What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘောဒီးယားအစိုးရမှ မီးဖွား စက်ချုပ်သမများအတွက် ဆုကြေး

ဆုကြေး ကန်ဒေါ်လာ ၁.၂ သန်း နီးပါးကို ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်းမှာ စက်ချုပ်သမဦးရေ ၁၂,၀၀၀ နီးပါးတို့ ကလေးမွေးဖွားတဲ့အတွက် ဆုကြေးအဖြစ် ပေးခဲ့ပြီးပြီဖြစ်ကြောင်း

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား လူမှုဖူလုံရေးရန်ပုံငွေမှ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လ ၂၂ ရက်နေ့အထိ အထည်ချုပ်ကဏ္ဍမှ အမျိုးသမီးလုပ်သား ၁၁၇၀၆ ဦးတို့ကို ယခုလို ငွေကြေးထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ်မှာ ပြီးခဲ့တဲ့မတ်လ ၂၂ ရက်အထိ အမျိုးသမီးလုပ်သား ၁၁၇၀၆ ဦးတို့က ကလေး ၁၁၇၈၃ ဦး မွေးဖွားခဲ့ပြီး ၇၇ ဦးက အမြွာမွေးဖွားခဲ့ကြပါတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြပေးထားပါတယ်။
ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ လုပ်သားစုစုပေါင်း ၇၀၀၀၀၀ ခန့် ရှိတာမှာ အားလုံးနီးပါးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က အမျိုးသမီးလုပ်သားတစ်ဦး ကလေးတစ်ယောက်မွေးဖွားလျှင် ကန်ဒေါ်လာ ၁၀၀ ဆုကြေးပေးမယ်။ အမြွှာပူးဆိုရင် ကန်ဒေါ်လာ ၂၀၀ ဆုကြေးပေးမယ်။ တကယ်လို့ သုံးမြွာပူးမွေးရင် ကန်ဒေါ်လာ ၃၀၀ ပေးမယ်လို့ ကတိက၀တ်ပြုထားတာမို့ ယခုလို ငွေကြေးထောက်ပံ့မှု ပြုပေးတာဖြစ်ပါတယ်။ မီးဖွားတဲ့ အမျိုးသမီးလုပ်သားတွေဟာ လစာရာနှုန်းပြည့်ဖြင့် မီးဖွားခွင့် ၃ လ ခံစားခွင့် ရရှိကြပါတယ်။

အစိုးရမှ တိုင်းပြည်ရဲ့ စက်မှုကဏ္ဍ ပြီးခဲ့တဲ့ ၅ နှစ်တာအတွက် အစီရင်ခံစာ အကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့တာမှာ ၅ နှစ်တာအတွင်း အထည်ချုပ်စက်ရုံဦးရေ ၂၉% တိုးများခဲ့ပြီး ယထုအခါ ၁၀၃၁ ခု ရှိနေပြီ. တိုင်းပြည်မှာ ရှိနေတဲ စက်ရုံစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဟာ အထည်ချုပ်စက်ရုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၀င်ငွေအရ ကြည့်ရင် အဆိုပါစက်ရုံတွေက ကန်ဒေါ်လာ ၁၀.၇၉ ဘီလျံ ၀င်ငွေ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် ၇၀% ပိုများခဲ့တယ်။ အဲဒီဝင်ငွေမှာ ကန်ဒေါ်လာ ၇ ဘီလျံကျော်ဟာ ပြည်ပပို့ကုန်အဖြစ် လုပ်ကိုင်တဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ဖြစ်တာမို့ လက်ရှိအနေအထားမှာ အထည်ချုပ်ကဏ္ဍဟာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍမှာ ရောက်ရှိနေဆဲဖြစ်ပါတယ်။

Read 865 times
Rate this item
(0 votes)