What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပထမဆုံးအကြိမ် လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး(Occupational Safety and Health) အွန်လိုင်းသင်တန်း ကျင်းပခဲ့

LIFT Myanmar ၏ပံ့ပိုးကူညီမှု ActionAid Myanmar မှ Safe Migration for Decent Work in the Peri-Urban Areas of Yangon (SECURE) စီမံကိန်းအကောင်အထည်လျက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှကြီးမှူးကျင်းပသော

လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health)သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ အွန်လိုင်းမှ တစ်ဆင့် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပါသည်။

 

 

သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ အထည်ချုပ်စက်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ပြုလုပ်ဆောင်ရွက်ထားသင့်သော အချက်များ ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သောဥပဒေများ၊ ‌ဘေးအန္တရာယ်အကဲဖြတ်မှုများ(Risk Assessments)၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုများ၊ Safety toolbox များအကြောင်းကို ပိုမိုသိရှိစေရန် ဖြစ်ပါသည်။ MGMA၏ တာဝန်ရှိသူများမှ ပထမဆုံး ကျင်းပပြုလုပ်သော အွန်လိုင်းသင်တန်းတွင် ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆင်းအမှာစကားများ ချီးမြှင့်ပြောကြားပေးကြပြီး အဆိုပါ (၄) ရက်သင်တန်းသို့ အထည်ချုပ်လုပ်ငန်းစက်ရုံများမှ စုစုပေါင်း (၃၀) ယောက် တက်ရောက် သင်ကြားခဲ့ပါ သည်။

 

#Myanmar Garment Manufacturers Association

Read 647 times
Rate this item
(0 votes)