What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆပ္ကန္ထ႐ုိက္တာ Subcontractor

(Zaw+Uni)တစ္ႏုိင္တစ္ပုိင္း အေသးစား အထည္ခ်ဳပ္လုပ္ငန္းငယ္တစ္ခု လုပ္ကုိင္ဖုိ႔ စိတ္ကူးရွိသူေတြအတြက္ ဆပ္ကန္ထ႐ုိက္ေတြဟာ အလုပ္ရဖုိ႔ လမ္းတစ္သြယ္ ျဖစ္ပါတယ္။ 

ဆပ္ကန္ထ႐ုိက္ကုိ အဓိပၸာယ္သတ္မွတ္ပုံက တျခားသူ ရရိွထားတဲ့ မူရင္းမူလ ကန္ထ႐ုိက္ကုိ လုပ္ကုိင္ေပးတာျဖစ္ၿပီး မူရင္းကန္ထ႐ုိက္ တစ္ခုလုံးကုိ လုပ္ကုိင္ေပးတာ ရွိသလုိ မ်ားေသာအားျဖင့္ တစ္စိတ္တစ္ပုိင္းကုိ လုပ္ကုိင္ေပးတာ ျဖစ္ပါတယ္။ အဲဒီလုိ ဆပ္ကန္ထရုိက္လုပ္တဲ့သူေတြကုိ ဆပ္ကန္ထ႐ုိက္တာလုိ႔ ေခၚၾကတယ္။ အလုပ္-လုပ္သားမ်ား job-workers လုိ႔လည္း သုံးႏႈန္းတယ္။

အထည္ခ်ဳပ္လုပ္ငန္းနယ္ပယ္မွာ ဆပ္ကန္ထ႐ုိက္ ယူနစ္တစ္ခုဟာ အဓိကအားျဖင့္ ခ်ဳပ္တဲ့အလုပ္ကုိ လုပ္ကုိင္ေပးတဲ့ စက္႐ုံတစ္ခုကုိ ဆုိလုိပါတယ္။ ဒီေတာ့ အဲဒီစက္႐ုံမွာ အထည္အလိပ္ကုိ အထည္ခ်ဳပ္ဖုိ႔ အပုိင္းေတြ ျဖတ္ေတာက္ျခင္း၊ ခ်ဳပ္ထည္ကုိ အေခ်ာကုိင္တဲ့အလုပ္ေတြ ျဖစ္တဲ့ ခ်ည္စခ်ည္နေတြ ရွင္းတာ၊ မီးပူတုိက္တာ၊ ေခါက္တာေတြ လုပ္ကုိင္ျခင္း၊ ခ်ဳပ္ထည္ကုိ စနစ္တက် ထုပ္ပုိးျခင္း စတာေတြ မလုပ္ဘူး။ အဲဒီအတြက္ လုိအပ္တဲ့ စက္ကိရိယာ တန္ဆာပလာေတြလည္း ေငြကုန္ခံၿပီး မထားရွိၾကဘူး။
အဝတ္အစား ထုတ္လုပ္ေရာင္းခ်ကြင္းဆက္မွာ ခ်ဳပ္ထည္ေတြ ျပည္ပတင္ပုိ႔သူက မူရင္း ကန္ထ႐ုိက္ကုိ အဝတ္အစား brand ေတြ၊ ႏုိင္ငံတကာဝယ္လက္ေတြ၊ ႏုိင္ငံတကာ လက္လီအေရာင္းလုပ္ငန္းေတြထံမွ ရယူတယ္။ ၾကားခံပြဲစားလုပ္ငန္းထံမွ တစ္ဆင့္ ရယူတာ ရွိသလုိ တုိက္႐ုိက္ရယူတာလည္း ရွိတယ္။ အဲဒီလုိ ျပည္ပပုိ႔ကုန္လုပ္တဲ့ လုပ္ငန္းကုိ export house လုိ႔လည္း ေခၚေဝၚၾကတယ္။ ျပည္ပပုိ႔ကုန္လုပ္ငန္းအေနျဖင့္ လုပ္ကုိင္ႏုိင္တဲ့ အတုိင္းအတာထက္ ေက်ာ္ေနရင္ ဆပ္ကန္ထ႐ုိက္တာဆီ အလုပ္အပ္ႏွံၿပီး ခ်ဳပ္လုပ္ေစတယ္။ ၿပီးစီးရမယ့္ သတ္မွတ္ရက္မွာ မိမိစက္႐ုံရဲ႕ ထုတ္လုပ္အားအရ မၿပီးစီးႏုိင္တဲ့အတြက္ ျဖန္႔ခြဲၿပီး ဆပ္ကန္ထ႐ုိက္တာေတြနဲ႔ ခ်ဳပ္ၾကတယ္။

