========================
Facebook လင့်ခ်
================
စက်ချုပ်သင်တန်း
===========
သင်တန်းကာလ ၈ ပတ်
================================
သင်တန်းကာလ ၈ ပတ်
=================
စက်ပြင်
======
သင်တန်းကာလ ၈ပတ်
=================
မီးပူတိုက်ခြင်း။
သင်တန်းကာလ ၈ ပတ်
===============
=======================
အထည်ချုပ်စက်ရုံပိုင်ရှင်များသည် အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှ သင်တန်းအတွက်အသုံးပြုရန် လိုအပ်သော အထည်အလိပ်များ ပိတ်စများ တံဆိပ်များ အပ်များ အင်္ကျီတွင်အလှတပ်ပစ္စည်းများ ကြယ်သီးများ ကို စက်ရုံတွင် ပိုလျှံနေပြီး အသုံးမပြုဖြစ်သော ပျက်စီးသော အထည်များ အသုံးပြုအထည်များ စသည်တို့ကို သင်တန်းကျောင်းအတွက်ထောက်ပံ့လှူဒါန်း၍ အထည်ချုပ်သင်တန်းကျောင်းအတွက်ကူညီလိုပါက facebook messanger မှဖြစ်စေ This email address is being protected from spambots. You need JavaScript enabled to view it. သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
Unicode
အခမဲ့ အထည်ချုပ်သင်တန်းများ
=================
သင်တန်းကာလအတွင်း သင်တန်းသူ သင်တန်းသားများအတွက် သင်တန်းကြေးအခမဲ့၊ ထောက်ပံ့ကြေး၊ နေ့လည်စာ စားသောက်စရိတ် တစ်ရက် ၁,၈၀၀ကျပ် ထုတ်ပေးမယ့်အပြင် တည်ခိုဖို့ အဆောင်ရှာဖွေရမှာလည်း အကူအညီပေးသွားဦးမည်။
အဲဒီ သင်တန်းကို ဘယ်သူတွေ တက်နိုင်သလဲဆိုတော့
● အထည်ချုပ်လုပ်ငန်း အတွေ့အကြုံ မရှိသူ
● အသက် ၁၈ ပြည့်ပြီးသူ
● အလုပ်အကိုင် ရှာဖွေနေသူ
● လူမျိုးမရွေး၊ ဘာသာမရွေး၊ အိမ်ထောင် ရှိရှိမရှိရှိ
● အတန်းပညာရေး ရှိရှိမရှိရှိ
● အထည်ချုပ်လုပ်ငန်းတွင် အမှန်တကယ်လုပ်ကိုင်လိုသူ
http://www.textiledirectory.com.mm/articles.html
အခမဲ့ အောင်မြင်မှု အထည်ချုပ် သင်တန်းကျောင်း
============================
အသက်မွေးဝမ်းကျောင်းအတွက် သင်တန်းတစ်ခုခုတက်ဖို့ စဉ်းစားနေတယ် ဆိုရင်တော့ “အောင်မြင်မှု” အထည်ချုပ် သင်တန်းကျောင်း(Aung Myin Hmu Garment Skills Training Centre)ကနေ ခေါ်ယူနေတဲ့ အခမဲ့သင်တန်းတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ သင်တန်းကာလအတွင်း သင်တန်းသူ သင်တန်းသားများအတွက် သင်တန်းကြေးအခမဲ့၊ ထောက်ပံ့ကြေး၊ နေ့လည်စာ စားသောက်စရိတ် တစ်ရက် ၁,၈၀၀ကျပ် ထုတ်ပေးမယ့်အပြင် တည်ခိုဖို့ အဆောင်ရှာဖွေရမှာလည်း အကူအညီပေးသွားဦးမှာပါ။
“အောင်မြင်မှု” အထည်ချုပ် သင်တန်းကျောင်း(Aung Myin Hmu Garment Skills Training Centre) တည်ရာ လိပ်စာမှာ
ပင်လုံခန်းမ၊ အမှတ်(၄၃) ရပ်ကွက်၊
မင်းရဲကျော်စွာလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် ဝ၉၄၂၅၈၄၇၈၂၁
စံပြသင်တန်းကျောင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရွှေ့ပြောင်းအမျိုးသမီးများကို ကျွမ်းကျင်မှု သင်တန်းပို့ချပေးကာ အထည်ချုပ် ကဏ္ဍတွင် အလုပ်လုပ်သလောက် ထိုက်တန်သည့် လုပ်ခလစာရသည့် အလုပ်များကို ရှာဖွေပေးရန်ဖြစ်ပါသည်။
သင်တန်းတက်ရောက်နိုင်မည့် အခွင့်အလမ်း
========================
အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းသည် ရန်ကုန်မြို့ မြောက်ဒဂုံတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အနဖြေင့် စက်ချုပ်သင်တန်း၊ ပိတ်သား ဖြတ်/ ညှပ်ခြင်း၊ အချောသတ်ခြင်း၊ အရည်အသွေးစိစစ်ထိန်းချုပ်ခြင်းများနှင့်ပတ်သက်၍ ဤသင်တန်းကို တက်ရောက်ပြီး မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(National Skill Standards Authority-NSSA)၏ အဆင့် (၁) အသိအမှတ်ပြုလက်မှတ်ကို ရယူနိုင်ပါသည်။
အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းသည် အခမဲ့သင်တန်းများပေးရန်အတွက် သင်တန်းတက်ရန် လျှောက်ထားသူများကို ဖိတ်ခေါ်နေပါသည်။ သင်တန်းသားများအနဖြေင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းနယ်ပယ်၏ လက်တွေ့လုပ်ငန်းခွင်နှင့်အကိုက်ညီဆုံးဖြစ်မည့် ကျွမ်းကျင်မှုသင်တန်းကို တက်ရောက်နိုင်စေရန် ရည်ရွယ်လျက် အထည်ချုပ်စက်ရုံများနှင့် ဆွေးနွေးတိုင်ပင်ပြီး သင်ရိုးရေးဆွဲထားခြင်းဖြစ်သည်။ အရည်အသွေး၊ မြန်နှုန်းနှင့် ထိရောက်ကျွမ်းကျင်မှုရှိစေရန် အလေးထား သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းမှ ကျွမ်းကျင်သင်တန်းဆရာများသည် အထည်ချုပ်စက်ရုံ လုပ်သက်အတွေ့အကြုံများစွာရှိပြီး ကျွမ်းကျင်ဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ပြီးသူများ ဖြစ်ပါသည်။
သင်တန်းစတင်မည့်ရက် - - ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
သင်တန်းကာလ - - ၈ ပတ် / ၁ ၁ ပတ် ၅ ရက်
သင်တန်းသား/သင်တန်းသူများသည် အဆင့် (၁) အမျိုးသား အလုပ်အကိုင် ကျွမ်းကျင်မှုစံ အသိအမှတ်ပြုလက်မှတ်ကို ရရှိမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းတွင် အလုပ်အကိုင်ရရှိရန်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ဤသင်တန်းမှ ပေးအပ်မည့် အသိအမှတ်ပြုလက်မှတ် (certificate) ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းအဆင့်တွင် အသိအမှတ်ပြုထားပါသည်။
အခြေခံသင်တန်းသားများအတွက်ပြုလုပ်သည့် သင်တန်းများဖြစ်ပြီး သင်တန်းကာလအတွင်း တက်ရောက်သူ သင်တန်းသားများကို ထောက်ပံ့ကြေးနှင့် နေ့လယ်စာ စားသောက်စရိတ် ထုတ်ပေးမည်ဖြစ်သည့် အပြင် တည်းခိုနေထိုင်ရန် အဆောင်ရှာဖွေရာတွင်လည်း ကူညီပေးသွားပါမည်။ သင်တန်း
လျှောက်ထားခြင်းကို စက်တင်ဘာလ (၁၀) ရက်မတိုင်မီ Facebookမှ စာတိုပေးပို့၍သော်လည်းကောင်း၊ ဖုန်းနံပါတ် ဝ၉၄၂၅၈၄၇၈၂၁ ကို ဆက်သွယ်၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။
Facebook လင့်ခ်
https://m.facebook.com/story.php?story_fbid=2037679953129014&id=2013058965591113
သင်တန်းသားများသည် အလုပ်အကိုင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိစေရန် သင်တန်းလျှောက်ထားသူများကို လက်မှုကျွမ်းကျင်မှုနှင့် လိုက်နာ သင်ယူနိုင်မှုစွမ်းရည်ဆိုင်ရာ အကဲဖြတ်စမ်းသပ်ခြင်း ပြုလုပ်ပါမည်။ သင်တန်းသားများ ထူးချွန်ပြီး အောင်မြင်မှုရရှိစေရန်အတွက် သင်တန်း လျှောက်ထားသူများကို၎င်းတို့၏ အရည်အချင်းနှင့် အကိုက်ညီဆုံးဖြစ်မည့် သင်တန်းအမျိုးအစားတွင် နေရာချထားပေးပါမည်။
