်ထောင်စု ဝန်ကြီးချုပ် Radovan Viskovic တို့က အဆိုပါစက်ရုံသစ်သည်

 

နိုင်ငံ၏ အထည်အလိပ်ကဏ္ဍကိုများစွာအထောက်အကူပြုပြီး Southeast Europe အထည်အလိပ်ဈေးကွက်ကို ထိုးဖောက်နိုင်အောင်

 

ကူညီလိမ့်မည်ဟုမျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆာဘီးယားအစိုးရသည် အထည်အလိပ်ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးကို များစွာဆောင်ရွက်လျက်ရှိပြီး စက်ရုံသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို

 

ပြုလုပ်လျက်ရှိပါတယ်။

 

၂၀၁၈ ခုနှစ်အတွင်းမှာလည်း အထည်အလိပ်စက်ရုံသစ်နှစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါစက်ရုံသစ်နှစ်ခုကို Resavica မြို့အရှေ့ဘက်တွင် ဥရောပသို့တင်ပို့ရန်အတွက်လည်းကောင်း၊ Bujanovac မြို့တောင်ဘက်တွင်

 

ဆာဘီးယားစစ်တပ် နှင့် ရဲတပ်ဖွဲ့တို့အတွက် ယူနီဖောင်းများ ချုပ်လုပ်ရန်အတွက် လည်းကောင်း ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

ဆေးဆိုးပန်းရိုက်လုပ်ငန်း ၃၄၅ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>













 


 

Myanmar Textile and Garment Directory

Read 909 times
Rate this item
(1 Vote)
Tagged under