What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ျမန္မာ့အထည္ခ်ဳပ္က႑ လုပ္ခလစာႏွင့္ ႀကီးထြားျခင္း

Zaw Gyi Unicode

ျမန္မာအထည္ခ်ဳပ္က႑သို႔ ျပည္ပမွ စက္႐ုံမ်ား ၀င္ေရာက္လ်က္ရွိသည္။


အေရွ႕ေတာင္အာရွတြင္ အထည္ခ်ဳပ္စက္႐ုံမ်ား ျပန္လည္ေနရာခ်ထားျခင္း၊ ေနရာအမ်ဳိးမ်ဳိး ေနရာခြဲၿပီး ခက္ျဖာလုပ္ကုိင္ျခင္းမ်ား ျပဳေနၾကရာ၌ ကုန္က်စရိတ္သက္သာျခင္းေၾကာင့္ ျမန္မာႏုိင္ငံ အထည္ခ်ဳပ္က႑ မ်က္ႏွာပန္းလွေနသည္။

တ႐ုတ္ႏုိင္ငံသည္ ခ်ဳပ္ထည္မ်ား ျပည္ပတင္ပုိ႔ျခင္းတြင္ ကမ႓ာ့ထိပ္ဆုံးေနရာ၌ ေရာက္ရွိေနသည္မွာ ၾကာခဲ့ၿပီ ျဖစ္သည္။ လုပ္ငန္းနယ္ပယ္တြင္ ခ်ဳပ္ထည္လုပ္ငန္းႏွင္ ့ႏွီးႏႊယ္ေနေသာ အထည္အလိပ္၊ အပ္ခ်ည္၊ ၾကယ္သီး၊ ထုတ္ပုိးပစၥည္း အစရွိသည္တုိ႔ လုပ္ကုိင္ေသာ လုပ္ငန္းမ်ားသည္ အခ်ိတ္အဆက္မိမိျဖင့္ လုပ္ကုိင္ၾကျခင္း၊ ကၽြမ္းက်င္လုပ္သား အမ်ားအျပား ရွိေနျခင္း၊ စီးပြားေရး အရြယ္အစားႀကီးမားျခင္းတုိ႔ေၾကာင့္ ဆင္သြားလွ်င္ လမ္းျဖစ္သည္ ဆုိသည့္အတုိင္း တ႐ုတ္ႏုိင္ငံကုိ ယွဥ္ႏုိင္ေသာ အျခားႏုိင္ငံ မရွိေခ်။ သုိ႔ေသာ္ ယခုအခါ တုိင္းျပည္တုိးတက္ဖြံ႕ၿဖိဳးမႈ တအားေကာင္းခဲ့သျဖင့္ လုပ္သားခမ်ားလည္း တုိးတက္ျမင့္မားသြားသည္။ ထုိအခါ ထုတ္လုပ္မႈ ကုန္က်စရိတ္ ျမင့္မားသြားၿပီး ႏုိင္ငံတကာေဈးကြက္တြင္ ယွဥ္ၿပိဳင္ႏုိင္သည့္ ေဈးႏႈန္းကုိ မရႏုိင္ေတာ့ေခ်။ သုိ႔ျဖစ္ရာ လူလုပ္သားမ်ားအစား ႐ုိေဘာ့မ်ားျဖင့္ အစားထုိး သုံးစြဲျခင္း၊ အလုိအေလ်ာက္ စနစ္မ်ား သုံးစြဲျခင္း၊ အဆင့္ျမင့္နည္းပညာ သုံးစြဲျခင္းတုိ႔ျဖင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ေနသည္။ အစုိးရမွလည္း အထည္ခ်ဳပ္နယ္ပယ္သာအက အျခားနယ္ပယ္မ်ားတြင္လည္း အဆင့္ျမင့္နည္းပညာ ထြန္းကားေအာင္ တြန္းအားေပးလ်က္ ရွိသည္။

