ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၉/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးတွင် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရန် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သော Dong Long (Myaungmya) Garment Co., Ltd. ကို အတည်ပြုပေးခဲ့ပါသည်။
အဆိုပါ အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်း ၃၅၃၀ ခု ဖန်တီးပေးနိုင်မည် ဟု သိရသည်။
Dong Long (Myaungmya) Garment Co., Ltd. အနေဖြင့် အထည်ချုပ်စက်ရုံ ထူထောင်မည့်နေရာမှာ ကွယ်လွယ်ကွင်း ကွယ်လွယ်ကျေးရွာအုပ်စု မြောင်းမြမြို့နယ် မြောင်းမြခရိုင် ဧရာဝတီတိုင်းဒေသကြီး ဒေသကြီး တွင် ဖြစ်ပါသည်။
Dong Long (Myaungmya) Garment Co., Ltd. သည်ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်လည်း Dong Long (Pathein) Garment. Co.,ltd အနေဖြင့် အထည်ချုပ်စက်ရုံလုပ်ငန်း လုပ်ကိုင်ကြောင်း သိရသည်။
By Myanmar Textile & Garment Guide