What's new

×

Warning

JUser: :_load: Unable to load user with ID: 845


(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့ အသိပေးညွှန်ကြားချက်ထုတ်ပြန်ကြေညာခြင်း

(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့ အသိပေးညွှန်ကြားချက်ထုတ်ပြန်ကြေညာခြင်း Google

(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့ အသိပေးညွှန်ကြားချက်ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့

အသိပေးညွှန်ကြားချက်ထုတ်ပြန်ကြေညာခြင်း

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်)

 

၁။ အလုပ်သမားများအားလုံး လုပ်ငန်းခွင်တွင်သာမက အလုပ် အသွား/အပြန် အချိန်တိုင်း၊ အပြင်သို့ ထွက်သည့်အချိန်တိုင်း၊ တခြားသူများနှင့် (၆)ပေအတွင်းတွင် ပြောဆိုဆက်ဆံ ရသည့် အချိန်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာကို မဖြစ်မနေ ဝတ်ဆင်ရပါ မည်။

 

၂။ အလုပ်သမားများအားလုံး အလုပ်စတင်ဝင်ရောက်ချိန်၊ ထမင်းစားခန်း/နားနေခန်းသို့ မဝင်မီအချိန်၊ အစားအစာ မစားသောက်မီအချိန်၊ စားသောက်ပြီးချိန်များတွင် ရေနှင့် ဆပ်ပြာကို အသုံးပြု၍ စက္ကန့်(၂၀)အကြာလက်ဆေးခြင်း(သို့မဟုတ်) alcohol အနည်းဆုံး (၆၀%) ပါဝင်သော လက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း ပြုလုပ်ရပါမည်၊ လက်မဆေးဘဲ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရပါ။

 

၃။ အလုပ်သမားများထမင်းစားသောက်ရာတွင် စုရုံးစားသောက်ခြင်းမပြုစေဘဲ ထမင်းစားခန်းတွင် တစ်ဦးနှင့်တစ်ဦး ဖြစ်နိုင်ပါက (၆) ပေ ခွာ၍စားခြင်း (သို့မဟုတ်) မိမိတို့အလုပ်စားပွဲ တွင် ထမင်းစားစေခြင်း (သို့မဟုတ်) အချိန်ခွဲ၍ စားသောက်စေခြင်း၊ ထိုသို့ စားသောက် နိုင်စေရန် အလုပ်ရှင်မှ စီစဉ်ပေးခြင်းနှင့် ကြီးကြပ်ခြင်း၊

 

၄။ COVID-19 ရောဂါအတည်ပြု လူနာတွေ့ရှိခဲ့ပါက ယင်းအတည်ပြုလူနာနှင့် (၆) ပေ ပတ်လည်တွင် အလုပ်လုပ်ကိုင်ရသည့် အလုပ်သမားများကိုလည်းကောင်း၊ Section တစ်ခု (သို့မဟုတ်) လိုင်းတစ်လိုင်းတည်းတွင် အလုပ်လုပ်ကိုင်ရသည့် အလုပ်သမားများကိုသော် လည်းကောင်း၊ အဆောင်တစ်ခုတည်းတွင် အတူတူနေထိုင်သူများကို သော်လည်းကောင်း၊ ဖယ်ရီ အတူတူစီးသည့် အလုပ်သမားများကိုသော်လည်းကောင်း၊ ထမင်းအတူတူစားသည့် အလုပ်သမားများကိုသော်လည်းကောင်း၊ အလုပ်ခွင်သို့ လာရောက်ခြင်းမပြုရန် ကန့်သတ် ရမည်ဖြစ်ပါသည်။

 

၅။ အလုပ်သမားများအား အလုပ်တက်ချိန်/ ထမင်းမစားမီအချိန်/ အလုပ်ဆင်းခါနီးအချိန်၌ အချိန်(၂)မိနစ်စီခန့် ပေး၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့ coVID19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် "ကိုရိုနာဗိုင်းရပ်စ်ရောဂါ (coVID19) ကို မိမိကစ၍ ကာကွယ်ပါ" အဓိက သတင်းစကား (၁၀)ချက်ကို ပြောကြားပေးရန်၊

 

၆။ ယခုလောလောဆယ် မြန်မာနိုင်ငံ၌ တွေ့ရှိရသော COVID-19 လူနာများ၏ (၇၁ %) မှာ ရောဂါလက္ခဏာမတွေ့ရှိရပါသောကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင် များတွင်အလုပ်လုပ်နေသောအလုပ်သမားများအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အတိအကျလိုက်နာရန် လိုအပ်ပါသည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

 

 

 UMFCCI.jpg

 

 

 

 

 UMFCCI2.jpg

Read 695 times
Rate this item
(0 votes)