What's new

×

Warning

JUser: :_load: Unable to load user with ID: 845


US ဈေးကွက် အ၀တ်အစား တင်သွင်းမှု အခြေအနေ

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တင်သွင်းခဲ့သည့် ပမာဏထက် ၂ ဆကျော်ကို ၂၀၁၇ ခုနှစ်တွင် အမေရိကသို့ တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးပမာဏသည် ကန်ဒေါ်လာ ၇၃.၆ သန်းဖိုးမျှသာ ရှိကြောင်း တွေ့ရသည်။


အီးယူ ဥရောပနှင့် အမေရိက ဈေးကွက်ကြီး နှစ်ခုသည် အထည်ချုပ်လုပ် တင်ပို့မှု အရေးပါသော ပြည်ပပို့ကုန် ဖြစ်နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လွန်စွာ အရေးပါသော ဈေးကွက်ကြီးနှစ်ရပ် ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် အမေရိကဈေးကွက်ထဲသို့ တင်သွင်းသည့် တန်ဖိုးပမာဏသည် ၂၀၁၆ ခုနှစ်နှင့် တန်းတူရေချိန် ဖြစ်ခဲ့ကြောင်း တွေ့ရသည်။ အာရှမှ ဗီယက်နမ်နိုင်ငံနှင့် အိမ်နီးနားချင်းဖြစ်သော မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းမှု ဝေစုကို ပိုမိုရရှိခဲ့သည်။

အမေရိက အ၀တ်အစားဈေးကွက်သည် အကူးအပြောင်း ကသောင်းကနင်းကာလကို ဖြတ်သန်းနေသည်။ မြေပြင်လက်လီဆိုင်များနှင့်အတူ ကောင်းကင်အွန်လိုင်း အရောင်းဆိုင်များဖြင့်လည်း ဈေးခင်းများ ဖွင့်လှစ်ရောင်းချနေကြသည်။ လက်လီဆိုင်များ၊ brand များသည် အပိုသိုမှီးသည့် ပမာဏကို တင်းတင်းကျပ်ကျပ်ဖြင့် အနည်းဆုံးဖြစ်အောင် စီမံကြခြင်းကို ဆက်လက်ဆောင်ရွက်နေကြသည်။ ရောင်းအားမှာ တည်တည်ငြိမ်ငြိမ် ရှိသော်လည်း ဈေးနှုန်းများကို ပျမ်းမျှချကြည့်ပါက လျော့ကျသွားသည်။
ပြည်ပမှ တင်သွင်းသော အ၀တ်အစားများတွင် ဗီယက်နမ်၊ မက္ကဆီကိုနှင့် အိန္ဒိယတို့က ပိုကြီးမားသော ဝေစုကို ရထားကြသည်။ တင်သွင်းသည့် တန်ဖိုးပမာဏသည် ၂၀၁၆ ခုနှစ်နှင့် မတိမ်းမယိမ်းပင် ဖြစ်ပေရာ ၎င်းနိုင်ငံများ ဝေစု ပိုရရှိကြသည်မှာ တရုတ်နိုင်ငံ၏ လျော့ကျသွားသောဝေစုကို များများစားစား ရရှိကြခြင်း မည်ပေသည်။

နိုင်ငံတကာ ကုန်သွယ်မှု စီမံရေးဌာန၏ အထည်အလိပ်နှင့် အ၀တ်အစားတို့အတွက် ဌာနဖြစ်သော Office of Textiles and Apparel (OTEXA) မှ ထုတ်ပြန်သော စာရင်းအင်းများအရ အ၀တ်အစားများ တင်သွင်းသည့် စုစုပေါင်း တန်ဖိုး ပမာဏသည် ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၈၀.၇ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၀.၃ ဘီလျံသာ ရှိသဖြင့် ရာခိုင်နှုန်းအရ ၀.၅% လျော့ကျသည်။

တင်သွင်းခဲ့သည့် အ၀တ်အစားတို့ကို ဧရိယာပမာဏအရ ကြည့်သည့်အခါ တစ် စတုရန်းမီတာ ညီမျှချက် square meter equivalent (SME) အခြေခံပြီး တွက်ချက်သည့်အခါ တင်သွင်းသည့် ပမာဏသည် ၀.၈% တိုးကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ တင်သွင်းသည့် စုစုပေါင်း တန်ဖိုးပမာဏ လျော့ကျသော်လည်း ဧရိယာပမာဏ တိုးနေသည်။ ထို့ကြောင့် တင်သွင်းသည့် အ၀တ်အစားများ၏ တန်ဖိုးဈေးနှုန်း တစ်စတုန်ရန်းမီတာအတွက် ပျမ်းမျှတန်ဖိုး လျော့နည်းသွားခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ဈေးပိုပေါသည့် ဈေးနှုန်းဖြစ်သည့် အ၀တ်အစားများ တင်သွင်းခြင်း ဖြစ်သည်။ တစ်စတုရန်းမီတာအတွက် ပျမ်းမျှဈေးနှုန်းတန်ဖိုးသည် ၁.၃% ပိုနည်းနေကြောင်း တွေ့ရသည်။

ဗီယက်နမ်မှ တင်ပို့သည့် တန်ဖိုးပမာဏ ၇% တိုးသည်။ ကန်ဒေါ်လာ ၁၁.၆ ဘီလျံဖိုးဖြင့် စံချိန်တင်သည်။ တရုတ်နိုင်ငံက ၃.၂% လျော့ကျသည်။ ထုတ်လုပ်မှုစရိတ် မြင့်တက်လာခဲ့ပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သဖြင့် brand များသည် သက်သာသည့်နိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။
ထိုသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်ကို ဆွဲဆောင်ရယူနိုင်ခဲ့သည့် နိုင်ငံများ ရှိသော်လည်း တင်ပို့သည့် စုစုပေါင်းပမာဏများသည် နည်းပါးနေဆဲဖြစ်သည်။
သာဓကအားဖြင် အီသီယိုးပီးယားသည် တင်ပို့မှု တန်ဖိုးပမာဏ ၅၃% တိုးခဲ့သော်လည်း စုစုပေါင်း တင်ပို့သည့် တန်ဖိုးပမာဏမှာ ကန်ဒေါ်လာ ၃၂ သန်းဖိုးသာ ရှိသည်။ အမေရိကမှ ၂၀၁၇ ခုနှစ် တစ်နှစ်တာ တင်သွင်းသည့် အ၀တ်အစားများ စုစုပေါင်း တန်ဖိုးပမာဏ ဖြစ်သော ၈၀.၃ ဘီလျံနှင့် နှိုင်းယှဉ်ပါက အစွန်းထွက် တန်ဖိုးပမာဏကိုအက်လျှင် မမီချေ။ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တင်သွင်းခဲ့သည့် ပမာဏထက် ၂ ဆကျော်ကို အမေရိကသို့ တင်ပို့ခဲ့သော်လည်း စုစုပေါင်းတန်ဖိုးပမာဏသည် ကန်ဒေါ်လာ ၇၃.၆ သန်းဖိုးမျှသာ ရှိကြောင်း တွေ့ရသည်။

Read 2077 times
Rate this item
(0 votes)