What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အင်ဒိုနီးရှားနိုင်ငံသည် အထည်အလိပ်ဆိုင်ရာ စည်းကမ်းများကိုတင်းကြပ်

အင်ဒိုနီးရှားနိုင်ငံသည် အထည်အလိပ်ဆိုင်ရာ စည်းကမ်းများကိုတင်းကြပ် google

အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဒေသတွင်းစက်မှုလုပ်ငန်းများအားကာကွယ်ရန် အထည်အလိပ်တင်သွင်းမှုကို ကန့်သတ်ထားသည်ဟု အရာရှိတစ်ဦးကပြောကြားခဲ့သည်။


ဝန်ကြီးဌာနအနေဖြင့် အထည်အလိပ်တင်သွင်းသူ အားလုံးအားအထည်အလိပ် တင်ပို့ခြင်းမပြုမီ အစိုးရထံမှ ခွင့်ပြုချက် ရယူရန်လိုအပ်လိမ့်မည်ဟု နိုင်ငံခြားကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် ကပြောကြားခဲ့သည်။

 

အင်ဒိုနီးရှား နိုင်ငံ၏ စားသုံးသူများ က စားသုံးမှုနှေးကွေးသောနှင့် အထည်အလိပ်တင်သွင်းမှုမြှင့်တင်လာခြင်းတို့ကြောင့် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်တွင်းအထည်အလိပ်လုပ်ငန်းသည် အားနည်းလာခဲ့သည်။

 

၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်အတွင်း အထည်အလိပ်တင်သွင်းမှု ၇၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက စာရင်းအင်းအေဂျင်စီများကို ကိုးကား၍ ထုတ်ပြန်ကြေညာခဲ့သည်။


၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် အထည် ၄၁၃၈၁၃ တန်တင်သွင်းနိုင်ငံနိုင်ခဲ့သည်။

 

အခြားချည်မျှင်များကဲ့သို့သော အထည်အလိပ်နှင့်ပတ်သက်သော ထုန်ကုန်များထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ် မှသုံးနှစ်အတွင်း နှစ်ဆမြင့်တက်ခဲ့သည် ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည် ။

 

အင်ဒိုနီးရှားနိုင်ငံ မှ အထည်အလိပ်နှင့်ပတ်သက်သော ပစ္စည်းများကို တရုတ်၊ တောင်ကိုရီးယား ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူခဲ့ကြောင်းသိရသည်။

 

ဆက်လက်ပြီး အင်ဒိုနီးရှားအကောက်ခွန်ရုံးက မှောင်ခိုတင်သွင်းသော အဝတ်အထည်များတိုးများလာကြောင်းထုတ်ပြန်ခဲ့သည်။ ဒါပြင်တစ်ပတ်ရစ် အထည်များကို နိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုတော့ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 








Reference ; reuters.com

Myanmar Textile and Garment Directory

 
Read 906 times
Rate this item
(0 votes)
Tagged under