အဲဒီလုိ လုပ္ကုိင္တာမွာ ျပည္ပပုိ႔ကုန္လုပ္ငန္းကုိယ္၌က ဆပ္ကန္ထ႐ုိက္တာအျဖစ္ လုပ္ကုိင္တာလည္း ရွိတယ္။ တုိက္႐ုိက္ကန္ထ႐ုိက္ အပ္ထည္ေတြ အလုံအေလာက္ မရရင္ ဆပ္ကန္ထ႐ုိက္ေတြ ရယူၿပီး ခ်ဳပ္တယ္။ အဲဒီအခါမွာလည္း သတ္မွတ္ရက္ အမီ ကုိယ့္မွာရွိတဲ့အင္အားနဲ႔ မလုပ္ႏုိင္ရင္ ဆပ္ကန္ထ႐ုိက္ထပ္ေပးၿပီး ခ်ဳပ္ၾကတယ္။ အဲဒီအခါမွာ ဆပ္ကန္ထ႐ုိက္တာပဲ လုပ္ကုိင္ၾကတဲ့သူေတြထံ အပ္ႏွံၿပီး ခ်ဳပ္ခုိင္းတာ ရွိသလုိ တျခားျပည္ပပုိ႔ကုန္လုပ္ငန္းကုိ ဆပ္ကန္ထ႐ုိက္ေပးၿပီး ခ်ဳပ္ခုိင္းတာမ်ဳိးလည္း ရွိပါတယ္။ အဲဒီအခါက် ခ်ဳပ္ေပး႐ုံ သက္သက္ပဲ ခ်ဳပ္ၾကေလ့ရွိတယ္။ ဒါေပမဲ့ ဆပ္ကန္ထ႐ုိက္ သေဘာတူညီခ်က္မွာ အထည္သားကုိ ခ်ဳပ္ဖုိ႔ အပုိင္းေတြ ျဖတ္တာကစလုိ႔ ထုပ္ပုိးၿပီးစီးသည္ အထိ အၿပီးအစီး အပ္ႏွံလုပ္ကုိ္င္ေစတာလည္း ရွိတယ္။

အခုလုိ ရလာတဲ့အလုပ္ပမာဏကုိ ခြဲေဝၿပီး ဆပ္ကန္ထ႐ုိက္ ခ်ဳပ္ၾကတဲ့အတြက္ အထည္ခ်ဳပ္လုပ္ငန္း အေသးစား လုပ္ကုိင္သူေတြအတြက္ အလုပ္ရဖုိ႔ ခြင္ရွိေနေစတယ္။ တစ္ႏုိင္တစ္ပုိင္း အေသးစား အထည္ခ်ဳပ္လုပ္ငန္းငယ္တစ္ခု လုပ္ကုိင္ဖုိ႔ စိတ္ကူးရွိရင္ အခုလုိ အလုပ္မ်ဳိးေတြ ရဖုိ႔ အဆက္အသြယ္ေတြ အရင္ရွာေဖြထားသင့္ပါတယ္။