လျှောက်ထားသူများသည် အထည်ချုပ်လုပ်ငန်းတွင် မည်သည့် အတွေ့အကြုံမျှ ရှိရန် မလိုပါ။
မှတ်ပုံတင်ကတ်ပြား၊ မွေးစာရင်းနှင့် မိသားစု သန်းခေါင်စာရင်း ရှိရမည်ဖြစ်ပြီး
အသက်(၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
ပို့ချပေးမည့် သင်တန်းများ
================
စက်ချုပ်သင်တန်း
===========
စက်ချုပ်သင်တန်း၊ အော်တို အပ်ချုပ်စက်ပစ္စည်းအသုံးပြုခြင်း၊ စက်ချုပ်ခြင်း၊ မိမိကိုယ်တိုင် ဂရုပြု လေ့လာစောင့်ကြည့်ခြင်း၊ အလုပ်ခွင်နေရာစီမံခန့် ခွဲမှုနှင့် သန့် ရှင်းသပ်ရပ်မှု၊ စက်ပစ္စည်းထိန်းသိမ်းမှု။
သင်တန်းကာလ ၈ ပတ်
အတန်း ၁ တန်းလျှင် ဦးရေ ၂၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး အတန်း ၄ တန်း ထားရှိမည်ဖြစ်ရာ စုစုပေါင်း ဦးရေ ၈၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်သည်။
အရည်အသွေး စိစစ်ထိန်းချုပ်ခြင်း QC (Quality Control)
================================
တိုင်းတာခြင်း၊ လက်သင့်ခံနိုင်မှုအတိုင်းအတာ၊ အပြစ်အနာအဆာ ထိန်းချုပ်ခြင်း၊ မှတ်တမ်းများနှင့်ယှဉ်၍ အမှားအယွင်းထိန်းချုပ်မှု၊
သင်တန်းကာလ ၈ ပတ်
ဦးရေ ၁၆ ဦး လက်ခံသင်ကြားပေးမည်
ဖြတ်ညှပ်ခြင်း/အထည်ဖြန့် ခြင်း
=================
အထည်ဖြန့်ခြင်း၊ ဖြတ်ညှပ်ခြင်း၊ ဖြတ်စက် ( Band knife & Straight knife) အသုံးပြုခြင်း၊ Fusing ( ပိတ်စကပ်ခြင်း)၊ Quality and Panel Check ( အရည်အသွေးနှင့် ချုပ်စစစ်ဆေးခြင်း)၊ လိုင်း ပြင်ဆင်ခြင်း။
သင်တန်းကာလ အောင်မြင်မှု အထည်ချုပ် သင်တန်းကျောင်းတွင် ၄ ပတ်
လက်တွေ့လုပ်ငန်းခွင်တွင် ၄ ပတ်
ဦးရေ ၁၆ ဦး လက်ခံသင်ကြားပေးမည်
စက်ပြင်
======
စက်ပစ္စည်းထိန်းသိမ်းခြင်းနှင့် ပြင်ဆင်ခြင်း။
သင်တန်းကာလ ၈ပတ်
ဦးရေ ၅ ဦး လက်ခံသင်ကြားပေးမည်
အချောသတ်ခြင်း/ မီးပူတိုက်ခြင်း
=================
စစ်ဆေးကြည့်ရှုခြင်း၊ ဇစ်၊ ကြယ်သီးစသည်တပ်ခြင်း၊ အပူပေး၍ဖိခြင်း၊
မီးပူတိုက်ခြင်း။
သင်တန်းကာလ ၈ ပတ်
ဦးရေ ၁၆ ဦး လက်ခံသင်ကြားပေးမည်
CAD/CAM ပုံဆွဲပုံစံထုတ်ခြင်း
===============
အခြေခံ pattern ပုံစံဖြတ်ညှပ်ခြင်းနှင့် alterations၊ Grading နှင့် Marker making ပြုလုပ်ခြင်း။
သင်တန်းကာလ ရက်တိုသင်တန်း
ဦးရေ ၁၂ ဦး လက်ခံသင်ကြားပေးမည်
အထည်ချုပ်လုပ်ငန်းများမှ ကူညီလိုပါလျှင်
=======================
အထည်ချုပ်စက်ရုံပိုင်ရှင်များသည် အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှ သင်တန်းအတွက်အသုံးပြုရန် လိုအပ်သော အထည်အလိပ်များ ပိတ်စများ တံဆိပ်များ အပ်များ အင်္ကျီတွင်အလှတပ်ပစ္စည်းများ ကြယ်သီးများ ကို စက်ရုံတွင် ပိုလျှံနပြေီး အသုံးမပြုဖြစ်သော ပျက်စီးသော အထည်များ အသုံးပြုအထည်များ စသည်တို့ကို သင်တန်းကျောင်းအတွက်ထောက်ပံ့လှူဒါန်း၍ အထည်ချုပ်သင်တန်းကျောင်းအတွက်ကူညီလိုပါက facebook messanger မှဖြစ်စေ This email address is being protected from spambots. You need JavaScript enabled to view it. သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။