What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်နိုင်ငံ သည် အထည်အလိပ်လုပ်ငန်းဆိုင်ရာ လမ်းကြောင်းသစ်များကို ဖန်တီး

တရုတ်နိုင်ငံ သည် အထည်အလိပ်လုပ်ငန်းဆိုင်ရာ လမ်းကြောင်းသစ်များကို ဖန်တီး Google

ထုပ်လုပ်မှု နှင့် ရောင်းအားနှစ်ခုစလုံးတွင် အလုပ်အကိုင် ၂၇.၁၅ သန်းကျော်ကို အလုပ်အကိုင်ပေးနေသော

 

တရုတ်နိုင်ငံ ၏ အထည်အလိပ်လုပ်ငန်းသည် Belt and Road Initiative (BRI) နှင့်သက်ဆိုင်သည့် စီးပွားရေးတွင်

 

တိုးတက်မှုအရှိန်အဟုန် များပြားလာမည်ဖြစ်သည်။

ဒါပြင့် ယခုနှစ်အတွင်း အထည်အလိပ် ကုမ္ပဏီအချင်းချင်းယှဉ်ချင်းများပေါ်ပေါက်လာပြီး ထိုယှဉ်ပြိုင်မှုများက အထည်ချုပ်ထုတ်လုပ်သူများ ဆန်းသစ်တီထွင်မှု

 

စွမ်းရည်ကိုတိုးတက်စေနိုင်သည်ဟု တရုတ်အမျိုးသားအထည်အလိပ်နှင့် အဝတ်အထည် ကောင်စီဌာန ဥက္ကဌ Sun မှပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် လာမည့်နှစ်တွင် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ပြုမှု (RCEP) ကို

 

လက်မှတ်ရေးထိုးရန်မျှော်လင့်ထားသဖြင့် ဒေသအဆင့်ဖွံ့ဖြိုးတိုးတက်မှုပိုမိုကောင်းမွန်စေရန် ကုန်ပစ္စည်းများ၊ ထုတ်လုပ်နိုင်မှု

 

စွမ်းရည်နှင့် ကုန်သွယ်မှုဆိုင်ရာဖွဲ့စည်းပုံ ကို အရှိန်မြှင့်တင်ရန်လိုအပ်သည်။

 

ဒါပြင် အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သောဈေးကွက်များထွန်းကား


လာခြင်းသည် ကမ္ဘာ့အထည်အလိပ်လုပ်ငန်း၏ အထည်အလိပ်နှင့် ကုန်သွယ်မှုပုံစံများကိုပြောင်းလဲစေခဲ့သည်။

 

တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု ၊ ဥရောပသမဂ္ဂ နှင့် ဂျပန် နိုင်ငံ များသို့တရုတ်နိုင်ငံ၏ အထည်အလိပ်နှင့်

 

အဝတ်အထည်တင်ပို့မှုမှာ တစ်နှစ်လျှင် ၄.၅ ရာခိုင်နှုန်း ၊ ၅ရာခိုင်နှုန်း နှင့် ၅.၅ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး BRI တွင်

 

ပါဝင်သည့် နိုင်ငံများနှင့် ဒေသများသို့ စုစုပေါင်းတင်ပို့မှုမှား တိုးတက်လာခဲ့သည်။

 

အာဖရိကသို့တင်ပို့မှုမှာ ၁.၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခင်နှစ်ထက် ၆.၆ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်းတွေ့ရသည်။

 

ထုတ်ကုန်တန်ဖိုးကို တိုးတက်စေရန်နှင့် ရာသီဥတု ပြောင်းလဲခြင်းကိုကိုင်တွယ်ရန် အတွက် အစိမ်းရောင်အထည်အလိပ်

 

ထုတ်ကုန်များသည် အထည်အလိပ်လုပ်ငန်း၏ လမ်းကြောင်းအသစ် ဖြစ်လာခဲ့ပြီဟု Sun ကပြောကြားခဲ့သည်။

 

စတုတ္တ စက်မှုတော်လှန်ရေးသည် နုပျိုနေသေးပြီး နည်းပညာဆိုင်ရာ အသုံးချမှုများမှာ မရင့်ကျက်သေးသောကြောင့်

 

နည်းပညာသစ်များ၏ မတည်ငြိမ်မှုသည် ကနဦး ရင်းနှီးမြှုပ်နှံမှုများနှင့်


စမ်းသပ်ကုန်ကျစရိတ်များ ပိုမိုမြင့်တက်စေနိုင်သည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 


 
















Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 952 times
Rate this item
(0 votes)
Tagged under