What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုန်ကြမ်းထုတ်လုပ်မည့်စက်ရုံများ ရင်းနှီးမြှုပ်နှံလာအောင် ဆောင်ရွက်သင့်

ကုန်ကြမ်းထုတ်လုပ်မည့်စက်ရုံများ ရင်းနှီးမြှုပ်နှံလာအောင် ဆောင်ရွက်သင့် google

        ပြည်တွင်း CMP လက်ခစားစနစ်လုပ်ငန်းများထုတ်ကုန်များကို ကိုယ်တိုင်အစအဆုံးထုတ်လုပ်လာနိုင်ရန်ပြည်တွင်းတွင် ကုန်ကြမ်းထုတ်လုပ်မည့် စက်ရုံများ ရင်းနှီးမြှုပ်နှံလာအောင် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှုအသင်း ဗဟိုကော်မတီဝင် ၏ပြောကြားချက်အရသိရသည်။

"ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံတွေရှိလာဖို့လည်း အစိုးရမှ တွန်းအားပေးရမယ်။အဲဒီလိုလူမျိုးလာလုပ်မယ်ဆိုရင် ပိတ်စလုပ်မည့်စက်ရုံတွေ၊ဖိနပ်ဆိုရင်သားရေလုပ်တဲ့ စက်ရုံတွေလိုတယ်"

ဟု ပြောကြားခဲ့သည်။

        ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်းတွင် ကုန်ချောထုတ်ကာ ပြည်ပသို့ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်ကအထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊အိတ်ချုပ်လုပ်ငန်း၊ပလတ်စတစ် ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ဆံပင်အတုလုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၇ဝ ကျော်အထိ ရှိကြောင်းသိရသည်။

        လက်ရှိအချိန်တွင် CMP လက်ခစားစနစ်လုပ်ငန်းသည်နှစ်ပေါင်းသုံးဆယ်ခန့်ရှိလာပြီဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အခြေအနေသို့တက်လှမ်းနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှုအသင်းမှ သိရသည်။

"CMP လုပ်ငန်းနှင့် စခဲ့သည့်အရှေ့တောင်အာရှနိုင်ငံတွေအပြင် တကယ့်စီးပွားရေးအင်အားကြီးနေတဲ့ ကိုရီးယား၊ဂျပန်၊တရုတ်တို့ကအစနှစ်နှစ်ဆယ်ကျော်ထက်ပိုပြီးမလုပ်ခဲ့ဘူး၊နှစ်ပေါင်းနှစ်ဆယ်ကျော်သွားတဲ့အခါ မှာ သူတို့က ကိုယ်ပိုင် Brand ကို လုပ်တယ်၊ကုန်ကြမ်းတွေကို ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားကြပြီးတော့ ကိုယ်တိုင်ထုတ်ပြီးတော့မှ ပို့တယ်"

ဟု သိရသည်။

        လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က အပြန်အလှန်အခွန်တိုးကောက်နေသည့်အတွက် အမေရိကန်နိုင်ငံသို့ တင်ပို့မည့် တရုတ်နိုင်ငံတို့က အပြန်အလှန်အခွန်တိုးကောက်နေသည့်အတွက်အမေရိကန်နိုင်ငံသို့တင်ပို့မည့်တရုတ်နိုင်ငံက စက်ရုံအချို့က မြန်မာနိုင်ငံတွင် ပြောင်းရွေ့လုပ်ကိုင်ရန်လာရောက်ဆွေးနွေးမှုများရှိကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှုအသင်းထံမှ သိရသည်။

        ထို့အပြင်မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုပြန်လည်ပြင်ဆင်ရေးဆွဲထားပြီး ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါကလည်း လုပ်ခလစာနည်းပါးခြင်း၊သင်ယူနိုင်စွမ်းရှိသည့် လူငယ်လုပ်သားအင်အား (Work Force)အများအပြားရှိနေခြင်းတို့သည် မိမိတို့နိုင်ငံ၏ အားသာချက်များဖြစ်ကြောင်းသိရသည်။

        ယင်းအားသာချက်များကို အကျိုးရှိစွာ အသုံးချပြီး ပြည်ပနိုင်ငံများက ကုန်ကြမ်းထုတ်လုပ်သည့်စက်ရုံများကို မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်လာအောင် ဆွဲဆောင်ရန်လိုအပ်ကြောင်း သိရသည်။

        လုပ်ခလစာသက်သာခြင်းနှင့် မြန်မာနိုင်ငံမှ ရရှိထားသည့် အထူးသက်သာခွင့်အခွင့်အရေးများကြောင့် တရုတ်၊ထိုင်ဝမ်နှင့် ဟောင်ကောင်တို့က မြန်မာနိုင်ငံတွင် ဖိနပ်စက်ရုံများ လာရောက်လုပ်နိုင်ရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဖိနပ်ထုတ်လုပ်သူများအသင်းမှ သိရသည်။

Source:Daily Eleven

Read 1244 times
Rate this item
(1 Vote)