ကုိယ္တုိင္က ဝါသနာပါတဲ့အျပင္ ဖက္ရွင္ဒီဇုိင္းထုတ္တာမွအစ အဝတ္အစားျဖစ္တဲ့အထိ လုပ္ကုိင္တတ္သူျဖစ္ၿပီး အထည္ခ်ဳပ္လုပ္ငန္း အေသးစားကုိ လုပ္ကုိင္ဖုိ႔ စိတ္ကူးရွိရင္ အခုလုိ ဆပ္ကန္ထ႐ုိက္ အဝတ္အစားေတြအျပင္ ကုိယ္ပုိင္ ဒီဇုိင္းကုိလည္း တြဲလုပ္သင့္တယ္။ ခ်ဳပ္စက္ေတြ ရင္းႏွီးထားရတယ္။ စက္ခ်ဳပ္သမေတြလည္း လက္သပ္ေမြးထားရတယ္။ အဲဒီ အရင္းအျမစ္ေတြကုိ ထိထိေရာက္ေရာက္ သုံးစြဲၿပီး လုပ္ကုိင္ၾကေလ့ ရွိပါတယ္။ ခ်ဳပ္စရာအလုပ္ကုိ ဆပ္ကန္ထ႐ုိက္အျပင္ မိမိရဲ႕ ကုိယ္ပုိင္ဒီဇုိင္း ခ်ဳပ္ထည္ေတြပါ ခ်ဳပ္တဲ့အျပင္ လက္ကား ေရာင္းခ်သူေတြက ရာသီအေလ်ာက္ အပ္ႏွံတာေတြကုိပါ ယူခ်ဳပ္ၾကတယ္။ ဥပမာအားျဖင့္ မုိးဦးခ် ေက်ာင္းေတြ စဖြင့္ခ်ိန္ မတုိင္ခင္ ေႏြရာသီမွာ ေက်ာင္းဝတ္စုံေတြ ခ်ဳပ္ၿပီး လက္ကားေရာင္းခ်ၾကသူေတြ ရွိတယ္။ ကုမၸဏီယူနီေဖာင္းေတြ ခ်ဳပ္တယ္။ အနယ္နယ္အရပ္ရပ္ကုိ ျဖန္႔ခ်ိတဲ့ လက္ကားဒုိင္ေတြထံမွာလည္း ခ်ဳပ္ထည္ေတြ သေဘာတူညီမႈ ရယူၿပီး ခ်ဳပ္ၾကပါတယ္။
အခုလုိ အေသးစား ဆပ္ကန္ထ႐ုိက္ေတြကုိ အလုပ္အပ္ႏွံတာကုိ ျပည္ပပုိ႔ကုန္လုပ္ငန္းေတြထံမွ အပ္ထည္ေတြသာမက ျပည္တြင္း brand ေတြကလည္း အပ္ႏွံၾကတယ္။ အဲဒီလုိ အပ္ႏွံတာကုိ လုပ္ရင္ ကုန္ၾကမ္းျဖစ္တဲ့ အထည္သား၊ ၾကယ္သီး၊ ဇစ္ စတာေတြ ဝယ္ယူဖုိ႔ မလုိေတာ့ဘူး။ ကုိယ္ပုိင္ဒီဇုိင္းကုိ ခ်ဳပ္မယ္ဆုိရင္ေတာ့ အဲဒီဟာေတြအတြက္ ကုန္က်စရိတ္ကုိ အထူးဂ႐ုစုိက္ဖုိ႔ လုိပါတယ္။ အစပ်ဳိးတဲ့အပုိင္းမွာ ေဆာင္ရန္ေရွာင္ရန္ေတြကုိ ေအာက္ပါ ေဆာင္းပါးမွာ ဖတ္႐ႈႏုိင္ပါတယ္။

ဖက္ရွင္တစ္ထည္ ဘယ္လုိ ဖန္တီးသလဲ

 

Unicode

ဆပ်ကန်ထရိုက်တာ Subcontractor

တစ်နိုင်တစ်ပိုင်း အသေးစား အထည်ချုပ်လုပ်ငန်းငယ်တစ်ခု လုပ်ကိုင်ဖို့ စိတ်ကူးရှိသူတွေအတွက် ဆပ်ကန်ထရိုက်တွေဟာ အလုပ်ရဖို့ လမ်းတစ်သွယ် ဖြစ်ပါတယ်။
ဆပ်ကန်ထရိုက်ကို အဓိပ္ပါယ်သတ်မှတ်ပုံက တခြားသူ ရရှိထားတဲ့ မူရင်းမူလ ကန်ထရိုက်ကို လုပ်ကိုင်ပေးတာဖြစ်ပြီး မူရင်းကန်ထရိုက် တစ်ခုလုံးကို လုပ်ကိုင်ပေးတာ ရှိသလို များသောအားဖြင့် တစ်စိတ်တစ်ပိုင်းကို လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။ အဲဒီလို ဆပ်ကန်ထရိုက်လုပ်တဲ့သူတွေကို ဆပ်ကန်ထရိုက်တာလို့ ခေါ်ကြတယ်။ အလုပ်-လုပ်သားများ job-workers လို့လည်း သုံးနှုန်းတယ်။

