What's new

×

Warning

JUser: :_load: Unable to load user with ID: 845


(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ အောက်တိုဘာ ၂၁ ရက်ထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ထုတ်ပြန်

(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ အောက်တိုဘာ ၂၁ ရက်ထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း  ထုတ်ပြန် google

ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

 

လက်ရှိအခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ COVID-19 ရောဂါ ကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့် ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့ကြောင်း ၊ အဆိုပါကြေညာချက် အပိုဒ် ၃၊ အပိုဒ်ခွဲ(ဂ)၌ မိမိနေအိမ်တွင်သာ နေထိုင်ရန် စည်းကမ်းချက်များတွင် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများ တွင် တာဝန်ထမ်းဆောင်မည့်သူများအား စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၃၂,၈၇၅ ခုအား စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၄၄၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။

 

Source:Xinhua

Read 612 times
Rate this item
(0 votes)