Covid 19 ရောဂါကူးစက်မှုကြောင့်ယာယီပိတ်သိမ်းထားသောစက်ရုံများကိုFuji အထည်အလိပ်နှင့်ဖိနပ်စက်မှုလုပ်ငန်းကောင်စီက မကြာသေးမီအချိန်တုန်းကစုံစမ်းမှုများပြုလုပ်ခဲ့ပါတယ်။
ကင်ညာအစိုးရအနေနဲ့ Kitui Country Textile Centre ကနေ ပြည်တွင်းအတွက် လိုအပ်နေတဲ့ Mask နဲ့
အခြားသော personal protective equipment (PPE) တွေထုတ်လုပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။
လက်ရှိကိုဗစ်ကပ်ရောဂါကာလမှာ နိုင်ငံတော်တော်များများအနေနဲ့ Mask နဲ့အခြားသောအကာအကွယ်ပစ္စည်း တွေလိုသလောက်မရရှိမှု၊
ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ကင်ညာနိုင်ငံအနေနဲ့ ယခုလိုဆုံးဖြတ်ခဲ့တာ လည်းဖြစ်ပါတယ်။
Kitui Country Textile Centre ရဲ့တာဝန်ရှိသူတွေအနေနဲ့ကလည်း တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်ရရှိဖို့အတွက်
စံချိန်စံနှုန်းတွေအစစ်ဆေးခံခဲ့ရသလို နမူနာတွေကိုလည်း သက်ဆိုင်ရာထံသို့ပေးပို့ခဲ့ရပါတယ်။
အဆိုပါ စက်ရုံအ နေနဲ့ တစ်နေ့ကို Mask အရေအတွက် ၁,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့ပြီး
ရင်းနှီးမြှုပ်နှံမှုအတွက် ကင်ညာရဲ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
Myanmar Textile & Garment Directory
<<<Zawgyi>>>
COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးပိတ်ဆို့မှု ပြသာနာများနှင့်ရင်ဆိုင်နေရပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ်ဇန်နဝါရီလအတွက်မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၉၇၉ ဒသမ ၉၁ သန်း၊
နယ်စပ်ပို့ကုန်တန်ဖိုးမှာ ၅၀၈ ဒသမ ၂၅ သန်းနှသ့်စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၈၈ ဒသမ၁၆သန်းဖြစ်ပါသည်။
ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၇၂ ဒသမ ၀၇သန်း၊နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ၁၃သန်းနှင့်
စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၅၂ ဒသမ ၂၀ သန်းဖြစ်ကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် ဇန်နဝါရီလအတွက်စုစုပေင်ူကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ န၅၄၀ ဒသမ ၃၆ သန်းဖြစ်ပြီး
စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၀၄ သန်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် အောက်တိုဘာလမှဇန်နဝါရီလအထိမြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇၀၂ ဒသမ ၂၁သန်း၊နယ်စပ်ပို့ကုန်တန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၂၅၄၈ ဒသမ ၀၉ သန်းနှင့်စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၅၀ ဒသမ ၃၀ သန်းဖြစ်သည်။ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၄၅ သန်း၊
နယ်စပ်သွင်းကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ဆ၀၉၇ ဒသမ ၄၆ သန်းနှင်ွစုစုပေါင်းသွင်းကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၇၀၄၂ ဒသမ ၄၆ သန်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ်အောက်တိုဘာလမှ ဇန်နဝာရီလပထစုစုပေါင်းကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ ၁၃၂၉၂ ဒသမ ၇၆ သန်းဖြစ်ပြီး
စုစုပေါင်းကုန်သွယ်မှုလိုငွေမှာအမေရိကန်ဒေါ်လာ ၇၉၂ ဒသမ ၁၆ သန်းဖြစ်ပေါ်ခဲ့ကြောင်းဗဟိုစာရင်းအဖွဲ့မှလစဉ်တင်ပြသောပို့ကုန်သွင်းကုန်အစီရင်ခံစာအရသိရသည်။
Myanmar Textile & Garment Directory
e
<<<Zawgyi>>>
လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသောCOVID -19 ကူးစက်ရောဂါ ရိုက်ခတ်မှုကြောင့်ကမ္ဘာပေါ် ရှိ နိုင်ငံအသီးသီးတို့၏
အထည်အလိပ်ကဏ္ဌများသာမက ဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီများပါ အခက်အခဲများနှင့်ရင်ဆိုင်နေရပါတယ်။
ထိုင်ဝမ်အထည်အလိပ်လုပ်ငန်းအမြောက်အများသည် သူတို့ထုတ်လုပ်နေသည့် ထုတ်ကုန်များအစား Covid 19 အတွက်လိုအပ်သည့် Surgical mask များနှင့်
ဗီယက်နမ်အထည်အလိပ် လုပ်ငန်းသည် ဝယ်သူများမှ မှာယူစာများကို ရပ်ဆိုင်းခြင်း ၊ အပြီးဖျက်သိမ်းခြင်း စသည့် ထုတ်လုပ်မှု
အပိုင်းပြဿနာများကြောင့် VND ၁၁ ထရီလီယံအထိ အရှုံးပေါ်နိုင်သည် ဟု တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။
အမေရိကန်နှင့်ဥရောပသမဂ္ဂ တို့သည် ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်တင်ပို့မှုကို သုံးပတ်မှလေးပတ်ကာလအထိ
ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဗီယက်နမ်အထည်ထုတ်လုပ်သူများအသင်းအား အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံ၏ အထည်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အမျိုးသားညှိနှိုင်းရေးကောင်စီအဖွဲ့သည် နိုင်ငံတော်အစိုးရက ထုတ်ပြန်လိုက်သော