What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မုံရွေးရွာမှ မွေ့ယာလုပ်ငန်း

မုံရွေးရွာဆိုတာ စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာခရိုင်၊ မုံရွာမြို့နယ် အတွင်းကကျေးရွာတစ်ရွာပါ။ မုံရွာ မြို့ဆိုတာ စစ်ကိုင်းတိုင်းရဲ့ စီးပွား ရေးမြို့တော်ဖြစ်တဲ့အတွက် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းတွေဘက်စုံဖွံ့ဖြိုး တိုးတက်နေတာကိုတွေ့ရပါတယ်။

မုံရွာကတဆင့်အိန္ဒိယနယ်စပ်မြို့ ဖြစ်တဲ့မိုးရေးလ်ကိုသွားနိုင်ပြီး မြန် မာဘက်ကနယ်စပ်မြို့ဖြစ်တဲ့ တမူး မြို့ကိုလည်း စီးပွားရေးဆိုင်ရာအထောက်အကူကောင်းကို ပေးနိုင် ပါတယ်။ မုံရွာမြို့ကနေပြီးတော့ ဒေသထွက်ကုန်တွေ၊ အခြားနယ် တွေကကုန်စည်ကိုတင်ပို့ရောင်းချ ပေးနေပါတယ်။ နယ်စပ် ပို့ကုန် တွေထဲမှာ မွေ့ယာ၊ ဂွမ်းစောင်၊ ဂွမ်း ကပ်အိပ်ယာခင်း၊ ခေါင်းအုံးတွေ လည်းပါဝင်တာတွေ့ရပါတယ်။ အဲဒီကုန်တွေကိုမုံရွာမြို့နယ်အတွင်းက မုံရွေးကျေးရွာမှာ ပြုလုပ်နေတာ တွေ့ခဲ့ရပါတယ်။ မုံရွေးကျေးရွာ ဆိုတာမန္တလေးဘက်ကဆိုရင် မုံရွာ မရောက်မီ (၈) မိုင်အလိုမှာ တည် ရှိတဲ့ရွာတစ်ရွာပါ။ မန္တလေး-မုံရွာ အဝေးပြေးကားလမ်းနံဘေးမှာ တည်ရှိပြီး ချောင်းဦးမြို့ကိုကျော်လိုက်တာနဲ့ မုံရွေးရွာကိုတွေ့မြင် နိုင်ပါပြီ။ မုံရွေးနှင့် ကြေးမုံရွာကို တဆက်တည်းတစ်တွဲတည်းတွေ့ မြင်ရပေမယ့်ရွာကတော့မတူပါဘူး။ နှစ်ရွာစလုံးလက်မှုပညာထွန်းကား တာကတော့ထူးခြားမှုပါပဲ။ ကြေးမုံ ရွာမှာ မွေ့ယာ၊ စောင်၊ ခေါင်းအုံးလုပ် ငန်းအပြင်ကတ်ကြေး၊ မီးပူလုပ်ငန်း တွေကိုပါလုပ်ကိုင်နေကြပါတယ်။

