What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ပြည်တွင်းရှိ စက်ရုံများ ကုန်ကြမ်းပြတ်လပ်၍ အမှန်တကယ် ပိတ်သိမ်းရမှု မှန် ၊ မမှန်ကို စစ်ဆေးရေးအဖွဲ့ဖွဲ့ ၍ စောင့်ကြည့်သွားမည်
ပြည်တွင်းရှိ စက်ရုံများ ကုန်ကြမ်းပြတ်လပ်၍ အမှန်တကယ် ပိတ်သိမ်းရမှု မှန် ၊ မမှန်ကို စစ်ဆေးရေးအဖွဲ့ဖွဲ့ ၍ စောင့်ကြည့်သွားမည် Google
တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရက်စ်ကြောင့် ပြည်တွင်းရှိ စက်ရုံအများစုမှာ ကုန်ကြမ်းများပြတ်လပ်၍ ပိတ်သိမ်းထားရပါတယ်။
ထိုကဲ့သို့ပြည်တွင်းရှိ စက်ရုံများ ကုန်ကြမ်းပြတ်လပ်၍ အမှန်တကယ် ပိတ်သိမ်းရမှု မှန် ၊ မမှန်ကို စစ်ဆေးရေးအဖွဲ့ဖွဲ့ ၍
စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် Sky Hotel တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှ သိရပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား ၁၂ ဦးအဖွဲ့ မှ ကိုရိုနာဗိုင်းရက်စ်နဲ့ပတ်သက်ပြီး အလုပ်သမားများအနေနဲ့ အလုပ်အကိုင်
အပိုင်းတွင် စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် ပြည်တွင်း၌ ကုန်ကြမ်းပြတ်လပ်မှုကြောင့်
စက်ရုံ (၁၆) ရုံ ပိတ်ထားရပြီး အဆိုပါ စက်ရုံများထဲတွင် အထည်အလိပ်စက်ရုံများလည်းပါဝင်ကြောင်းသိရပါတယ်။
စက်ရုံများပိတ်သိမ်းမှုကြောင့် အလုပ်သမား (၇၀၀၀) ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ထိုအလုပ်သမားများထဲတွင် အထည်အလိပ်လုပ်ငန်းမှ
လုပ်သားအများအပြားပါဝင်ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး စက်ရုံပေါင်း (၂၆၀) ကျော် ရင်းနှီးမြှုပ်နှံထားကြောင်
သိရပါတယ်။ ဒါပြင့်အထည်ချုပ်လုပ်ငန်းတွင် မြန်မာနိုင်ငံသားပိုင်စက်ရုံ (၉၂) ရုံ ၊ ကိုရီးယားစက်ရုံ (၆၀) ကျော်နှင့် ဂျပန်စက်ရုံ (၂၀) ရှိကြောင်း
သတင်းစာရှင်းလင်းပွဲ မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရပါတယ်။
ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံများ ပိတ်သိမ်းမှုကိုလက်ခံသော်လည်း အမှန်တကယ် ကုန်ကြမ်းရှားပါးမှု နှင့် ရင်ဆိုင်နေရလားဆိုတာကို
စောင့်ကြည့်ဖို့လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ထိုစောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းစဉ်တွင် အလုပ်သမား (၁၂) ဦးအဖွဲ့မှ ကုန်ကြမ်းရှားပါးမှုကို စစ်ဆေးရန်အတွက် စစ်ဆေးရေးအဖွဲ့တစ်ခု
ဖွဲ့စည်းရန်နှင့် ကုန်ဈေးနှုန်းမတည်ငြိမ်မှုကို ထိန်းချုပ်ရန် အာဏာပိုင်များအား တောင်းဆိုခဲ့ပါတယ်။ ဒါ့ပြင် စစ်ဆေးရေးအဖွဲ့ကို ခွင့်ပြုရန် နှင့်
ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖြစ်နိုင်ချေရှိတဲ့ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာလမ်းညွှန်ချက်များကိုလည်း ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Ref : The Global New Light of Myanmar
ဆေးဆိုးပန်းရိုက်လုပ်ငန်း ၃၄၅ ဆိုင်ကိုရှာရန်နှိပ်ပါ။
textile picture
ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံအမြောက်အမြားပိတ်သိမ်းနေရတယ်ဆိုတဲ့ သတင်းမမှန်ကန်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းထုတ်ပြန်
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ဆေးဆိုးပန်းရိုက်လုပ်ငန်း ၃၄၅ ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Textile and Garment Directory
Read 785 times
Rate this item
(0 votes)
Tagged under
Related items