What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများအားလုံး (A) အဆင့် သတ်မှတ်ချက် မရလျှင် ယာယီရပ်ဆိုင်းစေမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ ၊ အလုပ်ရုံ၊ အလုပ်များအားလုံး(A) အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီစေရေးအတွက်စစ် ဆေးမှုခံယူနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိရန် အသိပေးထားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်ရေးအဆင့် (A) ရရှိထားသည့် ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစား လုပ်ငန်း (CMP) စက်ရုံလုပ်ငန်းများကို အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နှင့် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ သတ်မှတ်ထားကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မှုရှိမရှိကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် (A) ရတဲ့ လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်ဟုသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့် စစ်ဆေးပြီးစီးသည့် (A)အဆင့် စက်ရုံ (၂၁၈၄) ကို အောက်တိုဘာ ၁၂ ရက်ရက်နေ့မှစ၍ ဖွင့်လှစ်ခွင့်ပြုပြီး စက်ရုံဖွင့်လှစ်နေစဉ် စစ်ဆေးရေး အဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ထားသည်။

 

ထို့အပြင် (B) အဆင့်စက်ရုံ (၄၀၇၆ ) ရုံအား ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်စေပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းလည်ပတ်နေစဉ် ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပြီး (A)အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက လုပ်ငန်း လည်ပတ်မှုအား ယာယီရပ်ဆိုင်းစေမည်ဖြစ်ကြောင်း သိရသည်။

 

ယာယီရပ်ဆိုင်းထားချိန်တွင်(A )အဆင့် သတ်မှတ် ချက်နှင့်ကိုက်ညီစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များအား ပြုပြင်ဆောင်ရွက်စေပြီး (A ) အဆင့် ရရှိချိန်မှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် စက်ရုံ ၊ အလုပ်ရုံ၊ အလုပ်များအားလုံးသည် (A) အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီစေရေးအတွက် စစ်ဆေးမှုခံယူနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိရန် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး

 

စာအမှတ်၊ ၃ / ၆ - ၃ (၂) / လ ဝ က / H R

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်


သို့

တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊

တိုင်းဒေသကြီးဦးစီးမှူးအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

တိုင်းဒေသကြီးဦးစီးမှူးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဒေါ်သန်းသန်းသွယ်၊ တွဲဖက်အတွင်းရေးမှူး၊

စက်မှုဇုန်အဆင့်မြင့်တင်ရေးကြီးကြပ်မှုကော်မတီ ရန်ကုန်တိုင်းဒေသကြီး ၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းတာဝန်ခံ၊

ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး ဥက္ကဋ္ဌ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဦးသာထက် (IT Consultant)

 

အကြောင်းအရာ။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စ

ရည်ညွှန်းချက် ။

(၁) ဤရုံး၏ ၁၁.၁၀.၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၄/၅-၂(CoV10-19)/ကော်မတီ(၁၉၆၇)

(၂) Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ၁၃.၁၀.၂၀၂၀ ရက်စွဲပါစာအမှတ်၊၂၉၃၈/ ၂၆၄/ COVID-19/ ကော်မတီ(၂၀၂၀)

 

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးစီးသည့်

(A )အဆင့် စက်ရုံ (၂၁၈၄ )ရုံကို ၁၂.၁၀.၂၀၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်ခွင့်ပြုပြီး စက်ရုံဖွင့်လှစ်နေစဉ် စစ်ဆေးရေး အဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

(B)အဆင့်စက်ရုံ (၄၀၇၆) ရုံအား ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်စေပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းလည်ပတ်နေစဉ် ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပြီး (A)အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက လုပ်ငန်း လည်ပတ်မှုအား ယာယီရပ်ဆိုင်းစေမည်ဖြစ်ပါကြောင်း၊

 

ယာယီရပ်ဆိုင်းထားချိန်တွင်(A )အဆင့် သတ်မှတ် ချက်နှင့်ကိုက်ညီစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များအား ပြုပြင်ဆောင်ရွက်စေပြီး(A ) အဆင့် ရရှိချိန်မှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များအားလုံးသည် (A)အဆင့် သတ်မှတ်ချက်နှင့်ကိုက်ညီစေရေးအတွက် စစ်ဆေးမှုခံယူနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိရန် အသိပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း 

 

ည်ညွှန်း(၁)ပါစာဖြင့် တင်ပြခဲ့မှုအပေါ် Coronavirus Disease 2019(COVID-19)ကာကွယ် ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဆက်လက်ဆောင်ရွက်သွားရန်ဟု ရည်ညွှန်း(၂)ပါစာဖြင့် အကြောင်းကြားလာပါသည်။

 

၂။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အထက်အပိုဒ်(၁)ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်နား ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်နေစဉ် အောက်ပါလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပါသည်။

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ (A)အဆင့်ရရှိနိုင်ရေး စိစစ်ဆောင်ရွက်ချက်များကို Internal Audit အဖွဲ့များ ဖွဲ့စည်းဆောင်ရွက် စိဟစ်ပြီးမှ သတ်မှတ် online Work load မှတစ်ဆင့် တင်ပြလာမှုအပေါ် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ လိုအပ်လျှင် စစ်ဆေးဆောင်ရွက်ရန်၊

 

(ခ) စက်မှုဇုန်းအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စဉ်ဆက်မပြတ် ကြပ်မတ်ကြီးကြပ်နိုင်ရေးကို စက်မှုဇုန် အဆင့်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်သွားရန်၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား စဉ်ဆက်မပြတ် ကြီးကြပ်နိုင်ရန်အတွက် မြို့နယ်အလိုက် ဖွဲ့စည်းတာဝန်ပေးထားသောအဖွဲ့များမှ ပြန်ယူပြီး ဆက်လက်ဆောင်ရွက်သွားရန်၊

 

(ဂ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွင်း ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပိုးသတ်ဆေးဖျန်းခြင်း၊ နေ့စဉ်ဆေးဖျန်းခြင်းကို လုပ်ငန်းပြီးဆုံးချိန်၌ (တစ်ကြိမ်) ဆောင်ရွက်သွားရန်၊

 

(ဃ) စက်မှုဇုန်အတွင်း၊ ပြင်ပ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းလိုက်နာခြင်းမရှိပါက သက်ဆိုင်ရာအလုပ်ရှင်၊ အလုပ်သမား ၊ များအား စက်မှုဇုန်အဆင့်မြှင့် တင်ရေးကြီးကြပ်မှုကော်မတီများမှ ကျန်းမာရေးကာလအတွင်း ပြဌာန်းထားသေ၁ ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်ရန်၊

ဝန်ကြီးချုပ် (ကိုယ်စား)

(မိုးမိုးစုကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)

မိတ္ထုကို

ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease 2019(COV10-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အားလုံး)

လက်ခံတွဲ/ မျှောစာတွဲ

Read 738 times
Rate this item
(1 Vote)