What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတည်ပြု ခွင့်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၁၆/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ

၁။ Pyi Phyo Tun International Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် ရေငန်ပုဇွန်မွေးမြူ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဖြစ်ပြီး ကပ+ ကတ္တလူ ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် လုပ်ကိုင်မည် ဖြစ်သည်။

 

၂။ Nyaungpingyi Solar Power Company Limited မှ လုပ်ကိုင်မည့် IPP (BO0) စနစ်ဖြင့် ၃၀ မဂ္ဂဝါပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းဖြစ်ပြီး ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ တည်နေရာမှာ ဒူးထောက်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ် မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်သည်။

 

၃။ Aungchanthar Solar Power Company Limited မှ လုပ်ကိုင်မည့် IPP (BO0) စနစ်ဖြင့် ၃၀ မဂ္ဂဝါပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းဖြစ်ပြီး မုံရွာမြို့နယ်၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ် လုပ်ကိုင်မည် ဖြစ်သည်။

အဆိုပါ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၁,၉၄၆ ခု ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၁၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ

၁။ Chia Tại Myanmar Company Limited မှ လုပ်ကိုင်သည့် မျိုးစေ့များလက်ကား ရောင်းချခြင်းလုပ်ငန်းဖြစ်ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ တည်နေရာမှာ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြစ်သည်။

 

၂။ Corsa Xpress Company Limited မှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး တည်နေရာမှာ စက်မှုဇုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြစ်သည်။

အဆိုပါ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း(၂၃၃၂)ခု ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၁၀/၂ဝ၂ဝ ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ -

Myanmar HLP Enterprise Company Limited ဖြစ်ပြီး ဟောင်ကောင်မှ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အမေရိကန်ဒေါ်လာ ၂ သန်း ရင်းနှီးမြှုပ်နှံမှု ပြုကာ CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဖြစ်သည်။ တည်နေရာမှာ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်း ၆၂၇ ခုဖန်တီးပေးနိုင်မည်ဟု သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၂၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ Shuangfei Garment Myanmar Company Limited မှ CMP စနစ်ဖြင့် လုပ်ကိုင်မည့် အတွင်းခံ အဝတ်အစားအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဖြစ်သည်။ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၄၂၀ သန်း ဖြင့် လုပ်ကိုင်မည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၈၉ ခု ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

တည်နေရာမှာ ဇုန်(၂)၊ စက်မှုဇုန်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြစ်သည်။

 

By Myanmar Textile & Garment Guide

Read 800 times
Rate this item
(0 votes)