What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအ‌ဝေးပွဲတွင် တက်ရောက်လာကြသော Textile and Apparel ထုတ်လုပ်သူ AFTEX အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေများ၊ COVID – 19 အခြေအနေများနှင့် ထိခိုက်မှုများ၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ နိုင်ငံအသီးသီးမှ အထည်ချုပ် လုပ်ငန်းများ၏ ပို့ကုန်နှင့် သွင်းကုန်အခြေအနေများနှင့် ၎င်းတို့၏ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များမှလည်း ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်အခြေအနေများ ၊ COVID – 19 ကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏ ထိခိုက်မှုအခြေအနေများနှင့် စိန်ခေါ်မှုများ၊ COVID – 19 ကာလအတွင်းတွင် MGMA အနေဖြင့် အသင်းဝင် စက်ရုံများအတွက် ဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အထည်ချုပ်စက်ရုံများအတွက် ကူညီဆောင်ရွက်ခဲ့မှုများ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် Chairman နိုင်ငံပြောင်းလဲခြင်း အစီအစဉ်ကို ယခင် Chairman နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ Chairman အသစ်ဖြစ်သညိ့ ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းခြင်းဖြင့် အစည်းအဝေးကို ပိတ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း (၄၄) ယောက် တက်ရောက်ခဲ့ကြပါသည်။

Image may contain: 3 people

Image may contain: 1 person, sitting and indoor

 

#Myanmar Garment Manufacturers Association

Read 621 times
Rate this item
(0 votes)