B4B Insights Forum ပထမနေ့ အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် “အသင်းချုပ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” နဲ့ MMRD Co, Ltd တို့ ပူးပေါင်းကောက်ယူထားတဲ့ Myanmar Business Sentiment Survey ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်တမ်းတွေ့ရှိချက်တွေဟာ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၄၀၀ ကျော်ရဲ့ ဖြေဆိုချက်တွေကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး
အဓိကအားဖြင့်
●လက်ရှိ စီးပွားရေးအခြေအနေ
●လက်ရှိ စီးပွားရေးအခြေအနေမကောင်းရသည့် အကြောင်းရင်းများ
● နောင် (၁၂) လ ကာလတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း တိုးတက်မှုအပေါ် ယုံကြည်မှုအတိုင်းအတာ
● တိုးတက်မှုအပေါ် ယုံကြည်မှုမရှိရခြင်း၏ အကြောင်းရင်းများ
● ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ကုန်သည်စက်မှုအသင်းချုပ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ
● ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ
စသည်တို့ ပါဝင်ပါတယ်။
စစ်တမ်းရဲ့ အဓိကတွေ့ရှိချက်တွေ အနေနဲ့
● ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အားလုံးရဲ့ အခြေအနေဟာ ၂၀၁၆ ခုနှစ် နှင့်ယှဉ်လျှင် ၂၀၁၈ ခုနှစ်တွင် ကျဆင်းလာကြောင်း နဲ့ နောင် (၁၂) လတာ ကာလအတွင်း လုပ်ငန်းများတိုးတက်မှုအပေါ် ယုံကြည်မှုဟာလည်း ယခင်နှစ်ဖြင့် နှိုင်းယှဉ်ရင် ကျဆင်းလျက်ရှိကြောင်း
● ၎င်းတို့ရဲ့ တိုးတက်မှုအပေါ် ယုံကြည်ချက်ကျဆင်းရတဲ့ အကြောင်းအရင်းများစွာထဲမှ အဓိကအဖြစ်
ဖော်ပြကြတာကတော့ အခွန်အကောက်နှုန်းထားများမှာ ဖြစ်သင့်သည်ထက်များပြားနေခြင်း နဲ့ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့် အခြေအနေတို့ ဖြစ်ကြောင်း
● စစ်တမ်းအား ဖြေဆိုသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ ၂၂ ရာခိုင်နှုန်းက အခွန်ကို အပြည့်အဝနားမလည်ပါဟု ဖော်ပြကြကြောင်း
စသည်တို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အချက်များဟာ ကောက်နှုတ်ချက်များဖြစ်ပါတယ်။
စစ်တမ်းတွေ့ရှိချက်များကို MMRD Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်က တင်ပြခဲ့တာဖြစ်ပြီး၊ ဦးမိုးကျော်ရဲ့ Presentation ကို ဖော်ပြလိုက်ရပါတယ်။
● Presentation PDF download - http://bit.ly/MMbizsurveypresentation2018 .
ကုန်သည်စက်မှုအသင်းချုပ်