ကုန်ကြမ်းပိတ်စများ
အိပ်ယာခင်း၊ မွေ့ယာတွေမှာ အသုံးပြုတဲ့ပိတ်စတွေကို တရုတ် ပြည်ရွှေလီအထိသွားရောက်ပြီးဝယ်ရ ပါတယ်။ မုံရွာ၊ မန္တလေးကုန်သည် တွေဆီကလည်းတဆင့်ပြန်ဝယ်လို့ ရပါတယ်။ တရုတ်နယ်စပ်အထိ ကိုယ်တိုင်သွားရောက်ကြသူတွေ လည်းရှိသလိုအဲဒီလို ကုန်သည်တွေ ကတဆင့်မှာယူလုပ်ကိုင်ကြတာ တွေလည်းရှိကြပါတယ်။ အများ ဆုံးအသုံးပြုရတာကတော့ ကတ္တီပါ ရောင်စုံအစတွေနဲ့ မွေ့ယာပိတ်စ တွေပါပဲ။ တရုတ်ပိတ်ထက်အရည် အသွေးကောင်းတဲ့ ပိတ်စတွေကို တော့ရန်ကုန်မှာဝယ်ကြတယ်လို့သိ ရပါတယ်။ ဒါပေမဲ့အမှာရှိတဲ့အခါ မှသာ အရည်အသွေးကောင်းပိတ်ကိုသုံးကြတာပါ။ အများအားဖြင့် တရုတ်ပိတ်စကိုသာသုံးဖြစ်ကြပါ တယ်။ တရုတ်ပိတ်စတွေက အ ရောင်အသွေးစုံပြီး ဈေးနှုန်းသင့် တာကြောင့်သုံးစွဲသူတွေရောလုပ် ကိုင်ကြတဲ့သူတွေရော အဆင်ပြေ မှုရှိကြပါတယ်။ ဂွမ်းစောင်ထူကြီး တွေလည်းပြုလုပ်ကြပါတယ်။ ကတ္တီပါ စောင်ကြီးတွေကို ဈေးနှုန်းသက် သက်သာသာနဲ့ လိုချင်တယ်ဆိုရင် မုံရွေး၊ ကြေးမုံရွာမှာရနိုင်ပါတယ်။ မွေ့ယာမှာထည့်သွင်းအသုံးပြုရတဲ့ မှို့တွေကိုဒေသထွက်အသုံးပြုကြတာ ကြောင့်မွေ့ယာများကိုလည်း ဈေး နှုန်းသင့်တင့်စွာဝယ်ယူရရှိနိုင်ပါတယ်။

