What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘောဒီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂများ လစာတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေ

ကမ္ဘောဒီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂများ လစာတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေ fibre2fashion.com

ပြီးခဲ့သည့် လပိုင်းက ကမ္ဘောဒီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂများ အစည်းအဝေးတစ်ခုတွင် အထည်အလိပ်၊ အထည်ချုပ်နှင့်ဖိနပ် စက်ရုံအလုပ်သမားများ

၎င်းတို့၏ လစာမှာ ဒေါ်လာ ၁၁.၅၉ ဒေါ်လာမှ ၆.၁ ရာခိုင်နှုန်း ရရှိသင့်တယ်လို့ သဘောတူညီမှုများ ပြုလုပ်ခဲ့ပါတယ်။

 

အလုပ်သမား နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာဝန်ကြီးဌာနမှ စက်တင်ဘာလ ၃ ရက်နေ့၊ လုပ်ခဆိုင်ရာကောင်စီတွင် အလုပ်သမားများ၏ ထိုလုပ်ခ လခများသည် အမျိုးသား အဆင့်အနိမ့်ဆုံး ကိန်းဂဏန်းကို ထပ်မံ ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

ထိုအစည်းအဝေးတွင် အလုပ်သမားသမဂ္ဂများ၊ အထည်ချုပ်စက်ရုံများနှင့် အလုပ်သမား ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါတယ်။

 

ကမ္ဘောဒီးယား အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ Ath Thorn က ထိုကိန်းဂဏန်းများသည် နှစ်စဉ် ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းတိုးတက်မှု၊ စက်ရုံထုတ်လုပ်မှု ၂ ရာခိုင်နှုန်း နှင့် အလုပ်ရှင်များ၏ အမြတ်အစွန်း ၁.၃ ရာခိုင်နှုန်း တိုးလာခြင်းအပေါ် အခြေခံပြီး သုံးသပ်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Covid-19 ဆိုးကျိုးသက်ရောက်မှုများကြောင့် စက်ရုံများရှိ အလုပ်ရှင်များမှာလည်း လုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိတယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားရှိ အထည်ထုတ်လုပ်သူများအသင်း (GMAC) လက်ထောက်အထွေထွေအတွင်းရေးမှူး Kaing Monika က အသင်းအနေဖြင့် အချက်အလက်များကို လေ့လာနေဆဲ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

 လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုမှာ လက်ရှိအခြေအနေပေါ်တွင် မူတည်နေသလို အလုပ်သမားများအနေဖြင့် မြင့်တက်ခြင်းထက် လုပ်အားခကို လျော့ကျသွားနိုင်တယ်လို့ ကမ္ဘောဒီးယားအလုပ်သမားအဖွဲ့ချုပ်ဥက္ကဌက ထပ်မံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Ref:fibre2fashion

Read 842 times
Rate this item
(0 votes)
Tagged under