peral river delta region

တ႐ုတ္ႏုိ္င္ငံတြင္ လုပ္သားခမ်ားသည္ အထူးသျဖင့္ ပုလဲျမစ္၀ကၽြန္းေပၚေဒသ စီးပြားေရးဇုန္တြင္ ထုိးတက္သြားသည္။ ယခင္လုိ ေဈးသက္သက္သာသာျဖင့္ ငွားရမ္း၍ မရႏုိင္ေတာ့ေခ်။ အစုိးရကလည္း ကုန္ထုတ္လုပ္မႈက႑ တစ္ရပ္လုံးကုိ အဆင့္ျမႇင့္တင္ရန္ မူ၀ါဒ ခ်ထားသည္။ တန္ဖုိးျဖည့္ထည့္ျခင္း ပုိျမင့္မားေသာ ကုန္ထုတ္လုပ္မႈမ်ဳိးဆီသုိ႔ ကူးေျပာင္းေနသည့္ မဟာဗ်ဴဟာကုိ က်င့္သုံးေနသည္။ ထုိအေၾကာင္းမ်ားေၾကာင့္ ပုလဲျမစ္၀ကၽြန္းေပၚေဒသ စီးပြားေရးဇုန္မွ အထည္ခ်ဳပ္လုပ္ငန္းမ်ားသည္ သူတုိ႔၏ စက္႐ုံမ်ားကုိ ျပည္ပသုိ႔ တင္ပုိ႔ၿပီး လုပ္ကိုင္လာၾကသည္။ ႏုိင္ငံတစ္ခုတည္းတြင္ စု႐ုံးမေနေစဘဲ ႏုိင္ငံအခ်ဳိ႕တြင္ ျဖန္႔ခ်ၿပီး လုပ္ကုိင္ၾကသည္။ အေရွ႕ေတာင္အာရွမွ လုပ္သားခ ခ်ဳိသာေနဆဲျဖစ္သည့္ ႏုိင္ငံမ်ားသုိ႔ ေျပာင္းေရႊ႕ၿပီး စက္႐ုံထူေထာင္ၾကသည္။ အာဆီယံႏုိင္ငံမ်ားမွ အထည္ခ်ဳပ္လုပ္ငန္းမ်ား၏ အနည္းဆုံး လုပ္ခသည္ တ႐ုတ္ႏုိင္ငံ၏ အနည္းဆုံးလုပ္ခထက္ သက္သာေနဆဲျဖစ္သည္။ အထူးသျဖင့္ ျမန္မာႏုိင္ငံသည္ အနည္းဆုံးလုပ္ခ အနိမ့္ဆုံး ျဖစ္သည္။

wages chartjpg

ျမန္မာႏုိင္ငံသည္ အလုပ္အကိုင္ လုိခ်င္သည္ႏွင့္ ရသည္အလုပ္၊ လုပ္ခ တုိ႔ မကုိက္ညီသျဖင့္ ျပည္ပသုိ႔ ေျပာင္းေရႊ႕လုပ္သား ေရစီးေၾကာင္း ရွိေနစဥ္ အထည္ခ်ဳပ္လုပ္ငန္းနယ္ပယ္ ပြင့္လန္းလာျခင္းသည္ ေကာင္းခ်က္ျဖစ္သည္။ အီးယူေဈးကြက္အတြက္အေကာက္ခြန္မဲ့ တင္သြင္းခြင့္ျဖစ္ေသာ Generalised System of Preferences (GSP) ကုိ ရရွိထားျခင္းသည္လည္ Made in Myanmar ခ်ဳပ္ထည္မ်ားအတြက္ အထူးအခြင့္အေရး ျဖစ္ေနသည္။ ထုိ႔ေၾကာင့္လည္း ႏုိင္ငံတကာ ဖက္ရွင္ႏွင့္ အ၀တ္အစားလုပ္ငန္းႀကီးမ်ား ျမန္မာျပည္ကုိ မ်က္စိက်ၾကသည္။ လုပ္သားခ မတန္တဆ ျမင့္တက္ေနေသာ တ႐ုတ္ႏုိင္ငံမွ အထည္ခ်ဳပ္လုပ္ငန္းမ်ားအဖုိ႔လည္း ျမန္မာလုပ္သားေဈးကြက္ကုိ မ်က္စိက်ၾကသည္။ သုိ႔ျဖစ္ရာ တ႐ုတ္ႏုိင္ငံႏွင့္ ေဟာင္ေကာင္တုိ႔မွ အထည္ခ်ဳပ္လုပ္ငန္းမ်ားသည္ ရန္ကုန္ၿမိဳ႕ရွိ စက္မႈဇုန္မ်ားတြင္ အထည္ခ်ဳပ္စက္႐ုံမ်ား ထူေထာင္လာၾကသည္ကုိ ေတြ႕ျမင္ေနရေပသည္။

Unicode

အထည်ချုပ်ကဏ္ဍ ကြီးထွားခြင်းနှင့် လုပ်ခလစာ
==========================
မြန်မာအထည်ချုပ်ကဏ္ဍသို့ ပြည်ပမှ စက်ရုံများ ဝင်ရောက်လျက်ရှိသည်။
အရှေ့တောင်အာရှတွင် အထည်ချုပ်စက်ရုံများ ပြန်လည်နေရာချထားခြင်း၊ နေရာအမျိုးမျိုး နေရာခွဲပြီး ခက်ဖြာလုပ်ကိုင်ခြင်းများ ပြုနကြေရာ၌ ကုန်ကျစရိတ်သက်သာခြင်းကြောင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍ မျက်နှာပန်းလှနေသည်။