ကုန်ကြမ်း မှို့များ
အဓိကကုန်ကြမ်းဖြစ်တဲ့မှို့ကို မန္တလေးမုံရွာကားလမ်းတစ်လျှောက် ကနေ ဝယ်ယူစုဆောင်းလုပ်ကိုင်ရ တာလို့ သိရပါတယ်။ မှို့အစစ်နဲ့ မွေ့ယာကိုလုပ်ကိုင်ကြတာဖြစ်ပြီး အချို့ကမှို့သီးသန့်သုံးတာကိုမကြိုက် တဲ့အတွက်မှို့နဲ့ဂွမ်းကပ်စတွေကို ရောပြီးသုံးတတ်ကြပါသေးတယ်။ နွေကာလမှာ လဲသီးပေါ်ချိန်ဖြစ် တဲ့အတွက်နေလှမ်းအစေ့ထုတ် သိမ်းထားပြီးအသီးတုန်းချိန်ရောက် ကာမှပြန်ထုတ်ရောင်းကြသူတွေ လည်းရှိကြပါတယ်။ သန့်စင်ပြီး သား မှို့အစစ်တစ်ပိဿာ ဈေးပေါ ချိန်တွင်၈၀ဝကနေ၁၀ဝ၀အတွင်းရှိ တတ်ပြီး၊ ဈေးတက်ချိန်တွင် တစ် ပိဿာ ၁၂၀ဝကနေ၁၅၀ဝအတွင်း ရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မွေ့ယာဈေးကွက်ရှိချိန်ဝါကျွတ် ကာလ၊ မင်္ဂလာဆောင်တဲ့ ကာလ တွေမှာ မွေ့ယာတွေ၊ ခန်းဝင်ပစ္စည်း တွေနဲ့အတူ မှို့ဈေးကောင်းလေ့ရှိ ပါတယ်။ ရာသီချိန်ရောက်ပြီဆို တာနဲ့ မုံရွေး၊ ကြေးမုံရွာဘက်မှာ မွေ့ယာလုပ်သားတွေနားချိန်တောင် မရအောင် အလုပ်များကြပါတယ်။ မွေ့ယာရောင်းတဲ့နေရာမှာသန့်စင် ပြီးသား မှို့အစစ်၊ ဂွမ်းကပ်နှင့်အ ရောခွဲခြားပြီး သူ့ဈေးနဲ့သူရောင်းလေ့ ရှိပါတယ်။
မွေ့ယာလုပ်ကြသူများ
ကြေးမုံရွာထက်စာလျှင်မုံရွေး ရွာက မွေ့ယာလုပ်ငန်းကိုပိုပြီး လုပ် ကိုင်ကြပါတယ်။ ကြေးမုံမှာဆိုရင် ပန်းပဲလုပ်ငန်းလိုအခြားလက်မှုလုပ် ငန်းတွေရှိကြပါတယ်။ မွေ့ယာ လုပ်ငန်းကိုရွာလုံးကျွတ်နီးပါးလုပ် ကိုင်ကြတယ်ဆိုပေမယ့် လူတိုင်း ကိုယ်ပိုင်လုပ်နိုင်ကြတာတော့မ ဟုတ်ပါဘူး။ အရင်းအနှီးတတ်နိုင် သူကလုပ်ငန်းထောင်ထားပြီးကျန်တဲ့ သူတွေက လက်ခစားဝင်လုပ်ကြတဲ့ သဘောပါ။ လုပ်ငန်းဆောင်ရွက် တဲ့နေရာမှာအစဉ်အဆက်လုပ်ကိုင် လာကြတဲ့ အလုပ်ဖြစ်တာကြောင့် တကူးတကသင်စရာမလိုဘဲနည်း နည်းလောက်ပြလိုက်တာနဲ့လုပ် တတ်ကိုင်တတ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုလည်းရှိကြပြီးပညာရပ် အတွက်အခက်အခဲမရှိဘူးလို့ဆို နိုင်ပါတယ်။ ဂွမ်းကပ်တွေကိုတော့ စောင်၊ အိပ်ယာခင်းတွေသာလုပ် ကြတာဖြစ်ပြီး မွေ့ယာအတွက်ကို တော့မှို့အစစ်ကိုပဲအသုံးပြုကြတာ ဖြစ်ပါတယ်။ ဂွမ်းကပ်ဆိုတာအ ထည်ချုပ်စက် ရုံတွေကနေပယ်လိုက် တဲ့အထည်ဖြတ်စတွေကိုပိတ်စကြိတ် တဲ့စက်အတွင်းထည့်လိုက်ရာက ထွက်လာတဲ့အမျှင်စတွေကိုခေါ် တာပါ။ လိုအပ်တဲ့ပိတ်ဖြတ်စတွေကို ရန်ကုန်မြို့အထည်ချုပ်စက်ရုံတွေ ကနေမှာလေ့ရှိပါတယ်။ ဂွမ်းကပ် စကိုသုံးပြီးတော့ဂွမ်းကပ်စောင်လုပ် တာပါ။ မွေ့ယာကိုလည်း အပျော့ ကြိုက်သူ၊ အမာကြိုက်သူ စိတ်တိုင်း ကျပြုလုပ်ပေးပါတယ်။ အော်ဒါမှာ ရင်အော်ဒါဈေးပေးရပါတယ်။ ဝယ် သူစိတ်ကြိုက်မွေ့ယာအမြင့်ကိုပြု လုပ်ပေးလေ့ရှိပါတယ်။ မွေ့ယာရဲ့ ပုံမှန်ဆိုဒ်က လေးလက်မလောက် ဆိုပေမယ့် အချို့က ခြောက်လက် မ၊ ရှစ်လက်မအမြင့်အထိမှာကြ တယ်လို့သိရပါတယ်။ ပြုလုပ်ချိန် ဟာ တစ်ရက်သာ ကြာပါတယ်။ မွေ့ယာလုပ်ငန်းမှာစက်ချုပ်သူ၊ မှို့ သွင်းသူ၊ ဖျာထိုးသူ အဲဒီလို သူ့အပိုင်းနဲ့သူခွဲလုပ်ကြတာကြောင့် မြန် မြန်လက်စသတ်နိုင်ပါတယ်။ ဖျာထိုးခြင်းဆိုတာက မွေ့ယာအနား မှာ အတွန့်တွေ ပန်းတွေကို လက် ချုပ်လိုက် ထိုးပေးတာကိုခေါ်တာ ပါ။ မွေ့ယာရဲ့ အလှလိုင်းလေးတွေ အနားကွပ်လေးတွေကိုစက်နဲ့ ချုပ် လို့မရတာကြောင့်လက်ချုပ် လိုက် ရပါတယ်။ နှစ်ယောက်အိပ် အော်ဒါ မွေ့ယာတစ်ထည်ကို မနက်မှာမယ် ဆိုရင်ညနေဘက်အပြီးလုပ်ပေးနိုင် ပါတယ်။ ပိတ်စချုပ်ပြီးသားရှိမယ် မှို့သန့်စင်ပြီးသားအဆင်သင့်ရှိနေ မည်ဆိုရင် တစ်ထိုင်တည်းနဲ့ နှစ် ယောက်အိပ်မွေ့ ယာတစ်ထည်ကို လုပ်ပေးနိုင်ပါတယ်။ မြန်တဲ့အတွက် အမြန်ကြေးပေးနေဖို့မလိုပါဘူး။

