What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံဝန်ထမ်းများအား သက်ဆိုင်ရာစက်ရုံများတွင် လစာ ထုတ်ပေးရန် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြု

စက်ရုံဝန်ထမ်းတွေကို သက်ဆိုင်ရာ စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စက်တင်ဘာလ လုပ်ခလစာ ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

 

ရန်ကုန်တိုင်းအတွင်း ကုန်ကြမ်းယူ ၊ ကုန်ချောပေး aဆာင်ရွက်သော လက်ခစား လုပ်ငန်း CMP လုပ်ငန်း စက်ရုံ ၊ အလုပ်ရုံများတွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်ထိ လုပ်ငန်းယာယီ ရပ်နားထားရသည့် အ တွက် စက်ရုံဝန်ထမ်းများ၏ စက်တင်ဘာလ လုပ်ခလစာ ကို သက်ဆိုင်ရာ စက်ရုံများတွင် ထုတ်ပေးရန် တင်ပြခဲ့မှုအပေါ် COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်တီမှ ညှိနှိုင်းဆောင်ရွက်ရန် အကြောင်းကြားလာခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ပါတယ်။

 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်းပြီး CMP စက်ရုံလုပ်ငန်းရှင်များမှ ၎င်းတို့ စက်ရုံဝန်ထမ်းများကို သက်ဆိုင်ရာ စက်ရုံများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ (၉/၂၀၂၀) လစာ ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် အကြောင်းကြားသည်ဟု အဆိုပါ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

#MyanmarLabourNews

Read 727 times
Rate this item
(0 votes)