What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းများတွင် အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ပေးမှုနှင့် ပတ်သက်ပြီး အခက်အခဲများရှိကြောင်း

နိုင်ငံအတွင်းရှိအထည်ချုပ်လုပ်ငန်းများ အနေဖြင့်အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ပေးရမှုနှင့်ပတ်သက်ပြီးလုပ်ငန်းများတွင်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးမြင့်စိုးက UMFCCI တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျပ်၃၆၀၀ကနေ၄၈၀၀ဆိုတာကိုအားလုံးလည်းသိပြီးဖြစ်ပါတယ်၊ဒီ ၃၆၀၀ ပေါ်မှာအခြေခံရင်ဒါက၃၃ရာခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်၊ပစ္စည်းတစ်ခုလုပ်ခလစာတစ်ခုက တစ်ကြိမ်ထဲတစ်ပြိုင်ထဲမှာပဲ၃၃ရာခိုင်နှုန်းတက်တယ်ဆိုတဲ့ဟာကစီးပွားရေးလောကမှာအင်မတန်မှ ရုန်းကန်လှုပ်ရှားရတာခက်တယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။Customer အနေနဲ့လည်းဝယ်ယူစားသုံးကြတဲ့အခါမှာ ဈေးနှုန်းတစ်ခုက၃၃ ရာခိုင်နှုန်းမြင့်တက်သွားရင်ကိုယ့်အနေနဲ့ဘယ်လောက်ခဲလဲဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ဒါ့ကြောင့်၄၈၀၀ကအခက်ခဲရှိလားဆိုတာကတော့မိမိတို့ဘာသာပဲသုံးသပ်ပါလို့ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းကဏ္ဍသည်၂၀၁၄ ဖေဖေါ်ဝါရီလမှစတင်ကာဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။၂၀၁၃ခုနှစ်ဇူလိုင်လအတွင်းကဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့(EU)မှ ပေးအပ်သည့်အခွန်သက်သာခွင့်(GSP)ကိုရရှိပြီးမှ အထည်ချုပ်လုပ်ငန်းဈေးကွက် ပြန်လည်ပွင့်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခုကဲ့သို့၃၃ရာခိုင်နှုန်းကိုတိုးမြင့်ပေးစေလို၍ ပေးအပ်ခဲ့သော်လည်းကုန်ထုတ်လုပ်မှုမှာ လက်ဖြင့်ပြုလုပ်ရခြင်း ဖြစ်သည့်အတွက်လုပ်သားများ အနေဖြင့် ၁၀ရာခိုင်နှုန်းတိုးတက်ရရှိရန်အခက်ခဲများစွာ ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှပံ့ပိုးမှုအနေဖြင့်လျှပ်စစ်ကဏ္ဍတွင်လည်း ပြုပြင်ပြောင်းလဲရေး အဆင့်မှာသာရှိနေသေးပြီးလမ်းပန်းဆက်သွယ်ရေးတွင်လည်းတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နေသည့် အပိုင်းတွင်သာရှိနေကြောင်းအထည်ချုပ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကဆိုသည်။

အလုပ်သမားဥပဒေနှင့်ပတ်သက်၍လည်း ပြင်ဆင်ပေးရန် တောင်းဆိုမှုများကိုလည်း ယခင်အစိုးနှင့်ယခုအစိုးရတို့ပါ ပြုပြင်ပေးခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးကထောက်ပြခဲ့သည်။

အထည်ချုပ်လုပ်ငန်းကဏ္ဍသည်Global Market ဖြစ်ပြီး ဈေးပိုမိုရရှိရင်တောင်းဆိုသည့်အခါတွင် အော်ဒါအပ်နှံသူများအနေဖြင့်အခြားနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ လည်း ဈေးကွက်ပိုမိုရောက်သွားနိုင်ကြောင်းဦးမြင့်စိုးကသုံးသပ်သည်။

လက်ရှိတွင်အထည်ချုပ်လုပ်ငန်းကဏ္ဍ၌အထည်ချုပ်စက်ရုံပေါင်း ၆၀၀ ကျော်မှအမျိုးသမီးလုပ်သားပေါင်းငါးသိန်းကျော်ကိုအလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးထားပြီလတ်တလောပြည်တွင်းသတင်းများအရစက်ရုံအချို့ မှာပိတ်သိမ်းမည့်အခြေအနေရှိနေကြောင်းသိရသည်။

 

Source:myanmar business today

Read 831 times
Rate this item
(0 votes)