ဈေးကွက်အခြေအနေ
မှို့အစစ်နဲ့ပုံမှန်မွေ့ယာတစ် ခုကို ၆၀ဝ၀ဝ ကနေ ၈၀ဝ၀ဝအတွင်း ဈေးရှိပါတယ်။ ရန်ကုန်ဘက်က အ မှာတွေရှိတဲ့အခါသယ်ယူ ပို့ဆောင် စရိတ်ကိုမှာယူသူကပေးရပါတယ်။ မှို့အစစ်သန့်စင်ပြီးသားလိုအပ်မယ် ဆိုရင်အာမခံနဲ့လုပ်ကိုင်ဆောင်ရွက် ပေးနေပါတယ်။ ဒေသထွက်ပေါပါ များများရှိနေတဲ့လဲမှို့စစ်စစ်တွေ ကိုသာသုံးထားတာကြောင့်သုံးစွဲ ရသူအဖို့ စိတ်ချပြီးယုံယုံကြည်ကြည် သုံးနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင် တော့မွေ့ယာဟောင်းတွေ အသုံးပြု ပြီးသားမွေ့ယာတွေကလဲမှို့အ ဟောင်းကိုပြန်လည်အသုံးပြုတာ တွေရှိနေပြီးဈေးကလည်းကြီးပါ သေးတယ်။ မှို့စစ်စစ်အသုံးပြုဖို့မလွယ်သူတွေကတော့ စပရိန်မွေ့ယာ တွေ၊ ဆီလီကွန်မွေ့ယာ၊ ရေမြုပ်မွေ့ ယာစတာတွေကိုသုံးကြပါတယ်။ တချို့ကလည်းမှို့ထည့်တဲ့မွေ့ယာ ကိုမကြိုက်ကြပါဘူး။ တကယ်တမ်းကတော့သဘာဝအတိုင်း အ သုံးပြုထားတဲ့လဲမှို့မွေ့ယာက ကျန်းမာရေးနဲ့ညီညွတ်စေတာပါ။

မုံရွေးရွာမှာလုပ်နေတဲ့ မွေ့ ယာ၊ စောင်နဲ့ ခေါင်းအုံးလုပ်ငန်း တွေဟာလက်မှုပညာကို အခြေခံ တဲ့အလုပ်ဖြစ်တာကြောင့်ရွာရှိ လူ ကြီး၊ လူငယ်တွေအတွက် အလုပ် အကိုင်အခွင့်အလမ်းကောင်းတစ် ခုလို့ဆိုရမှာပါ။ နိုင်ငံတော်ရဲ့ တစ် ရွာတစ်ဒေသထွက်ကုန်တစ်မျိုး စီမံချက်ကိုလည်းအားဖြည့်ပေးရာ ရောက်တယ်လို့ထင်မြင်မိပါတယ်။

 

လှမင်းနိုင်

Read 2598 times
Rate this item
(0 votes)