အထည်ချုပ်လုပ်ငန်းနယ်ပယ်မှာ ဆပ်ကန်ထရိုက် ယူနစ်တစ်ခုဟာ အဓိကအားဖြင့် ချုပ်တဲ့အလုပ်ကို လုပ်ကိုင်ပေးတဲ့ စက်ရုံတစ်ခုကို ဆိုလိုပါတယ်။ ဒီတော့ အဲဒီစက်ရုံမှာ အထည်အလိပ်ကို အထည်ချုပ်ဖို့ အပိုင်းတွေ ဖြတ်တောက်ခြင်း၊ ချုပ်ထည်ကို အချောကိုင်တဲ့အလုပ်တွေ ဖြစ်တဲ့ ချည်စချည်နတွေ ရှင်းတာ၊ မီးပူတိုက်တာ၊ ခေါက်တာတွေ လုပ်ကိုင်ခြင်း၊ ချုပ်ထည်ကို စနစ်တကျ ထုပ်ပိုးခြင်း စတာတွေ မလုပ်ဘူး။ အဲဒီအတွက် လိုအပ်တဲ့ စက်ကိရိယာ တန်ဆာပလာတွေလည်း ငွေကုန်ခံပြီး မထားရှိကြဘူး။
အဝတ်အစား ထုတ်လုပ်ရောင်းချကွင်းဆက်မှာ ချုပ်ထည်တွေ ပြည်ပတင်ပို့သူက မူရင်း ကန်ထရိုက်ကို အဝတ်အစား brand တွေ၊ နိုင်ငံတကာဝယ်လက်တွေ၊ နိုင်ငံတကာ လက်လီအရောင်းလုပ်ငန်းတွေထံမှ ရယူတယ်။ ကြားခံပွဲစားလုပ်ငန်းထံမှ တစ်ဆင့် ရယူတာ ရှိသလို တိုက်ရိုက်ရယူတာလည်း ရှိတယ်။ အဲဒီလို ပြည်ပပို့ကုန်လုပ်တဲ့ လုပ်ငန်းကို export house လို့လည်း ခေါ်ဝေါ်ကြတယ်။ ပြည်ပပို့ကုန်လုပ်ငန်းအနဖြေင့် လုပ်ကိုင်နိုင်တဲ့ အတိုင်းအတာထက် ကျော်နေရင် ဆပ်ကန်ထရိုက်တာဆီ အလုပ်အပ်နှံပြီး ချုပ်လုပ်စေတယ်။ ပြီးစီးရမယ့် သတ်မှတ်ရက်မှာ မိမိစက်ရုံရဲ့ ထုတ်လုပ်အားအရ မပြီးစီးနိုင်တဲ့အတွက် ဖြန့်ခွဲပြီး ဆပ်ကန်ထရိုက်တာတွေနဲ့ ချုပ်ကြတယ်။

အဲဒီလို လုပ်ကိုင်တာမှာ ပြည်ပပို့ကုန်လုပ်ငန်းကိုယ်၌က ဆပ်ကန်ထရိုက်တာအဖြစ် လုပ်ကိုင်တာလည်း ရှိတယ်။ တိုက်ရိုက်ကန်ထရိုက် အပ်ထည်တွေ အလုံအလောက် မရရင် ဆပ်ကန်ထရိုက်တွေ ရယူပြီး ချုပ်တယ်။ အဲဒီအခါမှာလည်း သတ်မှတ်ရက် အမီ ကိုယ့်မှာရှိတဲ့အင်အားနဲ့ မလုပ်နိုင်ရင် ဆပ်ကန်ထရိုက်ထပ်ပေးပြီး ချုပ်ကြတယ်။ အဲဒီအခါမှာ ဆပ်ကန်ထရိုက်တာပဲ လုပ်ကိုင်ကြတဲ့သူတွေထံ အပ်နှံပြီး ချုပ်ခိုင်းတာ ရှိသလို တခြားပြည်ပပို့ကုန်လုပ်ငန်းကို ဆပ်ကန်ထရိုက်ပေးပြီး ချုပ်ခိုင်းတာမျိုးလည်း ရှိပါတယ်။ အဲဒီအခါကျ ချုပ်ပေးရုံ သက်သက်ပဲ ချုပ်ကြလေ့ရှိတယ်။ ဒါပေမဲ့ ဆပ်ကန်ထရိုက် သဘောတူညီချက်မှာ အထည်သားကို ချုပ်ဖို့ အပိုင်းတွေ ဖြတ်တာကစလို့ ထုပ်ပိုးပြီးစီးသည် အထိ အပြီးအစီး အပ်နှံလုပ်ကို်င်စေတာလည်း ရှိတယ်။