တရုတ်နိုင်ငံသည် ချုပ်ထည်များ ပြည်ပတင်ပို့ခြင်းတွင် ကမ္ဘာ့ထိပ်ဆုံးနေရာ၌ ရောက်ရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လုပ်ငန်းနယ်ပယ်တွင် ချုပ်ထည်လုပ်ငန်းနှင့်နှီးနွှယ်နေသော အထည်အလိပ်၊ အပ်ချည်၊ ကြယ်သီး၊ ထုတ်ပိုးပစ္စည်း အစရှိသည်တို့ လုပ်ကိုင်သော လုပ်ငန်းများသည် အချိတ်အဆက်မိမိဖြင့် လုပ်ကိုင်ကြခြင်း၊ ကျွမ်းကျင်လုပ်သား အများအပြား ရှိနခြေင်း၊ စီးပွားရေး အရွယ်အစားကြီးမားခြင်းတို့ကြောင့် ဆင်သွားလျှင် လမ်းဖြစ်သည် ဆိုသည့်အတိုင်း တရုတ်နိုင်ငံကို ယှဉ်နိုင်သော အခြားနိုင်ငံ မရှိချေ။ သို့သော် ယခုအခါ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှု တအားကောင်းခဲ့သဖြင့် လုပ်သားခများလည်း တိုးတက်မြင့်မားသွားသည်။ ထိုအခါ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားသွားပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းကို မရနိုင်တော့ချေ။ သို့ဖြစ်ရာ လူလုပ်သားများအစား ရိုဘော့များဖြင့် အစားထိုး သုံးစွဲခြင်း၊ အလိုအလျောက် စနစ်များ သုံးစွဲခြင်း၊ အဆင့်မြင့်နည်းပညာ သုံးစွဲခြင်းတို့ဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်။ အစိုးရမှလည်း အထည်ချုပ်နယ်ပယ်သာအက အခြားနယ်ပယ်များတွင်လည်း အဆင့်မြင့်နည်းပညာ ထွန်းကားအောင် တွန်းအားပေးလျက် ရှိသည်။

တရုတ်နို်င်ငံတွင် လုပ်သားခများသည် အထူးသဖြင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသ စီးပွားရေးဇုန်တွင် ထိုးတက်သွားသည်။ ယခင်လို ဈေးသက်သက်သာသာဖြင့် ငှါးရမ်း၍ မရနိုင်တော့ချေ။ အစိုးရကလည်း ကုန်ထုတ်လုပ်မှုကဏ္ဍ တစ်ရပ်လုံးကို အဆင့်မြှင့်တင်ရန် မူဝါဒ ချထားသည်။ တန်ဖိုးဖြည့်ထည့်ခြင်း ပိုမြင့်မားသော ကုန်ထုတ်လုပ်မှုမျိုးဆီသို့ ကူးပြောင်းနေသည့် မဟာဗျူဟာကို ကျင့်သုံးနေသည်။ ထိုအကြောင်းများကြောင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသ စီးပွားရေးဇုန်မှ အထည်ချုပ်လုပ်ငန်းများသည် သူတို့၏ စက်ရုံများကို ပြည်ပသို့ တင်ပို့ပြီး လုပ်ကိုင်လာကြသည်။ နိုင်ငံတစ်ခုတည်းတွင် စုရုံးမနေစေဘဲ နိုင်ငံအချို့တွင် ဖြန့်ချပြီး လုပ်ကိုင်ကြသည်။ အရှေ့တောင်အာရှမှ လုပ်သားခ ချိုသာနေဆဲဖြစ်သည့် နိုင်ငံများသို့ ပြောင်းရွှေ့ပြီး စက်ရုံထူထောင်ကြသည်။ အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းများ၏ အနည်းဆုံး လုပ်ခသည် တရုတ်နိုင်ငံ၏ အနည်းဆုံးလုပ်ခထက် သက်သာနေဆဲဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် အနည်းဆုံးလုပ်ခ အနိမ့်ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံသည် အလုပ်အကိုင် လိုချင်သည်နှင့် ရသည်အလုပ်၊ လုပ်ခ တို့ မကိုက်ညီသဖြင့် ပြည်ပသို့ ပြောင်းရွှေ့လုပ်သား ရေစီးကြောင်း ရှိနေစဉ် အထည်ချုပ်လုပ်ငန်းနယ်ပယ် ပွင့်လန်းလာခြင်းသည် ကောင်းချက်ဖြစ်သည်။ အီးယူဈေးကွက်အတွက်အကောက်ခွန်မဲ့ တင်သွင်းခွင့်ဖြစ်သော Generalised System of Preferences (GSP) ကို ရရှိထားခြင်းသည်လည် Made in Myanmar ချုပ်ထည်များအတွက် အထူးအခွင့်အရေး ဖြစ်နေသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ ဖက်ရှင်နှင့် အဝတ်အစားလုပ်ငန်းကြီးများ မြန်မာပြည်ကို မျက်စိကျကြသည်။ လုပ်သားခ မတန်တဆ မြင့်တက်နေသော တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းများအဖို့လည်း မြန်မာလုပ်သားဈေးကွက်ကို မျက်စိကျကြသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့မှ အထည်ချုပ်လုပ်ငန်းများသည် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် အထည်ချုပ်စက်ရုံများ ထူထောင်လာကြသည်ကို တွေ့မြင်နေရပေသည်။

Read 2364 times
Rate this item
(0 votes)