What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာစီးပွားရေး လုပ်ငန်းရှင်များက EU သို့ GSP/EBA အခွင့်အရေးများ ဆက်လက်ပေးအပ်ထားရှိရန် တောင်းဆို

မြန်မာနိုင်ငံအပေါ် EU က ပေးထားသည့် GSP/EBA အခွင့်အရေးကို ဆက်လက်ပေးအပ်ထားရှိရန် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များက ဥရောပသမဂ္ဂ (EU) သို့ တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အောက်တိုဘာ ၂၉ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၊ ဖိနပ်ချုပ်လုပ်ငန်းရှင်များ အစုအဖွဲ့တို့က ဥရောပသမဂ္ဂ၏ Mission အဖွဲ့ခေါင်းဆောင်DG Trade မှ Ms.Helena Koeninq၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr.Kristian Schmidt တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုတွင် ဆန်စပါး၊ အထည်ချုပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းများအပေါ် ဥရောပသမဂ္ဂ (EU) မှ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA အစီအစဉ် ရုပ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အခက်အခဲများကို လည်းကောင်း၊ GSP/EBA အခွင့်အရေး ပေးထားမှုကြောင့် ဈေးကွက်ပိုမိုရရှိကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနေမှုနှင့် ရင်းနှီးမြှုပ်နှံမှု အပေါ် အကျိုးပြုနေသည့် အခြေအနေများကို ရှင်းလင်းတင် ပြခဲ့ ကြောင်း ဖော်ပြထားသည်။
ထို့နောက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးပြုနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပြီး မြန်မာနိုင်ငံအပေါ် GSP/EBA အခွင့်အရေးကို ဆက်လက်ပေးအပ် ထားရှိရန် တောင်းဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လေ့လာရေးခရီးစဉ် ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူအခွင့်အရေး အခြေအနေများကို ကွင်းဆင်းလေ့လာမည့်အပြင် ILO အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံပိုင်ရှင် များ၊ အရပ်ဘက်အဖွဲ့အစည်းများပါမကျ န် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA ကို ဖယ်ရှားရန်သင့်၊ မသင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ြပည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် လူခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးနေရမှုများနှင့် ပတ်သက်ပြီး EU က မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် စဉ်းစားနေခြင်းဖြစ်သည်။
၁၉၉၇ ခုနှစ်က အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေးကို ရုပ်သိမ်းခဲသည့်အတွက် အထည်ချုပ်အလုပ် သမား တစ်သိန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲကြောင်းသိရသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး ခံစားခွင့်ကို ၂၀၁၃ ခုနှစ်ဇွန်လက ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေးကို ပြန်လည်ရရှိခဲသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ ပြည်တွင်း ပြည်ပဖက်စပ်လုပ်ကိုင်သည့် ရငးနှီးမြှုပ်နှံမှုများ အထည်ချုပ်လုပ်ငန်း ကဏ္ဍသို့ ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

Source:eleven media

Read 1015 times
Rate this item
(1 Vote)