အခုလို ရလာတဲ့အလုပ်ပမာဏကို ခွဲဝပြေီး ဆပ်ကန်ထရိုက် ချုပ်ကြတဲ့အတွက် အထည်ချုပ်လုပ်ငန်း အသေးစား လုပ်ကိုင်သူတွေအတွက် အလုပ်ရဖို့ ခွင်ရှိနေစေတယ်။ တစ်နိုင်တစ်ပိုင်း အသေးစား အထည်ချုပ်လုပ်ငန်းငယ်တစ်ခု လုပ်ကိုင်ဖို့ စိတ်ကူးရှိရင် အခုလို အလုပ်မျိုးတွေ ရဖို့ အဆက်အသွယ်တွေ အရင်ရှာဖွေထားသင့်ပါတယ်။

ကိုယ်တိုင်က ဝါသနာပါတဲ့အပြင် ဖက်ရှင်ဒီဇိုင်းထုတ်တာမှအစ အဝတ်အစားဖြစ်တဲ့အထိ လုပ်ကိုင်တတ်သူဖြစ်ပြီး အထည်ချုပ်လုပ်ငန်း အသေးစားကို လုပ်ကိုင်ဖို့ စိတ်ကူးရှိရင် အခုလို ဆပ်ကန်ထရိုက် အဝတ်အစားတွေအပြင် ကိုယ်ပိုင် ဒီဇိုင်းကိုလည်း တွဲလုပ်သင့်တယ်။ ချုပ်စက်တွေ ရင်းနှီးထားရတယ်။ စက်ချုပ်သမတွေလည်း လက်သပ်မွေးထားရတယ်။ အဲဒီ အရင်းအမြစ်တွေကို ထိထိရောက်ရောက် သုံးစွဲပြီး လုပ်ကိုင်ကြလေ့ ရှိပါတယ်။ ချုပ်စရာအလုပ်ကို ဆပ်ကန်ထရိုက်အပြင် မိမိရဲ့ ကိုယ်ပိုင်ဒီဇိုင်း ချုပ်ထည်တွေပါ ချုပ်တဲ့အပြင် လက်ကား ရောင်းချသူတွေက ရာသီအလျောက် အပ်နှံတာတွေကိုပါ ယူချုပ်ကြတယ်။ ဥပမာအားဖြင့် မိုးဦးချ ကျောင်းတွေ စဖွင့်ချိန် မတိုင်ခင် နွေရာသီမှာ ကျောင်းဝတ်စုံတွေ ချုပ်ပြီး လက်ကားရောင်းချကြသူတွေ ရှိတယ်။ ကုမ္ပဏီယူနီဖောင်းတွေ ချုပ်တယ်။ အနယ်နယ်အရပ်ရပ်ကို ဖြန့်ချိတဲ့ လက်ကားဒိုင်တွေထံမှာလည်း ချုပ်ထည်တွေ သဘောတူညီမှု ရယူပြီး ချုပ်ကြပါတယ်။
အခုလို အသေးစား ဆပ်ကန်ထရိုက်တွေကို အလုပ်အပ်နှံတာကို ပြည်ပပို့ကုန်လုပ်ငန်းတွေထံမှ အပ်ထည်တွေသာမက ပြည်တွင်း brand တွေကလည်း အပ်နှံကြတယ်။ အဲဒီလို အပ်နှံတာကို လုပ်ရင် ကုန်ကြမ်းဖြစ်တဲ့ အထည်သား၊ ကြယ်သီး၊ ဇစ် စတာတွေ ဝယ်ယူဖို့ မလိုတော့ဘူး။ ကိုယ်ပိုင်ဒီဇိုင်းကို ချုပ်မယ်ဆိုရင်တော့ အဲဒီဟာတွေအတွက် ကုန်ကျစရိတ်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ အစပျိုးတဲ့အပိုင်းမှာ ဆောင်ရန်ရှောင်ရန်တွေကို အောက်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

ဖက်ရှင်တစ်ထည် ဘယ်လို ဖန်တီးသလဲ

 

Read 1005 times
Rate this item
(0 votes)
Tagged under