What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယာယီ ရပ်နားထားရသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအတွက် လစာငွေထုတ်ပေးရေး အထည်ချုပ်လုပ်ငန်းရှင်များအသင်း တိုက်တွန်း

ကုန်ကြမ်းယူ ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း CMP စက်ရုံအလုပ်ရုံ တွေ ယာယီ ရပ်နားထားစဉ်မှာ ဝန်ထမ်းလစာငွေ ထုတ်ပေးဖို့ မြန်မာနိုင်ငံ အ ထည်ချုပ် လုပ်ငန်းရှင်များအသင်းက အကြံပြုချက် ထုတ်ပြန်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ အတည်ပြုလူနာများပိုမိုတွေ့လာရခြင်း၊ ရောဂါကူးစက်ခံထားရသူများဖြစ်သော်လည်း မည်သည့် ရောဂါလက္ခဏာမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင် နေသူများ ကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားသွားနိုင်သဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း CMP စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်မည့်သူများကို အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့ထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့တာကြောင့် စက်တင်ဘာလ လုပ်ခလစာ မရရှိသေးတဲ့ ဝန်ထမ်းတွေအနေနဲ့ လစာ ထုတ်ယူမှုအပိုင်းမှာပါ အခက် တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

အဆိုပါ CMP လုပ်ငန်းစက်ရုံ အလုပ်ရုံများအနေဖြင့် မိမိတို့ အလုပ်သမားများအရေအတွက် ၊ လုပ်ငန်း တည်နေရာ နှင့် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး သုံး ရက်မှ ၅ ရက်အထိ ခွဲပြီး လစာ ထုတ်ယူ စေရန် စီစဉ်ပေးရေးအပါအဝင် အကြံပြုချက်တွေကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဝင် စက်ရုံ အလုပ်ရုံတွေကို တိုက်တွန်းအကြံပြုခဲ့တာဖြစ်ပါတယ်။

 

 

#MyanmarLabourNews

Source- MGMS

Read 746 times
Rate this item
(0 votes)